6@

1.5K 126 12
                                    

မနက်ခင်းအိပ်ရာနိုးလာတော့ညကသောက်ထားတဲ့အရှိန်ကြောင့်ခေါင်းကနောက်ကျိကျိဖြစ်နေတာပေါ့

"စိတ်လန်းသွားအောင်ရေအရင်ချိုးလိုက်သည်

ရေချိုးပြီးအဝတ်စားလဲကာကုတင်ပေါ်တွင်ထိုင်လိုက်ပြီးရေစိုနေသောခေါင်းကိုသုတ်နေရင်းဘေးနားကစာပွဲပေါ်အကြည့်ရောက်မိတော့ မြင်လိုက်ရတဲ့အရာများ

ချက်ချင်းဆိုသလိုထိုနေရာသို့သွားပြီးကြည့်လိုက်တော့ပုဝါလေးတစ်ခုရယ်စာအုပ်တစ်အုပ်ရယ်

"ဟင် "

"ဒါကဘာတွေလဲ ဘာလို့ငါ့ဆီရောက်နေတာလဲ"

ပုဝါလေးကိုကိုင်ကြည့်လိုက်တော့ ပုဝါရဲ့အောက်စွန်းနားလေးမှာjkတဲ့

"ဒါငါ့ပုဝါလေးပဲ "

ပုဝါကိုခဏချထားပြီး စာအုပ်ကိုယူလိုက်တော့မြင်လိုက်တာက  စာအုပ်အောက်မှာရှိနေတဲ့စာရွက်လေးတစ်ရွက်

ချက်ချင်းပဲစာရွက်လေးကိုယူပြီးဖတ်လိုက်တော့

ပိုင်ရှင်မရှိတဲ့ထိုအရာလေးတွေကို သက်ဆိုင်တဲ့မင်းဆီငါ့ပို့ပေးခဲ့တယ် မင်းဒါကိုဖတ်ပြီးနောင်တမရဖို့ငါမျှော်လင့်တယ်"

စာကိုဖတ်ကြည့်ပြီးသူဘာမှနားမလည်သေး

"ဟင် ဘာတွေပြောနေတာပါလဲ"

တွေးနေတာကိုခဏရပ်ပြီး စာအုပ်လေးကိုဖတ်ရန်လှန်လိုက်တော့ မြင်လိုက်ရတဲ့လက်ရေးလှလှလေး

"ဒါရေစက်ပဲလား ဂျီမင်းမိတ်ဆက်ပေးတဲ့သူက
ငါဝမ်းနည်းပြီးထိုင်ငိုနေတဲ့ချိန်မှာ ငါ့ရှေ့လာရောက်လာပြီးနှစ်သိမ့်စကားလေးဆိုကာမျက်ရည်တွေသုတ်ဖို့သူ့ဆီမှာပါလာတဲ့ပုဝါလေးကိုပေးခဲ့သူတဲ့လား ငါသူ့ကိုထပ်တွေ့ချင်လိုဆုတောင်းနေခဲ့မိတာခုငါ့ဆုတောင်းတွေပြည့်ခဲ့ပြီပေါ့ သူ့ရဲ့နာမည်က Jeon Jung Kook တဲ့လေ"

ပထမစာမျက်နှာလေးကိုဖတ်ပြီးလိုက်ချိန်မှာအံ့သြမှုတွေအပြည့်နဲ့ ပေါ့

"ဟင် ဒါယောင်းရဲ့စာအုပ်ပဲ "

စာအုပ်ထဲရှိတဲ့အကြောင်းရာတွေကိုသိချင်လာတာကြောင့် ဆက်ဖတ်လိုက်သည်
"နွေးထွေးမှုအပြည့်ပါတဲ့အပြုံးလေးနဲ့နှစ်သိမ့်ပေးခဲ့သူ့ကိုမြင်မြင်ချင်းချစ်မိသွားတယ်ဆိုယုံမလားဂျွန်"

BRAIN & HEART ( Completed )Donde viven las historias. Descúbrelo ahora