"Junkyu !!ဘယ်ကပြန်လာတာလဲ?"
ဘယ်သူမှမသိအောင် တိတ်တိတ်လေး အိမ်ထဲဝင်ဖို့ပြင်နေတုန်း ရုတ်တရက် အနောက်ကအသံကြောင့် Junkyuရှုံ့မဲ့မဲ့ဖြစ်သွားတယ်။
"ဘယ်သွားရမှာလဲ ငါခနလေညှင်းခံထွက်တာပေါ့"
Junkyuလည်း ဆူခံရမှာဆိုးတာမို့ ပါးစပ်ထဲရှိရာပြောလိုက်တယ်။"အော် တနေကုန်လေညှင်းခံထွက်တာပေါ့လေ အစုအဝေးမတတ်ပဲနဲ့?။မလိမ်နဲ့နော် Junkyu။နတ်သားတွေလိမ်ရင် အစွမ်းတွေလျော့မှာနော်။"Yoshiရဲ့ စကားကြောင့် Junkyuဂျောင်ပိတ်မိသွားတယ်။
"မင်းကို စကြည့်တာပါကွာ။တကယ်က ဟိုကောင်လေးဆီအခြေအနေသွားကြည့်တာ။ပန်းတွေကို သေချာစိုက်ပျိုးနေရဲ့လားလို့လေ"
Junkyuကခပ်ပေါ့ပေါ့ပင် မသိချင်ယောင်ဆောင်ပြီး ပြောလိုက်တယ်။"Junkyuရ ငါသိတယ်နော်မင်း။လူသားတွေနဲ့ဝေးဝေးနေပါလို့ မင်းကိုပြောထားတယ်နော်။လူသားတွေအကြောင်းမင်းမသိပဲနဲ့ သွားမရှုပ်နဲ့နော်"Yoshiကထပ်ပြီးတော့ သတိပေးလိုက်တယ်။
Yoshiမပတ်သတ်စေချင်တဲ့ အကြောင်းအရင်းကတော့ရှင်းပါတယ်။လူသားတွေနဲ့ပတ်သတ်ပြီး Junkyuမှာ ပြင်ပဒဏ်ရာ ဒါမှမဟုတ် စိတ်ဒဏ်ရာ တစ်ခုမဟုတ်တစ်ခုရသွားမှာစိုးတာကြောင့်ပေါ့။
" အေးပါကွ။ဒါနဲ့ Yoshiမေမေရော။ဘယ်သွားလဲ?မမြင်မိပါလား"Junkyuကမေမေကိုမတွေ့တာကို အခွင့်ကောင်းယူပြီး စကားလမ်းကြောင်းလွှဲလိုက်တယ်။
"မေမေက တခြားတောအုပ်ဆီသွားတယ်။ဒီနေ့အစုအဝေးမှာ အထက်ကရုတ်တရက်တာဝန်ပေးတာမို့ အဲ့တောအုပ်ကိုမြန်မြန်ပဲထွက်သွားတာ။ကြာတော့ကြာလိမ့်မယ်ထင်တယ်။အဲ့တော့ မေမေမရှိတုန်း ငါ့စကားမင်းနားထောင်ရမှာနော်"
မေမေတခြားတောအုပ်စီကိုသွားတာမို့ လွတ်လပ်ရေးရတော့မယ်ဟူ၍တွေးမိသော်လည်း Yoshiက မျက်နှာရိပ်မျက်နှာကဲနဲ့ ငါစကားမင်းနားထောင်ရမှာနော် ဆိုတာကြောင့် Junkyuသက်ပြင်းချလိုက်တယ်။
"ဟူးး"
Yoshiကတော့ မင်းသတိထားနေဆိုတဲ့အကြည့်နဲ့တစ်ချက်ကြည့်ပြီး အခန်းထဲဝင်သွားတော့တယ်။