🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸အပိုင်း [ ၁၃ ]
>>>>>>>>>>>> 🌸
" ထန် .. "
" မောင်းတော့ ကိုသက် .."
" ခနနေပါအုံး ထန်ရာ
နေရာတကာ မင်းစိတ်ကြီးပဲ မလုပ်ပါနဲ့
အလင်္ကာ့ကိုလည်း မေးကြည့်ပါအုံးကွာ ..
ကောင်မလေး မင်းကပဲခူးကိုဘာလာလုပ်တာလဲ
အခုရော ဘယ်ကိုသွားမှာလည်း .."" ကိုသက္ .. "
ကားရှေ့ခန်းမှကိုသက်က
ထန်နဲ့ ကောင်မလေးထိုင်နေတဲ့စီကို
သေသေချာချာလှည့်ပီး မေးမြန်းလာတာမို့
သူ ဟန့်တားလိုက်ပေမယ့် ကိုသက်က လက်မခံပေ ။" မင်းအသာနေစမ်းပါ .. ပြော ညီမလေး ..
ဒီနေရာမှာ ဘာလို့တစ်ယောင်ထဲ သွားနေတာလည်း"" ဟို .. ပဲခူးက အမေ့အိမ်ကိုလာတာပါ
အခု ရန်ကုန်ကို ပြန်မလို့ပါ ဦးလေး .."" အော် . အမေ့အိမ်မှာ ညမအိပ်ဘူးလား
အခုချိန် ရန်ကုန်ကို ဘာနဲ့ပြန်မှာလည်း .."" ကိုသက် . ခင်များ
စကားတော်တော်များတာပဲ .."" ဟ . မေးသင့်တာတော့ မေးရမှာပေါ့ဟ
ဒီအချိန်ပြန်ရင် ဟိုရောက်မိုးချုပ်မှာပဲ .."" အဲ့တာကြောင့် ကျွန်တော်ခေါ်လာတာပေါ့
ရှင်းစရာလည်း ရှိတယ် မောင်းစမ်းပါကိုသက်ရာ "ဆံပင်တွေကို ထိုးဖွသပ်တင်လိုက်
လည်ပင်းက အင်္ကျီကြယ်သီးကို ဆွဲဖြုတ်လိုက်နဲ့
ထန့်ရဲ့အမူအရာက အတော်လေးကို
စိတ်မသက်မသာ ဖြစ်နေပုံရတာမို့ .." အိုခေ အိုခေ ..
မင်းတို့ချင်း ရှင်းချင်သပ ဆိုရင်လည်း ရှင်း
ငါ တစ်ခြားကားနဲ့ပဲ လိုက်သွားတော့မယ် .."ကိုသက်က စိတ်မရှည်တော့သလို
ကားပေါ်ကဆင်းသွားတာမို့ ထန်လည်း
ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည် ..။" ဟာ ကိုသက္
ဘယ်တစ်ခြားကားနဲ့သွားမှာလည်း
မဟုတ်တာ .. ကားပေါ် ပြန်တက် .."" မင်းပဲ သူနဲ့ရှင်းစရာရှိတယ်ဆို
ငါရှိနေရင် မင်းတို့အားနာနေရအုံးမယ် ..
ရှင်းပီးသားကို ရှုပ်အောင်ထပ်လုပ်နေတာ မင်း .."
YOU ARE READING
🌸 _ ညမွှေးပန်း _ 🌸 [ Complete]
Romanceလောင်ချင်ရင် ဒါလေးဖတ် သက္ကရာဇ်ထန် _ ဗျူးအလက်ာ