12@

992 72 6
                                    

ယောင်းဆီကပြန်လာပြီးကတည်းကယောင်းနဲ့မတွေ့ဖြစ်တာ5ရက်ရှိနေပြီ ယောင်းဘက်ကလဘ်းမဆက်သွယ်လာသေးဘူး သွားတွေ့ချင်ပေမဲ့ ယောင်းရဲ့စကားကိုနားထောင်ရမယ်လေ ယောင်းတွေ့ချင်တဲ့အချိန်မှသာသွားတွေ့တော့မယ်

"ဟူးလွမ်းလိုက်တာယောင်းရယ်"

ယောင်းကိုလွမ်းနေတုန်းကြားလိုက်ရတာကမာမီအသံ

"သား ထမင်းစားမယ်လေ မာမီစောင့်နေမယ်"

"ဟုတ်မာမီသားလာခဲ့မယ်"

ထမင်းစားခန်းသို့ရောက်တော့

"လာစားသား သားကြိုက်တဲ့ဟင်းတွေကြီးပဲမာမီချက်ထားတယ်"

"ဟုတ်"

"သားဒီတစ်ပတ်သောကြာနေ့ဆိုသားနဲ့ဟယ်ရာစေ့စပ်ပွဲရှိတယ်နော်"

"ဗျာ "

"ဒါဆိုသုံးရက်ပဲလိုတော့တာပေါ့"

"ဟုတ်တယ်သား"

"သားဘာမှမသိရပါလား သားကိုအသိမပေးပဲ မာမီတို့စိတ်ကြိုက်စီစဥ်နေကြတာပဲ"

"စေ့စပ်ပွဲကဘာလို့ခုလောက်ထိမြန်မြန်စီစဥ်နေရတာလဲ"

"ဟယ်ရာတို့ဘက်ကအမြန်စီစဥ်ချင်တယ်ပြောလို့ပါသားရဲ့"

"ဟက် ကြိုက်သလောက်စီစဥ်ပေါ့ သားကတော့အဲ့စေ့စပ်ပွဲကိုမရမကဖြတ်ပြစ်မှာ"

"သားဒယ်ဒီတို့မာမီတို့ကိုအရှက်ရအောင်မလုပ်ပါနဲ့ "

"သားကောင်းဖို့အတွက်စီစဥ်တာပါ"

"သားကောင်းဖို့အတွက်မဟုတ်ဘူး ဒယ်ဒီတို့မာမီတို့ကဂုဏ်ပုဒ်တစ်ခုကိုလိုချင်နေလို့ သားကိုသူတို့ဆီထိုးအပ်နေတာ"

"သားမာမီတို့စေတနာကိုမစော်ကားနဲ့"!!!!!!

"သားစော်ကားတာမဟုတ်ဘူးမာမီ မှန်တာတွေပြောပြနေတာ"

"ဖြောင်း!!"

တစ်ခါမှလက်နဲ့တောင်မရွယ်ဘူးတဲ့မာမီက ကျွန်တော့်ကိုရိုက်လိုက်တယ်

အံ့သြမှုနဲ့အတူမာမီကိုကြည့်လိုက်တော့

"သား"

"မာမီ ဒေါသထွက်ပြီးရိုက်လိုက်မိတာပါ"

"မာမီကိုစိတ်မဆိုးပါနဲ့"

BRAIN & HEART ( Completed )Where stories live. Discover now