"ဖေဖေသားပြောထားတဲ့အတိုင်း သားတစ်ယောက်တည်းအေးချမ်းတဲ့နေရာမှာ သားဝါသနာပါတာတွေလုပ်ရင်းနဲ့နေချင်တယ်။ဖေဖေသားကိုအသက်၂၀ပြည့်ရင် တစ်ယောက်တည်းနေခွင့်ပြုမယ်ဆိုတာ ဖေဖေမှတ်မိသေးလား?ဒါပေမဲ့သား၂၀ပြည့်တော့လဲ ဖေဖေတို့ဖြစ်စေချင်တဲ့ လမ်းကြောင်းကိုပဲ လျှောက်ခဲ့တယ်။အခုဖေဖေတို့ဖြစ်စေချင်တဲ့အတိုင်းလဲ သားကောင်းကောင်းလုပ်နိုင်နေတယ်။ ပြီးတော့ ဖေဖေတို့ရှာထားတဲ့ ဒီစည်းစိမ်တွေနဲ့သားတစ်သက်တောင်စားမကုန်ဘူးလေ။အခုသားအသက်၂၃နှစ်မှာတော့ သားဖြစ်ချင်တာကို လိုက်လျောပေးမယ်လို့ မျှော်လင့်ပါတယ်"
အခန်းထဲတွင်သတင်းစာဖတ်နေသော သူ၏အဖေနှင့် သစ်သီးခွဲနေသော သူ၏မေမေကို တစ်ယောက်ထဲနေချင်သည့်အကြောင်း Harutoဆိုသည့်ကောင်လေးက ပြောပြကာ တောင်းဆိုလိုက်သည်။
Harutoဆိုသည်မှာ မြို့၏မျက်နှာဖုံးရှင်ဖြစ်သော သူဌေးကြီးWatanabe၏ တစ်ဦးတည်းသောသားဖြစ်သည်။ရုပ်ရည်ရူကာပြေပြစ်ရုံမျှမက လိမ္မာရေးခြားရှိသောသားဖြစ်တာကြောင့် တစ်အိမ်လုံးကငုံထားမတတ်ချစ်ကြသည်။
Harutoစကားကြောင့် သူ၏မိဘများရုတ်ချဉ်းအတွေးများသွားသည်။တစ်ခါမှ မိဘစကားနားမထောင်တာမရှိဖူးသောကြောင့် Haruto၏အဖြစ်ချင်ဆုံးပါဟူသောဆန္ဒကို ကန့်ကွက်ဖို့ မိဘများ၌ အင်အားမရှိကြပေ။ထိုကြောင့်လဲHaruto၏ တောင်းဆိုမှုကို မကန့်ကွက်ရက်သည့်အဆုံး Haruto သဘောအတိုင်းလိုက်လျှောလိုက်သည်။သက်မှတ်ချက်တစ်ခုတော့ပြောလိုက်သည် မင်းအဘွားခွင့်ပြုလျှင် ရပြီ။မင်းအဘွားကိုခွင့်သွားတောင်းဟုဆိုလိုက်သည်။
Harutoသိသည်။Harutoကိုအဘွားကခွင့်ပြုမည်ဆိုတာကို။ဒါကြောင့် အရင်းဆုံးပစ္စည်းထည့်စရာရှိတာများ ကြိုပြင်ဆင်သင့်သလောက် ပြင်ဆင်သည်။ထို့နောက် Harutoအဘွားရှိရာ အခန်းထဲသို့ဝင်သွားသည်။
"ဘွားဘွား သားတစ်ယောက်တည်းခွဲနေချင်လို့ဘွားဘွား ကိုလာခွင့်တောင်းတာ..သားကိုခွင့်ပြုတယ်မလား?"
Harutoအသနားခံတဲ့ မျက်နှာဖြင့် သိုးမွေးထိုးနေသော သူ၏အဘွားဖြစ်သောသူကို ပြောလိုက်သည်။