part (16)

1.5K 52 21
                                    

အဆိုးလေးရေ ခု ဘယ်နေရာမှာ ဘယ်လိုနေနေလဲဟင် ကိုယ်ဒီအခြေအနေတွေကို ကြည့်ရုံနဲ့ ရိပ်မိပါတယ် ကလေးရယ် အဆင်မပြေဘူးဆိုတာလည်းကိုသိနေတယ် ဒါပေမယ့် ဒါပေမယ့် ကလေးရယ် ကိုယ် သူ့ကိုမယှဥ်နိုင်သေးဘူး ကိုယ်မွေးရပ်မြေကို ပြန်ဖို့ရွေးချယ်လိုက်တာက အဆိုးလေးတွက်ရော ကိုယ့်တွက်ရော အကောင်းဆုံးရွေးချယ်မူ့လို့ ကိုယ်ထင်တယ် ခဏပဲ ခဏလေးပဲသည်းခံပြီးနေပေးပါနော် ကိုယ်အကောင်းဆုံးကြိုးစားပြီး ပြန်လာခေါ်မယ် ချစ်တယ် အဆိုးလေးရယ် ပြီးတော့ ကိုယ် အရမ်းလွမ်းတယ်

                                           အဆိုးလေးရဲ့ သခင်

ကျနော်စာခေါက်လေးကို အပြင်မှာစောင့်နေတဲ့ အစောင့်တစ်ယောက်ကို ပေးခဲ့လိုက်တယ်

'မင်းတို့ရဲ့ သူဌေးကို နွေးက ဒီစာလေး အဆိုးလေးကိုပေးပေးဖို့ တောင်းဆိုပါတယ်လို့ ပြောပေးပါနော် သူသာ လူကြီးလူကောင်းဆိုရင် သူဖွင့်မဖတ်ဘဲ အဆိုးလေး လက်ထဲထည့်ပေးပါလို့ ပြောပေးပါ ငါသူ့လက်ထဲမှာ ကလေးကို စိတ်ချပါရစေလို့ ´

'သမီး နွေး  အမေတို့ သွားကြရအောင် ´
'ဟုတ် အမေ ´

'စိတ်ချပါရစေ ´

......................

3 လခန့်ကြာသော်

' ဒေါက် ဒေါက် ချေ ချေရေ ထမင်းစားကြရအောင်လေ အောက်ဆင်းခဲ့တော့နော် ´
'ဟုတ် လာပြီ ´
'ချေ ထမင်းစားခါနီး blackကို ချီလာပြန်ပြီလား သွားလက်ဆေး ´
'မကလည်း black က ချေ့အခန်းထဲပဲနေတာပါ သန့်ပါတယ်ဗျ ´

'မရဘူးချေ ဆေးဆိုဆေးနော် မဟုတ်ရင် မ blackကို cageထဲ ထည့်လိုက်မှာ´

'အဲ့လိုတော့ မလုပ်ပါနဲ့ ဆေးပြီနော် ´
'မ´
'ဟင် ပြောလေ ချေ ´
'လက်ထိပ်ကြီး ဖြုတ်ပေးနော် ထမင်းစားမို့ ´
'omm ဒါလေးနယ်ပြီး ဖြုတ်ပေးမယ်နော် ချေပဲ အာလူးထမင်းစားချင်တယ်ဆို မကိုယ်တိုင်လုပ်ထားတာနော် ကုန်အောင်စားရမယ်ကြားလား ပေါက်စ ´
'ဟုတ် ´
'ကဲ လာ ဖြုတ်ပေးမယ် ... ရပြီ စားတော့ ´
' မ...´
'ပြောလေ ချေ ´
'ကျနော် ဒီနေ့ မစာကြည့်ခန်းထဲ သွားချင်လို့ ရလား ´
'ရတယ်လေ ချေ ၀င်နေကြပဲလေ ဖတ်ချင်တဲ့ စာအုပ်ရှိ့သေးလား မ ဆေးရုံက အပြန်၀ယ်ခဲ့မယ် ´
'ဟင့်အင်း မစာအုပ်တွေတောင် ကျနော် အကုန်မဖတ်ရသေးဘူး မဆီက Eng စာအုပ်တွေပိုများတယ်ဗျ ကျနော်တချို့ဟာတွေဆို နားမလည်ဘူး ´
'နောက်မှ မ ဖတ်ပြမယ် ´
'omm ကျနော်၀ပြီ လက်ထိပ်ပြန်ခတ်လို့ရပြီ ´
'တော်ပြီချေ ချေကို လက်ထိပ်ခတ်ပြီး မထားတော့ဘူး မ ချေကို ယုံလိုက်တော့မယ် ´
'မရယ်......
ကျနော်သူ့ကို ပွေ့ဖက်လိုက်မိတယ်
'ကဲ ချွဲမနေနဲ့တော့ မ သွားတော့မယ် နောက်ကျတော့မယ်ရယ် ချေက အိမ်မှာ လိမ်လိမ်မာမာ နေမယ်မှတ်လား ´
'Yes Sar hee...´
'အတတ်ကလေး မ စိတ်ချမယ်နော် ´
'omm မ တာ့တာ ´
မ သွားတော့ ကျနော် စာကြည့်ခန်းရှိ့ရာအထပ်ဆီ တက်လာခဲ့တယ် ပြီးတော့ ဟိုနေ့က ဖတ်လက်စ စာအုပ်ကိုယူပြီး ပြန်ဆင်းမယ်အလုပ်
' ဟော့ ကိုblack တို့ကတော့ ရောက်ချလာပြန်ပြီ ဒီအခန်းထဲ မက ၀င်တာ မကြိုက်ဘူးရှင့် ဟေ့ ဘယ်ဟာတွေသွားဆွဲနေတာတုန်း မိုးမီးလောင်အောင် လုပ်နေတာလား ဒီငမွှေထိုးကတော့

365(လှည့်​စားမူ့)Where stories live. Discover now