part 2

1.2K 26 0
                                    

🌸 ... ညမွှေးပန်း ... 🌸
🌸 အဆိပ်သင့် ပန်း 🌸

အပိုင်း [ ၂ ]

>>>>>>>>>>>>> 🌸

" လာ ဒီမှာထိုင်လိုက်နော် .. "

" ဟို ရပါတယ် အမရဲ့ ..
ဒါဏ်ရာက အဲ့ဒီလောက်မနာပါဘူး .."

" ဘာလို့မနာရမှာလည်း ..
ဒီမှာ ဒူးလေးတစ်ခုလုံး ရဲစုတ်နေတာကို
လာပါ အမကိုအားမနာနဲ့ .. ထိုင် .."

ကားတံခါးကိုဖွင့်ပီး အတင်းထိုင်ခိုင်းနေတာမို့
ဗျူး အားနာနာနဲ့ပဲ ဝင်ထိုင်လိုက်ရသည် .. ။

ဖြစ်ခါစအချိန်က
ဗျူးရဲ့အကျင့်အတိုင်း ဒေါသထွက်ကာ
ရန်ဖြစ်ဖို့အထိ တွေးထားခဲ့ပေမယ့် တစ်ဖက်က
ဂရုတစိုက်ရှိနေတာမို့ ဒေါသတွေ ကွယ်ပျောက်ခဲ့ရသည် ..

တစ်ဖက်က မိန်းကလေးဖြစ်နေတာကတကြောင်း
တည်ငြိမ်ရင့်ကျက်တဲ့ သွင်ပြင်လက္ခဏာတွေကို
မြင်ရတာကတစ်ကြောင်းမို့ ဗျူး တောင်းပန်တာကို
လက်ခံပေးခဲ့သည် ။

" ....... "

ဆေးသေတ္တာက အရံသင့်
ကားထဲမှာရှိနေသလို လုပ်ကိုင်နေပုံကလည်း
သွက်လက်ကျွမ်းကျင်နေတာကို ကြည့်ပီး
ဒီအမက ဆရာဝန်ဖြစ်လိမ့်မည်လို့ ခန့်မှန်းနေမိ၏။

ဘောင်းဘီရှည်တစ်ဖက်ကို
အပေါ်ရောက်အောင်လိပ်တင်ပေးထားရတာမို့
ရဲဥနေတဲ့ ဒူးလေးက သွေးညို့ညို့တွေ စို့နေလေသည် ...

ဒါဏ်ရာက နာကျင်နေတာကိုသိပေမယ့်
ပျက်စီးသွားတဲ့ ပန်းစည်းကြီးကိုသာ စိတ်က
ရောက်နေရလေသည် ....

တန်ဖိုးအတိုင်း လျော်ပေးရမှာဖြစ်သလို
ဒီနေ့အတွက် အော်ဒါကျထားတဲ့ ပန်းတွေကို
ဗျူး ဘယ်လိုဖြေရှင်းရပါ့မလည်း ...

" ညီမလေးရဲ့ပန်းတွေ ပျက်စီးကုန်ပီ .."

" ဟုတ် .. "

" အမ ပြန်လျော်ပေးပါ့မယ် ..."

ပြန်လျော်ပေးမယ်ဆိုတာကြောင့်
ဗျူးရဲ့မျက်လုံးတွေ အရောင်တောက်သွားပေမယ့်
ပြန်ဝယ်ရမယ့် နေရာနဲ့အချိန်က ဗျူးအတွက်တော့
ဘယ်လိုမှအစဉ်မပြေနိုင်တော့ပေ ....

" ရရဲ့လား ..
လမ်းလျောက်လို့ အစဉ်ပြေပါ့မလား .. "

" ရတယ်အမ ရတယ် .."

🌸 _ ည​မွှေးပန်း _ 🌸 [ Complete] Donde viven las historias. Descúbrelo ahora