'ထမင်း အဆင်သင့်ဖြစ်ပါပြီ အမရာ ´
'Omm လာခဲ့မယ် ´
အလုပ်အခန်းရှေ့ကခွေးပေါက်လေး အသံကြောင့် ကျနော်လုပ်လက်စတွေကို လက်စသတ်ကာ ထမင်းဝိုင်းသို့ထွက် လာခဲ့သည်
ကျနော့်ကို ထမင်းထည့်ပေးကာ ထွက်သွားဖို့ပြင်နေတာမို့'ဟေ့ ဘယ်လဲ လိုတာလုပ်ပေးဖို့အနားမှာနေလေ လေးဘက်ထောက်ထား မျက်နှာမော့မလာနဲ့ နင့်မျက်နှာမြင်ရင်ငါထမင်းစားပျက်လိမ့်မယ် ´
လက်ရာကတော့ မဆိုးပါဘူး စားဝင်သည် ဒါပေမယ့်အကောင်းကြီးထဲတော့ပါမနေပါ ကျနော်လည်း စားသောက်ပြီးတာနဲ့
'ဗိုက်ဆာလား ခွေးမလေး ´
'ဟုတ်ကဲ့ ဆာပါတယ် ´
ကျနော့်ပန်းကန်ထဲကျန်နေသည့် ထမင်းတချို့နဲ့ ဟင်းအနည်းငယ်ကို ကြမ်းပြင်ဆီ ကြဲချပေးလိုက်သည်
'တစ်လုံးချင်းကောက်စား ´
အရင်လိုအူတူတူပြန်မကြည့်တော့ဘဲ ခိုင်းတဲ့အတိုင်းလုပ်နေပြန်သည် ကျနော့်မျက်ဝန်းထဲ ပြည့်လာတဲ့အရည်ကြည်တွေကို ပြင်ပသို့ ထွက်မလာအောင်တားဆီးပစ်လိုက်ပြီး
´၀ပြီလား ´
'ဟုတ်ကဲ့ ၀ပါပြီ ´
'ရေကောသောက်ချင်သေးလား ´
ထိုစကားနောက် ပြန်ဖြေသံက ခေတ္တတိတ်ဆိတ်နေပြန်သည် ထို့ကြောင့်
'ခွပ် ´
'အ့ ´
'ဖြေလေ ဘာလဲ နင့်ဘ၀ကိုမေ့သွားတာလား အေးထပ်ပြောလိုက်မယ် ငါ့ခွင့်ပြုချက်မပါဘဲ နင့်ဘ၀ကိုပြောင်းချင်တိုင်းပြောင်းခွင့်မရှိ့ဘူးမှတ်ထား ´
ကျနော့်နဖူးထံ ဆစ်ခနဲ့ပူထူမူ့နောက် လက်ဖြင့်စမ်းမိတော့ ကပ်ပါလာသောသွေးတချို့ အရှိန်ဖြင့်ပစ်ပေါက်လိုက်သော ခရမ်းထံမှ ဒဏ်ရာတစ်ခု
'ပေကပ်ကပ်နဲ့ နင်ငါ့နောက်လိုက်ခဲ့ အခု ´
သူဦးဆောင်ပြီး ရှေ့ကသွားကာ ဧည့်ခန်း၌ရပ်သွားသည် သူ့ခြေလှမ်းတို့ ရပ်လိုက်တာမို့ ကျနော်လည်းရောကိတဲ့နေရာမှာပင်ရပ်လိုက်ပြီး ဒူးထောက်လိုက်သည်