part 21

636 11 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [ ၂၁ ]

>>>>>>>>>>>>>> 🌸

" လဲ့ရီ .. နင် နေကောင်းရဲ့လား .."

ဖုန်းထဲမှာမြင်နေရတဲ့ လဲ့ရီရဲ့မျက်နှာက
တက်ကြွမှုတွေနဲ့ တောက်ပနေလေသည် ..။

နှုတ်ဆက်စကားအဖြစ်
နေကောင်းလားလို့ မေးနေရပေမယ့်
လဲ့ရီရဲ့ပုံစံက မြင်ရသူကိုစိတ်ချမ်းသားစေသည် ။

ဆံပင်အရောင်လေးတွေ ပိုတောက်လာသလို
မျက်နှာလေးမှာလည်း အပြုံးတွေချိုနေလေသည်။

" ကောင်းပါတယ် သင်းရဲ့ ..
နင်တို့ဆေးခန်းရော အစဉ်ပြေရဲ့လား .."

" အင်း နာ့စ်နှစ်ယောက် အကူရှိတယ်လေ
သူတို့လည်း ကုသိုလ်ဖြစ် ပါဝင်ချင်တယ်ဆိုလို့ .."

" အင်းပါ .. "

" နင် ဘယ်တော့ပြန်လာမှာလည်းလဲ့ရီ ..
နင့်ယောင်္ကျားနဲ့ရော အစဉ်ပြေရဲ့လား .."

" အင်း .. ပြေပါတယ် ..
ပြန်လာဖို့က စောသေးတယ်လေ ..
နောက် သုံးလေးလလောက်တော့ နေရအုံးမှာပေါ့ "

" မွေးစားဖို့ကလေးရော တွေ့ပီလား .."

" အင်း .. ကလေးကအစဉ်ပြေတယ်
မိခင်နဲ့လည်း သေသေချာချာလေး ပြောပီးပီ
ဒါနဲ့ အလင်္ကာ့အကြောင်းရော ဘာကြားသေးလဲ .."

" ငါ့စီမှာ ကိုယ်ဝန်လာဖျက်ဖို့ပြောသေးတယ် "

" ဟုတ်လား .. "

" အင်း .. ဒါပေမယ့်
သူ့သူငယ်ချင်းမလေးသိသွားပီးတော့ အခု
ဘယ်ရောက်သွားလည်းဆိုတာ စုံစမ်းလို့မရတော့ဘူး
သူတို့နေတဲ့အဆောင်ကိုမေးကြည့်တော့ မသိဘူးတဲ့ "

" အင်း .. ငါလည်းစုံစမ်းနေတာ မသိရသေးဘူး "

" နင်က စုံစမ်းပီး ဘာလုပ်အုံးမလို့လည်း
ထားလိုက်ပါတော့ လဲ့ရီရယ် သူလည်းသူ့ဘဝနဲ့သူ
နင်လည်း နင့်ယောင်္ကျားနဲ့ အစဉ်ပြေနေပီပဲဟာကို
ကလေးအကြောင်းပြပီး နင်တို့ကို ဒုက္ခမပေးပါဘူး
ဘဝရဲ့အခက်အခဲတွေကြောင့်ဒီလိုဖြစ်လာရပေမယ့်
ကောင်မလေးက ရိုးသားပါတယ်လဲ့ရီရယ် .."

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Donde viven las historias. Descúbrelo ahora