part 5

608 13 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [ ၅ ]

>>>>>>>>>>>> 🌸

ည ဆယ်နာရီထိုးနေပေမယ့်
အခုထိ အိမ်ပြန်မလာသေးတဲ့မောင့်ကို
လဲ့ရီ ဒေါသလေးတွေနဲ့အတူ စောင့်နေမိသည် .. ။

အလုပ်ကိစ္စကြောင့် ဒီအချိန်ထိ
မောင်ကတစ်ခါတလေ နေတက်ပေမယ့်
လဲ့ရီကိုတော့ ဖုန်းဆက် အကြောင်းကြားပါသည် ။

အခုတော့ လဲ့ရီခေါ်တဲ့ဖုန်းကိုတောင်မှ
မောင်က ပြန်ဖြေခြင်း မရှိတော့တာမို့ ရင်ထဲမှာ
ဒေါသနဲ့အတူ စိုးရိမ်စိတ်တွေပါ ကပ်ငြိနေလေပီ ..။

လဲ့ရီ ဧည့်ခန်းထဲမှာ နာရီတကြည့်ကြည့်နဲ့
ခေါက်တုန့်ခေါက်ပြန် လျောက်နေမိသည် ..။

မောင်ပြန်မလာသေး၍ ဘာမှမစားရသေးတာမို့
လဲ့ရီဗိုက်ဆာနေပေမယ့် ဘာမှလည်း မစားမိပေ ..။

လူတစ်ယောက်ကို ချစ်ရတာ
အဲ့ဒီလောက်ထိ ပင်ပန်းရလား .. ။

ကိုယ့်ဘက်က လိုအပ်ချက်မရှိအောင်
ဖြည့်ဆည်းပီး ချစ်ပေးနေပေမယ့် ပြန်ရတာက
အနှစ်မရှိပဲ အခွန်လွတ်နေတဲ့ ခန္ဓာကိုယ်ကြီးတစ်ခု ..

မောင်က လဲ့ရီနဲ့လက်မထပ်ခင်အချိန်ထိ
ချစ်သူရှိခဲ့ပေမယ့် လဲ့ရီနဲ့လက်ထပ်ပီးကတည်းက
အားလုံး ကင်းကင်းရှင်းရှင်းနဲ့ နေလာခဲ့သူပါ .. ။

မောင့်ကို ယုံပေမယ့်
ကုမ္ပဏီမှာကလည်း မိန်းကလေးပေါင်းစုံမို့
လဲ့ရီ လူလွှတ်ပီး မောင့်ကိုစောင့်ကြည့်ခိုင်းခဲ့မိသည် ။

ဒီနေ့ဒီအချိန်ထိ မောင်က
လဲ့ရီအပေါ်မှာ သစ္စာရှိခဲ့ပါသည် ..။

" တီ ... !! "

" ဟော မောင်ပြန်လာပီပဲ .."

လဲ့ရီ ဧည့်ခန်းထဲမှ ထိန်ထိန်လင်းနေတဲ့
ခြံထဲစီသို့ အပြေးလေးထွက်လာခဲ့မိသည် ..။

တလိမ့်လိမ့် လှိမ့်ဝင်လာတဲ့ကားလေးကို
လဲ့ရီ လိုက်ကြည့်ရင်း အနားကိုရောက်သွားရ၏ ။

" နောက်ကျလိုက်တာ မောင်ရယ် ..
လဲ့ရီက စိတ်ပူလို့ဖုန်းတွေခေါ်နေတာ
မောင်က လဲ့ရီဖုန်းကို မကိုင်ဘူး .. "

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Where stories live. Discover now