part 3

809 17 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [ ၃ ]

>>>>>>>>>>>> 🌸

" ဥက္ကဌကြီး သားမက် လာပီဟေ့ .."

" ကိုစိုးမောင်က လုပ်ပီဗျာ .. "

" နောက်ကျတယ်နော် ထန် .. လာကွာ ထိုင် .. "

" ဟုတ်တယ်ဗျာ ..
အိမ်ခန ပြန်သွားသေးလို့ .. "

ဆိုင်ထဲကို ဝင်ဝင်ချင်း လုပ်ဖော်ကိုင်ဖက်
အကိုတွေက စ,နောက်နေတာမို့ ထန် မနှစ်မြို့ပေမယ့်
ဟန်ဆောင်ပီး ပြုံးထားရလေသည် .. ။

အသင့်အတင့်ရှိတဲ့ ဒီဆိုင်က
ထန်တို့ကုမ္ပဏီက ဘာပွဲပဲရှိရှိ ဒီဆိုင်မှာပဲ
လာပီး စားသောက်နေကျမို့ အခုလည်း ဒီဆိုင်ကိုပဲ
ရောက်နေကြခြင်းပင် ..။

" ဟုတ်တယ်လေကွာ မင်းကလည်း
ငါတို့က မင်းမျက်နှာနဲ့မို့ ဒီနေရာလေးထိ
ရောက်လာရတာကွ ထန်ရ .."

" အရင်ညတွေက မလာလို့လား .."

" ဟဲဟဲ .. တစ်ခါတလေပါ ..
မင်းကသာ ဘုရားဖြစ်မယ့် အုပ်နီခဲ .. "

" ကျွန်တော်က ဒီလိုနေရာတွေနဲ့ မရင်းနှီးဘူးဗျ .."

" ဟ .. ဒီနေရာကိုရောက်တာ
ဒါ ပထမဦးဆုံးလည်းမဟုတ်ဘူး ..
ဒါတောင် အခုထိ မရင်းနှီးသေးဘူးလားကွာ .."

" အဲ့ဒီလိုတော့ မဟုတ်ဘူးပေါ့ဗျာ
ကဲ ဘာသောက်ကြမှာလည်း မှာကြလေ .."

တကယ်လည်း ထန်က
ကုမ္ပဏီရဲ့ကိစ္စမဟုတ်ရင် ဒီလို ဆိုင်မှာ
အချိန်ဖြုန်းခြင်း ဘယ်တုန်းကမှမရှိခဲ့ဘူးပေ ..။

" မင်းပြောတာ နောက်ကျနေပီ ထန်
ဟိုမှာ ဝိတ်တာလေး လာနေပီ ဟားဟား .."

ကိုစိုးမောင်က ရီနေသလို
ကိုသက်ကလည်း ပြုံးနေလေသည် ..။

အားလုံးဟာ ပျော်ပျော်ပါးပါးပါပဲ ..။

ကုမ္ပဏီရဲ့ အရေးကြီးပရောဂျက်တစ်ခုရှိလို့
တနင်္ဂနွေနေ့ဆိုပေမယ့် သူတို့လူကြီးပိုင်းတွေ
အလုပ်ဆင်းရတာမို့ ဥက္ကဋ္ဌကြီးက စားပွဲတစ်ခု
စီစဉ်ပေးခြင်းဖြစ်လေသည် ..။

" ဒါနဲ့ ထန် ..
ငါတို့နဲ့ တစ်ခါတည်းလိုက်မလာပဲ
မင်းက အိမ်ကိုဘာပြန်လုပ်တာလည်း .."

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Where stories live. Discover now