part 22

666 9 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [ ၂၂ ]

>>>>>>>>>>>>>> 🌸

တရွေ့ရွေ့ကျော်ဖြတ်နေတဲ့
နာရီလက်တံတွေနဲ့အတူ တစ်စက်ချင်းကျနေတဲ့
ဒရစ်ပုလင်းရဲ့လက်ကျန်အရည်တွေကိုကြည့်ရင်း
ထန့်ရဲ့စိုးရိမ်မှုက လျော့မသွားခဲ့သေးပေ .. ။

ည၁၀နာရီနီးပါးရှိနေပီမို့
ဒရစ်ရည်ပုလင်းလည်း နဲနဲသာကျန်တော့သည် ..။

"'" ကောင်မလေးက ငယ်သေးတယ်
ပီးတော့ အားလည်း တော်တော်လေးနည်းတယ်
နှလုံးခုံနှုန်းကလည်း ပုံမှန်မရှိချင်ဘူး ဂရုစိုက်ပါ
ဖြစ်နိုင်ရင် အထူးဂရုစိုက်ပေးပါ စိတ်ပိုင်းဆိုင်ရာ
အရမ်းအရေးကြီးတယ် တကယ်ဆိုဒီကိုယ်ဝန်ကို
မယူသင့်သေးဘူး .."'"

ဆေးရုံသွားခါနီး ပြန်သတိရလာတဲ့သူမလေးက
အသဲအသန်ငြင်းဆန်နေတာမို့ ဆေးရုံကိုမသွားပဲ
သူ့အသိဆရာဝန်တစ်ယောက်ကိုဖုန်းဆက်ပီးတော့
ဒီနေရာကို လာခိုင်းခဲ့ရတော့သည် ..။

ဆရာဝန်က လိုအပ်တာအားလုံး စီစဉ်ပေးခဲ့ပီး
ဂရုစိုက်ဖို့ကိုလည်း ထန့်ကိုအထပ်ထပ်မှာသည်။

ဆေးအရှိန်ကြောင့်အိပ်ပျော်နေတဲ့
ကောင်မလေးကို ထန် ငေးစိုက်ကြည့်ရင်း
သက်ပြင်းတွေပဲ မကြာခနချနေမိတော့၏ .. ။

လေးပေမီးချောင်းရဲ့အလင်းရောင်က
လင်းအားများလွန်းတာမို့ မီးအိမ်လေးကိုသာ
ဖွင့်ပီး အိပ်ခန်းကျဉ်းလေးထဲမှာ လင်းစေခဲ့သည်။

ကုတင်ပေါ်မှာ လဲလျောင်းအိပ်စက်နေတဲ့
ဖြူလွှလွှပုံရိပ်လေးက ငြိမ်သက်လို့နေလေသည်။

ပက်လက်အနေအထားနဲ့မို့
ခပ်မြင့်မြင့်ဝမ်းဗိုက်လေးကို စူးစိုက်ကြည့်ရင်း
ထန် သူမလေးအနားကို ပိုပီးတိုးကပ်သွားမိ၏ .. ။

ထိုင်ခုံကို အသံမမြည်အောင်
ကုတင်အနားကို တိုးရွေ့လိုက်ပီး
ပိုက်လွတ်နေတဲ့ လက်လေးတစ်ဖက်ကို
ဆွဲယူဆုပ်ကိုင်လိုက်မိသည် .. ။

အနွေးဓာတ်လေးစီးဆင်းနေတဲ့
သူမလေးရဲ့လက်ဖျားလေးကို သူ့နှုတ်ခမ်းတွေနဲ့
ဖိကပ်ထားလိုက်မိသည်က အချိန်အတော်ကြာ ..။

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Wo Geschichten leben. Entdecke jetzt