"တောက်စ် ..မင်းကလျှာစောင်းထက်လွန်းနေတာပဲ ငါပိတ်ပေးရမှာပေါ့ "
"ဟတ်..ကျနော်ကလည်းသခင်ကလွဲရင်ဘယ်သူ့ကိုမှ ခေါင်းငုံခံမှာမဟုတ်ဘူး ခင်ဗျားစမ်းကြည့်ပေါ့"
"အခုရော ဘာတတ်နိုင်သေးလဲ ပြောစမ်းပါအုန်း"
ထိုမိန်းမက ကျနော့်ပါးစပ်ကို တစ်ခုခုနဲ့လာပိတ်သည် ကျနော်အားကုန်ရုန်းပေမယ့်လည်း ချုပ်နှောင်ထားသောအရာများကြောင့် အဆင်မပြေပါ ပါးစပ်ထဲရောက်လာသောအရာကို ကျနော်ခန့်မှန်းကြည့်သောအခါ gagဖြစ်ဖို့များသည် မာကျောသောအရာဝတ္ထုဖြစ်သည့်အပြင် ခေါင်းနောက်မှမျော့ကြိုးကို တင်းတင်းဆွဲလိုက်သောကြောင့် ကျနော်လုံးဝသူ့ကိုစကားပြန်မပြောနိုင်တော့ပါ
"အသံထွက်နိုင်သေးလာဟမ် မင်းကငါ့လက်ထဲမှာဆိုတာမမေ့နဲ့ ငါချစ်လွန်းလို့သည်းခံနေတယ်မှတ်ပါ မင်းနေရာမှာအခြားသူဆိုငါ့လက်ထဲတစ်စစီဖြစ်နေလောက်ပြီ"
ကျနော်မလွတ်မှန်းသိပါတယ် ဒါပေမယ့် သူခတ်ထားတဲ့လက်ထိပ်သဘောကိုကြည့်ခြင်းဖြင့် လှုပ်ရှားတိုင်းပြက်ရှဒဏ်ကိုခံစားမိသည် အနည်းဆုံးတော့ သူ့လက်ကရှင်လျက်မလွတ်နိုင်ရင် သေလျက်တော့ လွှတ်ရမယ်လေ အဲ့ဒါကြောင့်ကျနော်အားကုန်သုံးကာရုန်းနေမိတော့သည်
"တောက်စ် ငြိမ်ငြိမ်နေစမ်း ဘယ်လိုဖြစ်လို့အသေရုန်းနေတာလဲဟမ် ကျစ် သွေးတွေထွက်ကုန်ပြီ ရုန်းနေတာကိုအခုရပ်နော် ရပ်လို့ပြောနေတယ်လေ တောက်စ် မရပ်ဘူးပေါ့ ခဏစောင့် "
"မင်းလိုမိန်းကလေးတွေကအချစ်ကိုထုတ်ပြဖို့မတန်ဘူး ရက်စက်နေမှတော်ကာကြတာ မင်းကိုဒီနေ့ကစပြီးpetလိုပဲထားမယ် ရိုင်းစမ်းကြိုက်သလောက် "
သူကျနော့်အဝတ်စားတွေကိုကပ်ကြေးနဲ့ဖြတ်နေတာလား မဖြစ်ဘူး ကျနော့်ခန္ဓာကိုယ်ကသခင့်တွက်ပဲ တခြားသူတွက်မဟုတ်ဘူး ကယ်ပါ သခင်...ကျနော့်ကိုလာကယ်ပါတော့ ကျနော်ဒီလိုမဖြစ်ချင်ဘူး...
![](https://img.wattpad.com/cover/282303918-288-k530798.jpg)