part 20

657 7 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [၂၀ ]

>>>>>>>>>>>>> 🌸

" သမီးလေးလဲ့ရီက ကလေးမရနိုင်ဘူး သား .."

" ဗျာ .. "

ထိန်းလင်းနေတဲ့ အခန်းမီးရောင်အောက်မှာ
ထန်နဲ့ မေမေ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

ဖေဖေက ညဂျူတီရှိတာမို့
အိမ်မှာ အငယ်မနဲ့ မေမေပဲရှိနေလေသည် ။

ည၁နာရီအချိန်ကြီးရောက်ချလာတဲ့သူ့ကို
မေမေက အထိတ်ထလန့်ဆီးကြိုသလို သူလဲ
သိချင်တာအားလုံး တစ်ခုမကျန်မေးဖြစ်ခဲ့ပေမယ့်
ပြန်ကြားရတဲ့စကားတွေက ကိုယ့်နားကိုမယုံချင်..။

လဲ့ရီက ကလေးမရနိုင်ဘူးတဲ့လား .. ။

ဒါ့ကြောင့် ကိုယ်ဝန်အတုကိုဖန်တီးပီး
သူ့ဘဝကို ထပ်ပီးချယ်လှယ်ဖို့ကြိုးစားတာပေါ့ ။

ဒီဖြစ်ရပ်မှာ မေမေလည်း
ပါဝင်နေတာသိရတော့ ထန် ပိုပီးစိတ်ပျက်မိ၏ ။

" ဟုတ်တယ်သား .. အဲ့ဒါကြောင့်
မေမေတို့အခုလိုမျိုး စီစဉ်ခဲ့ကြတာ .."

" အဲ့ဒါဆိုလဲ ကျွန်တော့်ကို
ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပီး တိုင်ပင်သင့်တာပေါ့ ..
အခုတော့ မေမေတို့လုပ်ပုံက ကျွန်တော့်ကို ..."

" တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သားကို
ဒီကိစ္စတွေအားလုံး ပြောပြပေးမှာပါ ..
ဒါပေမယ့် သားကအရင်သိသွားတယ်ဆိုတော့ .."

" ဘယ်အချိန်ပဲ ပြောပြောပါ
ကျွန်တော့်ကို အရူးလုပ်ခဲ့ကြတာတော့
အမှန်တရားပဲမဟုတ်ဘူးလား မေမေ .."

" အရူးလုပ်တာမဟုတ်ပါဘူး သားရယ် .."

" ဒါဆို ဘာလဲ
ကျွန်တော့်ရင်သွေးကို တကယ်မလွယ်ထားပဲ
ဘာလို့ ကိုယ်ဝန်ရှိနေပါပီဆိုပီး ထွက်သွားရတာလဲ
ပီးတော့ မရှိတာကိုအရှိလုပ်ပီး ဘယ်အတိုင်းတာထိ
ကျွန်တော့်ကို လှည့်စားကြအုံးမလို့လဲ .."

ထန် ပြောနေရင်းဒေါသထွက်ရသည် ။

ခံပြင်းသလို စိတ်လည်းဆိုးမိသည် ။

လဲ့ရီဗိုက်ထဲကကိုယ်ဝန်အတုမှာ
ကြည်နူးပျော်ရွှင်နေတဲ့သူ့ကို ကြည့်ပီး
လဲ့ရီက သူ့နောက်ကွယ်မှာ ဘယ်လောက်များ
ဟားတိုက်လှောင်ရီနေလိုက်မလဲ .. တောက် !!

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Where stories live. Discover now