part 1

4.5K 40 2
                                    

America ရဲ့မြို့တော် LA မှာရှိတဲ့ Gray ရေမွှေးထုတ်လုပ်ရေးလုပ်ငန်းစုကြီးဟာ Americaတွင်သာမဟုတ် တစ်ကမ္ဘာလုံးအထိပြန့်နှံ့ပြီး လူကြိုက်အများဆုံး ထိပ်တန်းBrandတွေထဲက တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ အောင်မြင်နေသော်လည်း ပြဿနာဆိုတာ ရှိနေမြဲပါ။

Monday မနက်၉နာရီ Gray လုပ်ငန်းစုကြီး၏ ဘုတ်အဖွဲ့ဝင်များစုစည်းရာပင်မအခန်းတွင် ဘုတ်အဖွဲ့ဝင်များတစ်ဉီးနှင့်တစ်ဉီးစကားအချေအတင်ဖြစ်နေကြသည်။

"Mr ရိန်း ခင်ဗျားဘာသဘောလဲ အရင်တစ်ခေါက်က ခင်ဗျားသဘောအတိုင်းကျနော်တို့ထောက်ခံပေးခဲ့တယ် အခုလည်း ခင်ဗျားသဘောအတိုင်းထပ်လုပ်ရမယ်လို့ ဆိုလိုတာလား" 

"ဟား ဟား မဟုတ်ပါဘူးကွာ မင်းကိုအဲ့လိုထင်စေခဲ့ရင် ကျုပ်တောင်းပန်တယ် ကျုပ်က ဒီGrayလုပ်ငန်းစုကြီးဆက်လက် အောင်မြင်ဖို့နည်းလမ်း‌ေတွကိုခင်းပေးနေတာပါ" 

"ဟ ခင်ဗျားပြောသလိုဆို ဟိုတစ်ခါက ဖြစ်ခဲ့တဲ့ ကိစ္စကကော ခင်ဗျားရဲ့အောင်မြင်မယ်ဆိုတဲ့လမ်းကြီးလေ ပျက်စီးမလိုဖြစ်သွားတာ ခင်ဗျားမေ့သွားတာလား Mr ရိန်း" 

"ဟေ့ ဒီမှာ Mr ဆူး ခင်ဗျားစကားတွေ မလွန်လာရင်ကောင်းမယ် ကျုပ်လည်းအောင်မြင်မယ်ထင်လို့ လုပ်ခဲ့တာလေ လူဘဲကွ အမှားလည်းရှိမှာပေါ့" 

"ဟ ခင်ဗျားရဲ့အမှားက ကုမ္ပဏီအတွက် အကျအဆင်းများအောင် လုပ်လိုက်တာဆိုတာကော မစဉ်းစားမိဘူးလား"

  "ဘာကွ "  

"ဟ ကျုပ်ပြောတာမှားလား Mr ရိန်း"    

ထိုသို့ Mr ရိန်းနဲ့Mrဆူး တို့ ငြင်းခုံနေချိန်တွင် 

"ဘုန်းးးးး"

ကျယ်လောင်သောရိုက်ချက်ဖြင့် စားပွဲထိပ်တွင်ထိုင်နေသော သူမ သည် စိတ်မရှည်စွာဖြင့် သူတို့နှစ်ယောက်ကိုကြည့်လျက် ထိုင်ခုံနောက်ကိုမှီလိုက်ပြီး ခြေချိတ်ကာလက်တစ်ဖက်ဖြင့် မေးကိုထောက်ပြီး ကြောက်စရာကောင်းသော အကြည့်တို့ဖြင့် ကြည့်နေလေသည်။ သူမသည် Grayလုပ်ငန်းစုကြီး၏ CEOသာဖြစ်သည်။သူမကိုရှေ့ထားပြီး ငြင်းခုံနေကြသော ထိုသူနှစ်ဉီးသည် ထိုအချိန်မှသာ ငြိမ်သွားကြလေသည်။

No Hypocrisy smile🖤Where stories live. Discover now