ကျနော် သတိမေ့နေတာ ၂ရက်လောက်ရှိ့ပြီလို့ ကျနော့်ကို လာစောင့်ရှောက်ပေးတဲ့ကောင်မလေးပြောလို့ သိရပေမယ့် ကျနော့်ကိုတော့ ခုချိန်ထိ သူလာမတွေ့ပါ။ သတိရတဲ့အချိန်တည်းကရောက်နေတာက အေးစက်တဲ့မြေအောက်ခန်း မဟုတ်သလို မာကျောတဲ့သံကုတင်လည်း မဟုတ်ပါဘူး အဲ့ဒီ့အစား မျက်နှာကြက်အဖြူရောင်အပြင် ပြာနုရောင်ဆေးသားတို့က နံရံမှာ သေသပ်လှပစွာရှိ့နေခဲ့တယ် ။ ကျနော့်ကို အမြဲတစေစောင့်ကြည့်နေမယ့် ခပ်တောင့်တောင့်မိန်းမတစ်ယောက်နဲ့ ဝေယာဝိစ္စလုပ်ပေးနေတဲ့ ကောင်မလေးကလွဲရင် ကျနော့်ခန္ဓာကိုယ်မှာ အချုပ်အနှောင်ဟူ၍မရှိ့ ။
ကျနော်လမ်းစရှောက်နိုင်တဲ့အချိန်ကစပြီး အမြဲသွားကြည့်မိနေတဲ့နေရာက အခန်းထဲကတစ်ခုတည်းသော မှန်ပြတင်းပေါက်လေး အဲ့ကနေပထမဦးဆုံးထွက်ပေါက်ကို ကြည့်မိတော့ ဘေးကကောင်မလေးက ကျနော်ရောက်နေတာ ဒီအိမ်ရဲ့ အပေါ်ဆုံး ၅ထပ်မြောက်မှာလို့ပြောတယ် ကျနော်အဲ့ကနေမှန်ကို ခွဲပြီး ခုန်ချရင် သေနိုင်လောက်တာပေါ့နော် ဒီနည်းတော့မဖြစ်သေးဘူးသခင်ရေ....ကျနော်သေရင် သခင့်က်ု ဘယ်လိုတွေ့ရပါ့
ဒီနေ့ကတော့ အခန်းထဲမှာ အချိန်ကုန်နေတာ ၁၀ရက်မြောက်တဲ့နေ့ ကျနော့်တွက်တော့ ဒီအချိန်တွေက ငရဲလား နိဗာန်လားတောင်မသိတော့ဘူး အကူကောင်မလေးက တစ်ခါတစ်လေ စကားပြောပေမယ့် ခပ်တောင့်တောင့်မိန်းမကတော့ ကျနော့်ကိုကြည့်နေရုံကလွဲရင် မတ်တပ်ကြီးသေနေသလိုပင် အဲ့အတွက်ကျနော့်မှာ အချိန်တွေသာရေတွက်နေရုံပင် ခုချိန်သခင်ရော သက်သာရဲ့လား သတိရောရပြီလားဟင် အစားကောဝင်အောင်စားရဲ့လား တွေ့ချင်လိုက်တာ သခင်ရယ်...
12ရက်မြောက်တဲ့နေ့မှာ ကျနော် နေအတော်ကောင်းလာပါပြီ ဆီးခုံကသေရာပါအမှတ်အသားလည်း နေသားကျနေသလို အစားလည်းပိုဝင်လာပါတယ် ထူးခြားတာက ဒီနေ့ထိ နတ်ဆိုးမ၀င်သေးတာပဲ
13ရက်မြောက်နေ့မနက်ခင်းမှာပဲ အကူကောင်မလေးကပြောတယ် နှုတ်ဆက်တယ်နော်တဲ့ ခပ်တောင့်တောင့်မိန်းမကတော့ ပြုံးပြသွားတယ် ဒီအခန်းထဲမှာကုန်ဆုံးခဲ့တဲ့၁၃ရက်မြောက်အတွင်း ပထမဦးဆုံးအပြုံးပါ ခုတော့ ကျနော်တစ်ယောက်တည်းရယ် ကုတင်ပေါ်ကဆင်းပြီး ပြတင်းပေါက်နား ဖြေးဖြေးချင်းသွားတယ် ရောက်တော့လည်း လုပ်နေကျအတိုင်းအောက်ကိုငုံ့ကြည့်မိတယ်.....မဖြစ်သေးပါဘူး သခင်ရယ်