🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸အပိုင်း [ ၉ ]
" ဖြန်း .. "
" ဟာ .. မေမေ့ ..
ဘာလို့ ကျွန်တော့်ကိုရိုက်တာလည်း .. "မနက်အိပ်ယာနိုး၍ ကုမ္ပဏီသွားဖို့ပြင်နေတဲ့ ထန်
ဘယ်အချိန်က အိမ်ထဲဝင်လာမှန်းမသိတဲ့မေမေက
သူ့ရဲ့ပါးကို ဖြန်းခနဲနေအောင်ရိုက်ချလိုက်၏ ..။" အေး . ရိုက်တယ် .. ရိုက်အုံးမှာ
နင့်ကိုငါ သေအောင်ကိုသတ်ချင်နေတာ ဟဲ့ .."" ဟာ . မေမေဘာဖြစ်လာတာလည်း .. "
" ဖြစ်နေတာ နင် သက္ကရာဇ်ထန်ရဲ့ နင် .."
" ဟား . မေမေကဗျာ ..
အကြောင်းအရာကို သေချာရှင်းအောင်ပြောပီးမှ
ကျွန်တော့်ကို ရိုက် .."မိုးမလင်းသေးဘူး အိမ်ရောက်ချလာတဲ့ မေမေက
စောစောစီးစီး သူ့ပါးကို လာရိုက်နေပြန်သည် ..။ထန် ဒေါသထွက်သွားပေမယ့်
မိဘဖြစ်နေလို့ ငြိမ်နေလိုက်ရပေမယ့်
စိတ်ထဲမှာတော့ လုံးဝမကျေနပ်ပေ ..။အိမ်ထောင်ကျပီးမှ
မေမေရိုက်တာခံရတာ ဒါပထမဦးဆုံးပင် ..။လဲ့ရီနဲ့ထန် ပြဿနာဖြစ်တိုင်း
မေမေက သူ့ကိုပဲအပြစ်တင်ကာ ဆူတက်ပေမယ့်
အခုတော့ သူ့ပါးကိုတောင် ရိုက်ချပြစ်လိုက်ပီ ..။ဒါက လဲ့ရီရဲ့စနက်တွေဆိုတာ
သူ ရိပ်မိလိုက်ပေမယ့် မသိဟန်ဆောင်ကာ
မေမေ့ကို ကျောခိုင်းလိုက်၏ .. ။သူ့မှာတော့ စောစောစီးစီး ပါးရိုက်ခံလိုက်ရပီး
သူမ,ကတော့ အိပ်ယာပဲ မထ,သေးတာလား
အခုထိပဲ မနိုးသေးတာလား မသိပေ ။ညက သူလည်း အခန်းပြန်မအိပ်တော့ပဲ
စာကြည့်ခန်းမှာပဲ အိပ်ဖြစ်ခဲ့သည် ..။" ဒါ ဘယ်ကိုလည်း သား
မေမေ မင်းကို ပြောစရာရှိလို့လာတာ .."" ကျွန်တော် အလုပ်သွားရအုံးမှာ .."
အိမ်ပေါ်တက်ဖို့ပြင်နေတဲ့သူ့ကို
မေမေက စကားလုံးတွေနဲ့ တုတ်နှောင်သည် ..။" သူ့သမီးကိုကွာရှင်းပီး
သူ့အဖေစီမှာ အလုပ်လုပ်ချင်သေးတာလား မင်းက "
YOU ARE READING
🌸 _ ညမွှေးပန်း _ 🌸 [ Complete]
Romanceလောင်ချင်ရင် ဒါလေးဖတ် သက္ကရာဇ်ထန် _ ဗျူးအလက်ာ