🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸အပိုင်း [ ၁၄ ]
>>>>>>>>>>>>> 🌸
ဒီနေ့တော့ ကိုစိုးမောင်ရဲ့ချိန်းဆိုမှုကြောင့်
ကိုသက်နဲ့ထန် ဆိုင်ကိုရောက်နေကြခြင်းဖြစ်၏ ..။ကုမ္ပဏီက ပရောဂျက်တစ်ခုက
မကြာခင်ပဲ အပီးသတ်တော့မှာမို့
သူတို့အခုရက်ပိုင်း အလုပ်ရှုပ်နေကြသည် ..။ကုမ္ပဏီမှာလည်း မနားရသလို
အိမ်မှာသယ်ပီးလည်း အလုပ်လုပ်ရသေးသည် ..။" ကိုသက္ ..
ကိုစိုးမောင်ကလည်း ကြာလိုက်တာဗျာ .."" လာမှာပေါ့ကွ မင်းကလည်း ..
ဒီတစ်ခေါက် နယ်ရုံးခွဲက သူ့အလှည့်ဆိုတော့
မှောင်မယ်ထင်တယ် ဘာလဲ မင်းကပြန်ချင်ပီလား.."" မဟုတ်ပါဘူးဗျာ .. "
စကားအရ,သာ ငြင်းနေရပေမယ့်
တကယ်တော့ သူ အိမ်ပြန်ချင်နေပါပီ .. ။လဲ့ရီက အခုတလော သိပ်မလန်းသလို
မှိန်ဖျော့နေတာမို့လည်း သူ စိုးရိမ်မိပါသည် ..။ကိုယ်ဝန်ကလည်း ရှိနေတော့
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ
သူ အစွမ်းကုန်ဂရုစိုက်ပေးနေခဲ့မိသည် .. ။လဲ့ရီကို သနားတာပဲလား
အားနာမိတာပဲလား မဝေခွဲတက်တော့ပေမယ့်
သူလိုချင်ခဲ့တဲ့ ရင်သွေးလေး ရောက်လာပီမို့
သူ့အတွက် တန်ဖိုးဖြတ်မရတဲ့ ရတနာတစ်ခုပါပဲ..။" ထန် .. မင်းနဲ့ အဲ့ဒီကောင်မလေးနဲ့က
အရင်ကတည်းက သိနေခဲ့ကြတာလား .."လဲ့ရီနဲ့ ရင်သွေးလေးထံသာ
သူ့စိတ်တွေရောက်နေတာမို့
ရုတ်တရက် ကိုသက်ရဲ့စကားကြောင့်
သက်ပြင်းမောတစ်ခုကို ချလိုက်မိ၏ ..။" ဘယ်လိုပြောရမလည်း ..
နှစ်ကြိမ်လောက် အပြင်မှာဆုံးဖူးတယ် ဆိုပါတော့ .."" ကောင်မလေးကြည့်ရတာ
မင်းအပေါ် ခံစားချက်ရှိနေသလိုပဲကွ .."" ဟာဗျာ .. မဟုတ်တာ .."
" ဟာ .. မင်းပဲစဉ်းစားကြည့်လေ
မင်းကိုခေါ်တာ ဦးတဲ့ .. ငါ့ကျ ဦးလေးတဲ့ . ကဲ .."
YOU ARE READING
🌸 _ ညမွှေးပန်း _ 🌸 [ Complete]
Romanceလောင်ချင်ရင် ဒါလေးဖတ် သက္ကရာဇ်ထန် _ ဗျူးအလက်ာ