"မောင် ငါလက်ထပ်တော့မယ် အာ့ကြောင့်ငါတို့နှစ်ယောက်ရဲ့ဇာတ်လမ်းကိုဒီမှာတင်ပဲအဆုံးသတ်လိုက်ရအောင်"
ဘာ!!!
jkမှာအံ့သြမှုတွေရောဒေါသစိတ်တွေရောပြီးပေါက်ကွဲလေတော့သည်
မင်းငါ့ဘဝထဲကိုဝင်ချင်တိုင်းဝင် ထွက်သွားချင်တိုင်းထွက်သွားလိုက်နဲ့ မင်းဘာအချိုးတွေချိုးနေတာလဲဂျယ်အင်း
"ဟက်"
"မောင် နင်ကအရမ်းအတာပဲ"
မချစ်လို့လမ်းခွဲခဲ့ပြီးထားခဲ့တဲ့သူတစ်ယောက်ကို ချစ်နေသေးတယ်လို့ပြောလိုက်တာနဲ့ချက်ချင်းပြန်လက်ခံတာပဲနော်
မောင့်ကိုမချစ်တော့တာကြာပြီ ဒီကိုပြန်လာတုန်းအပျင်းပြေကစားလို့ရအောင် ချစ်နေသေးတယ်လို့ပြောကြည့်လိုက်တော့ချက်ချင်းပြန်လက်ခံတာနဲ့ပျော်အောင်ကစားပေးလိုက်တာ
ငါ့ရဲ့ခံစားချက်တွေအကုန်သိရပြီဆိုတော့ခွင့်ပြုပါအုံး မောင်...
jkမှာကိုယ့်ကိုကစားစရာလို့သတ်မှတ်ပြီးလှည့်စားတာကြောင့်ဒေါသအလွန်ထွက်နေတာပေါ့
coffeeဆိုင်တံခါးနားသို့ရောက်နေတဲ့သူမကိုလှမ်းခေါ်လိုက်တော့သူမကလှည့်ကြည့်လာသည်
"လီဂျယ်အင်း!!"
ချက်ချင်းသူမအနားကိုထသွားပြီး
"ဟက်..ဒီလိုလွယ်လွယ်လေးပြောပြီးထွက်သွားလို့ရမယ်ထင်လား"
"ဟားးး..သိပ်ရတာပေါ့ မောင်က ကျွန်မတွက်လွယ်ကူလွန်းတယ်လေ"
"ဖြောင်း~ဖြောင်း~"
ဒေါသထွက်ပြီးသူမကိုပါးနှစ်ချက်ရိုက်၍
"ဂျယ်အင်း မင်းက ငါရဲ့အချစ်ဦးမို့လို့ မင်းကိုချစ်လို့ ငါလွယ်လွယ်နဲ့ပြန်လက်ခံခဲ့တာ မင်းဆီကိုငါပြန်လာရဖို့ ငါ့ပေါ်ကောင်းပေးတဲ့တစ်ယောက်သောသူကိုတောင်ငါမရွေးချယ်ခဲ့ဘူး မင်းကိုလွယ်လွယ်နဲ့ပဲယုံပြီးငါရွေးချယ်ခဲ့တာ"အဲ့တာမင်းသိရဲ့လား!!!!
ဒေါသထွက်ပြီးရင်ထဲရှိတာတွေအော်ပြီးပြောမိနေရဲ့
"မင်းကငါ့အချစ်နဲ့မတန်တဲ့သူဆိုတော့ အရင်တစ်ခါထားသွားတုန်းကလိုပြိုလည်းနေမှာမဟုတ်ဘူး မင်းနဲ့ပတ်သတ်တဲ့ငါ့ခံစားချက်တွေကိုဒီနေ့ကစပြီးအကုန်ရှင်းထုတ်ပြစ်တော့မယ်"
YOU ARE READING
BRAIN & HEART ( Completed )
Romanceငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ Zawgyi~~ ငါ့ရဲ့ဦးနှောက်ကမင်းကိုငြင်းဖို့အကြိမ်ကြိမ်ပြောနေပေမဲ့ ငါ့နှလုံးသားလေးကတော့မင်းကိုလက်ခံချင်သေးတယ်တဲ့ JEON JUNG KOOK ×KIM TAE HYUNG Top-koo...