part 7

543 10 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [ ၇ ]

>>>>>>>>>>>>> 🌸

" သက္ကရာဇ် "

ကားပါကင်မှ ရုံးခန်းရှိရာသို့သွားနေတဲ့ ထန်
အနောက်မှ ခေါ်သံသဲ့သဲ့ကြောင့် လှည့်ကြည့်မိတော့
ဟိုအရင်က ပတ်သက်ခဲ့ဘူးတဲ့ မဟေသီဖြစ်နေသည် ။

" ဟင် .. မဟေသီ .. "

" မတွေ့တာတောင်ကြာပီ ..
သက္ကရာဇ်က ဒီကုမ္ပဏီမှာလုပ်တာလား .."

၂နှစ်အရွယ် ကလေးလေးရဲ့လက်ကိုဆွဲပီး
တဖြည်းဖြည်းလျောက်လာတဲ့ မဟေသီက
သူ့ကို ပြုံးပြကာ အနားရောက်လာသည် ..။

" ဒါ ကိုယ့်ယောက္ခမကုမ္ပဏီလေ .."

" အော် ..
ဆရာဝန်မ လှလှလေးကို ရ,ထားတဲ့အပြင်
ကုမ္ပဏီပိုင်ရှင်ရဲ့သားမက်ပါဖြစ်သွားတာကိုး .."

" အဟွန်း .. အဲ့လိုဖြစ်သွားတယ် ..
သားလေးက မဟေ့,သားလေးလား .."

" ဟုတ်တယ် သက္ကရာဇ် ရဲ့ ..
ရှင်လက်ထပ်သွားပီး နောက်နှစ်ပဲ
မဟေလည်း လက်ထပ်လိုက်တာ .."

" အမှီလိုက်တယ် ဆိုပါတော့ .."

" ရှင့်စကားအတိုင်း ပြောရရင်
အဲ့လိုပဲ ဖြစ်သွားတယ်ပေါ့ .. အဟင်း ဟင်း .."

" ဟားဟား .. ဟုတ်ပါပီ . "

ထန်နဲ့ မဟေသီ
သဘောကျစွာ ရယ်လိုက်မိကြသည် .. ။

ရည်းစားဦးနဲ့ ပြန်ဆုံတွေ့မှုက
သူ့အတွက် အနည်းငယ် နေရခက်ပေမယ့်
မဟေ့ရဲ့ ဖော်ရွေမှုကြောင့် နေသာထိုင်သာရှိခဲ့သည် ။

ကိုယ့်ဘက်က အရင်
မဟေ့ကို လမ်းခွဲခဲ့တယ်ဆိုပေမယ့်
မဟေ,ကနားလည်ပေးပီး သူမလည်း
သူမဘဝအတွက် လက်တွဲဖော်ကို ရှာဖွေခဲ့သည် ။

ဖူးစာဆိုတာ ဦးရာလူဖြစ်ခဲ့တာများလား ..။

"ဒါပေမယ့်
မဟေ,က ကိုယ့်ထက် စီနီယာကျသွားပီ .."

" ဘာလို့ .."

" မဟေ,က ဆည်းလည်းလေး ရှိနေပီလေ .."

" ဟယ် .. ဒါဆို သက္ကရာဇ်
ရှင်တို့ အခုထိ ကလေးမရသေးတာလား .."

" အင်း .. အဲ့လိုဖြစ်နေတယ် .."

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Where stories live. Discover now