အပိုင်း ၁၈

1.2K 32 10
                                    

ဒီနေ့နဲ့ဆို ချေသတိမေ့နေတာ ၁လတိတိရှိနေပြီ  ဟိုနေ့က ကုတင်တိုင်နဲ့ သူ့ခေါင်းနဲ့ကို အဆက္မပြတ် ပစ်ဆောင့်ခဲ့တာ ကျနော့်မှာကြောင်ကြည့်နေမိတဲ့အထိလေ အကျိုးဆက်ကတော့ ခုထိချေမနိုးလာသေးတာပါပဲ  ခုအိမ် ခဏပြန်တုန်းဆေးရုံကဖုန်းဆက်လာတယ် ချေ့လက်လေးတွေလှုပ်လာတယ်တဲ့လေ ကျနော့်မှာအပြေးလာခဲ့ရပေမယ့် မမှီပါဘူး  ကျနော့်ရောက်လာတော့ ချေကပြန်ငြိမ်နေပြီလေ ကျနော့်မှာမျက်ရည်ကျတာအပြင် ဘာတတ်နိုင်မှာလဲ ခုအဖြစ်အပျက်တွေအားလုံးက ကျနော့်ကြောင့် ဆိုတာသေချာသိပေမယ့် ကိုယ့်ကိုမချစ်တဲ့တခြားတစ်ယောက်ရဲ့အရေးစိုက္မှုကို လိုချင်နေတဲ့သူတိုင်း နားလည်ပေးနိုင်မယ်လို့ ကျနော်ထင်ပါတယ်

နောက်၅ ရက်လောက်နေတော့ ချေ့လုံးလုံးသတိရလာပါတယ် ဒါပေမယ့်

ကျနော်ကဘယ်သူလဲဟင်

ဟုတ်ပါတယ် ချေက ရိုက်ခိုက္မှုဒဏ်ကြောင့်အတိတ်မေ့သွားတာပါ သူ့ကိုယ်သူရောအပြင် သူချစ်တဲ့သခင်ကိုပါ လုံး၀မေ့သွားတာပါ ကျနော့်ကိုဆိုရင်တော့ စကားထဲထည့်ပြောဖို့တောင် လိုမယ်မထင်ပါဘူး ကျနော်အဲ့အချက်ကို ဆေးရုံမှာကုသမှုခံယူနေတုန်း အခွင့်ကောင်းယူပြီး နူးညံ့ချိုမြိန်တဲ့အချစ်နဲ့ ချေ့အချစ်ကိုရဖို့ ကြိုးစားခဲ့ပါတယ် ဒါပေမယ့် ချေဟာ ဉာဏ်ကောင်းပြီးခေါင်းမာတဲ့ကလေးလေး ဖြစ်နေတုန်းပါပဲ သူဟာအတိတ်မေ့နေတဲ့ လူတစ်ယောက်ဆိုတာ သေချာသိသွားတဲ့ကလေးဟာ ကျနော့်နဲ့ သူနာပြုတွေကို သိပ်မယုံကြည်တော့ပဲ သတိထားနေလာတာ တွေ့ရပါတယ်  နောက်ဆုံးတော့ ကျနော်ဟာ ဘီးလူးခေါင်းပြန်ဆောင်းလိုက်ရတာပဲ

ချေ ခုကစပြီး မပြောတာတွေသေချာနားထောင်စေချင်တယ် ရော့ ဒီအယ်ဘမ်လေးကို ကြည့်ကြည့် ဒီထဲမှာ ချေ မဆီရောက်တဲ့နေ့ကစပြီး ဒီနေ့ထိ အမှတ်တရတွေအကုန်ရှိတယ် နောက်ပြီးချေမှတ်ထားရမှာက မ ချေကိုဒီနေ့နောက်ဆုံးပဲ ချော့ပြောတော့မှာ ခု မပြောတာတွေကို နားလည်လားကလေး

ကျနော်ပြောတွေကို မျက်လုံးအ၀ိုင်းသားနဲ့ နားထောင်နေတဲ့ ချေရဲ့တုံ့ပြန်မူ့ကို စောင့်မနေတော့ဘဲ ကျနော်လိုရာကိုပဲဆက်ပြောလိုက်တယ်

You've reached the end of published parts.

⏰ Last updated: Sep 10, 2023 ⏰

Add this story to your Library to get notified about new parts!

365(လှည့်​စားမူ့)Where stories live. Discover now