11@

1.1K 79 2
                                        

ဟယ်ရာကိုထားခဲ့ကာထွက်လာခဲ့ပြီးနောက် ယောင်းကိုရှင်းပြရန် ယောင်းအိမ်သို့သာကားကိုမောင်းထွက်လာခဲ့လိုက်သည်

ယောင်းအိမ်ရှေ့ကိုရောက်တော့

"ယောင်းရဲ့ကားကခြံထဲမှာပဲရှိနေတော့ ယောင်းအိမ်မှာပဲရှိနေလောက်တယ် ယောင်းမာမီကလည်းခုချိန်ဆိုအိမ်မှာမရှိဘူးဆိုတော့ ငါခြံထဲဝင်သွားရမလား"

" ခုချိန်ယောင်းကိုရှင်းပြဖို့အခွင့်ကောင်းပဲ"

"ဟုတ်တယ် ငါဝင်သွားရမယ် ဒါမှယောင်းကိုရှင်းပြလို့ရမှာ "

ခြံတံခါးပေါ်ကျော်တက်ပြီးအိမ်ထဲသို့ဝင်လာလိုက်သည်

"ယောင်းစီးနေကျဖိနပ်လေးကိုမြင်တော့

"ယောင်းအိမ်မှာရှိနေတာသေချာပြီပဲ"

"ယောင်း"

"ယောင်းရေ"

ထိုစဥ်ထမင်းစားခန်းထဲမှထွက်လာသောယောင်းဆီမှကြားလိုက်ရတဲ့စကားသံ

"ခင်ဗျားကျွန်တော့်အိမ်ကိုဘာလာလုပ်တာလဲ

"ဘယ်လိုလုပ်ပြီးအိမ်ထဲဝင်လာတာလဲ"

"ကိုယ်ယောင်းအထင်လွဲနေတာလေးရှင်းပြချင်လို့ ခြံတခါးပေါ်ကျော်တက်ပြီးဝင်လာတာ"

"ဘာကိုရှင်းပြမှာလဲ ကျွန်တော်ဘာမှအထင်လွဲစရာအကြောင်းလဲမရှိဘူး"

"ခင်ဗျားမေ့နေတာလား ကျွန်တော့်နဲ့ခင်ဗျားဆက်ဆံရေးက အထင်လွဲစရာလည်းမလိုဘူး ရှင်းပြစရာလည်းမလိုတဲ့ဆက်ဆံရေး"

"ခင်ဗျားနဲ့ကျွန်တော်ကမသက်ဆိုင်တော့တာ လွန်ခဲ့တဲ့သုံးနှစ်ကတည်းက "

"ကျွန်တော့်ခြံထဲခုလိုခိုးကြောင်ခိုးဝှက်ဝင်လာတဲ့ခင်ဗျားကိုကျွန်တော်ရဲတိုင်လိုက်လို့ရတယ်"

"ခင်ဗျားအဖမ်းမခံချင်ရင်ခုချက်ချင်းကျွန်တော့်အိမ်ထဲကထွက်သွား"

ထိန်းမနိုင်တဲ့မျက်ရည်တွေအဆက်မပြတ်စီးကျကာယောင်းရှေ့ဒူးထောက်လိုက်တော့

"ခင်ဗျားဒါဘာလုပ်တာလဲ"

"ယောင်းရဲတိုင်မယ်ဆိုလည်းတိုင်လိုက်ယောင်း ကိုယ်ယောင်းပေးတဲ့အပြစ်မှန်သမျှကိုကိုယ်ခံယူမှာ"

BRAIN & HEART ( Completed )Donde viven las historias. Descúbrelo ahora