part 6

550 15 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [ ၆ ]

>>>>>>>>>>>> 🌸

" မောင်ရေ .. မောင် .. "

" ...... "

" မောင် .. "

လဲ့ရီ ကုမ္ပဏီသွားမယ့်မောင့်အတွက်
အဝတ်အစား ရွေးထုတ်စီစဉ်ပေးနေရင်း
အတွဲလိုက်ထားတဲ့ လက်ကိုင်ပဝါမတွေ့တာမို့
မောင့်ကိုမေးဖို့ခေါ်လိုက်ပေမယ့် အသံမကြားရတာမို့
ရေချိုးခန်းတံခါးကို ထုလိုက်၏ ..။

" မောင် .. "

" အေး . ပြော လဲ့ရီ ဘာလည်း .."

" ဒီအင်္ကျီအဖြူနဲ့ထားတဲ့ လက်ကိုင်ပဝါလေ
မောင်ဘယ်နားထားလည်း လဲ့ရီရှာတာမတွေ့လို့ "

" ..... "

လဲ့ရီအပြင်ကမေးနေပေမယ့်
မောင့်ထံက ဘာသံမှမကြားရတာမို့
လဲ့ရီမျက်မှောင်လေး ကုတ်သွားမိ၏ ..။

ခနအကြာ ရေးချိုးခန်းတံခါးပွင့်လာပီး
မောင်က ခေါင်းကို သဘက်တစ်ထည်နဲ့သုတ်ကာ
အပြင်ကိုရောက်လာသည် ..။

" အထဲမှာ ရေသံတွေနဲ့မကြားရဘူး
လဲ့ရီ မောင့်ကို ဘာပြောတာလည်း .."

" အော် .. ဒီအင်္ကျီနဲ့ အတူထားတဲ့
လက်ကိုင်ပဝါအဖြူလေးလေ မတွေ့လို့ .."

လဲ့ရီမေးလာမှပဲ ထန်လည်း သတိရ၏ ..။

" အော် မရှိတော့ဘူး လဲ့ရီ ..
ဟိုတစ်နေ့က ကောင်မလေးတစ်ယောက်
ဒါဏ်ရာရလို့ စည်းပေးလိုက်မိတယ် .. "

" ကောင်မလေးတစ်ယောက်
ဟုတ်လား မောင် ဘယ်ကကောင်မလေးလည်း "

မောင့်နှုတ်ဖျားက ကောင်မလေးလို့
ဆိုလာတာကြောင့် လဲ့ရီရင်ပူသွားမိသည် ..။

မောင့်ကို မယုံတာမဟုတ်ပေမယ့်
လဲ့ရီရဲ့ပူပန်စိတ်က လျော့မသွားခဲ့ပေ ။

" မသိပါဘူးကြာ ..
မောင်နဲ့ လမ်းကြုံနေလို့
အမြင်မတော်လို့စည်းပေးလိုက်တာ .."

" မောင်ကလည်း ..
အဲ့ဒါလဲ့ရီကိုယ်တိုင် ထိုးထားတာ ."

" ဘာကိုလည်း .. "

" အဲ့ဒီပဝါရဲ့ အောက်ဖျားနားမှာ
'မောင်' လို့ ထိုးထားတာ မောင်ရဲ့ .."

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Dove le storie prendono vita. Scoprilo ora