Doyoungကိုခေါ်ပြီး ကုန်တိုက်ကိုသွားပြီး ဝယ်စရာရှိတာတွေဝယ်ကြတယ်။Harutoရဲ့Black cardကြောင့် Doyoungကတော့ တစ်ဝါးဝါးဖြစ်နေတာပေါ့။
Harutoက သူနဲ့Doyoungအတွက် အဝတ်အစားတွေအများကြီးဝယ်လာခဲ့တယ်။ပြီးတော့လိုအပ်တဲ့ အရာမှန်သမျှကို ကားပေါ်တင်ပြီး အိမ်လုံးလုံးလေးစီပြန်ခဲ့ကြတော့တယ်။
အိမ်ပြန်ရောက်တော့ ကားပေါ်ကလှမ်းမြင်လိုက်ရတဲ့မြင်ကွင်း ချွေးသီးချွေးပေါက်များကျလာပြီး မျက်လုံးများကျယ်သွားရတယ်။Harutoပန်းခင်းက ဆိတ်ဝင်စားခြင်းခံလိုက်ပြီ။ပန်းတွေကျိုးကျတာကကျ ပွင့်ဖက်ပဲ့တာတွေကပဲ့နေတဲ့ မြေကွင်းကြောင့် Haruto သွေးပါ တစ်ခါတည်းစောင့်တတ်ချင်သွားတယ်။ ဘေးကDoyoungမှာလည်း ပါးစပ်လေးအဟောင်းသား။
"ရားးးးးငါ့ပန်းပင်တွေကုန်ပါပြီ"။
Harutoကားပေါ်ကဆင်းပြီး အသံကုန်အော်လိုက်တယ်။Harutoရဲ့ ပေါက်ကွဲသံကြောင့် အနားရှိငှက်များပင်လန့်ဖြန့်ပြီးထပျံကုန်တော့တယ်။"ငါထင်တယ်။ ဆိတ်တွေလက်ချက်ပဲ။မနက်သွားခါနီးက အဲ့ဆိတ်အုပ် ငါ့ပန်းခင်း မွှေမသွားပါစေနဲ့ဆုတောင်းနေတာ။မွှေရုံတင်မကဘူး စားပါစားသွားကြတာလား?ဒါနဲ့Doyoungဆိတ်ကပန်းစားလို့လား??"
Harutoစကားကြောင့် ကားပေါ်ကဆင်းလာတဲ့Doyoungလည်းမျက်စိလည်သွားတယ်။"ဟီး ဆိတ်ကပန်းစားတယ်လို့ ငါလည်းကြားတော့မကြားဖူးဘူး။မင်းပန်းတွေက သေချာစိုက်ပျိုးထားတာဆိုတော့စားကောင်းလို့စားသွားတာများလား?"
Doyoungကလည်း ရမ်းသမ်းပြီးလျှောက်ရွှီးလိုက်တယ်။"မင်းကတစ်မျိုး။ငါ့ပန်းခင်းကိုဘယ်ကနေစရှင်းရမှန်းတောင်မသိတော့ဘူး။အများကြီးပြန်စိုက်ရတော့မှာပဲ"
Harutoက လေးလံစွာ ညည်းညူလိုက်တယ်။"မင်းကလည်း ငါလည်းလာကူပေးပါ့မယ်ကွာ့။အဲ့လောက်စိတ်ညစ်မနေနဲ့။ပြန်စိုက်လို့ရတာပဲ"
Doyoungက ပုခုံးကိုပုတ်ပြီး နှစ်သိမ့်လိုက်တယ်။"မင်းမှမသိတာ။ ငါတော့ ဟိုတစ်နေ့ကတစ်ယောက်လာဆူတာခံရအုန်းမလားတော့ မသိဘူး"
Haruto စကားကြောင့် Doyoungအနည်းငယ်ရှုပ်ထွေးသွားတယ်။
"ဘယ်သူလဲကွ။ငါမဟုတ်ပဲ တခြားသူငယ်ချင်းရှိနေပြီလားမင်းက"
Doyoungကထူးဆန်းတဲ့ မျက်နှာဖြင့်မေးလိုက်တယ်။