နတ်သားကို မယုံတဲ့ Doyoung ကတော့ Yoshiဆီကထွက်ပေါ်လာတဲ့ နတ်သားတစ်ပါးရဲ့တောက်ပခန်ငြားဖွယ် အရှိန်အဝါကြောင့် နတ်သားတွေတကယ်ရှိတယ်ဆိုတာကို ခေါင်းငြိမ့်ပြီး ယုံလိုက်ပါပြီ။
Yoshiက Junkyu ကိုစကားပြောခြင်းမရှိပဲ စူးရှတဲ့အကြည့်ဖြင့်သာ Rutoနဲ့ Doyoung တို့ကို တစ်ချက်ဝေ့ကြည့်လိုက်တယ်။
Ruto နဲ့ Doyoung မှာလည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဒီအခြေအနေမှာ ဘာလုပ်သင့်လဲဆိုတာကို စဉ်းစားနေပုံပေါ်သည်။
Yoshiကတော့ တောအုပ်ဘက်ကို ဦးတည်ပြီး Junkyu ရဲ့လက်ကို ကိုင်ပြီးဆွဲခေါ်နေပေမဲ့ Junkyuဟာစာခြောက်ရုပ်လို တုတ်တုတ်မလှုပ်ပဲ ငြိမ်သက်နေခဲ့တယ်။
Junkyu အကြောင်း သိပ်သိလွန်းတဲ့ Yoshiက လက်ကိုလွှတ်ပေးလိုက်ပြီး သက်ပြင်းတစ်ချက်ကို ရှည်လျားစွာချလိုက်တယ်။ ပြီးနောက် Junkyu အနားကိုကပ်ပြီး တိုးညှင်းစွာ ပြောလိုက်တယ်။
"မရဘူးJunkyuရ...မင်းငါမသိပဲ ဒီကိုလာလာနေတာ ဘယ်နှခါရှိပြီလဲ?အိမ်ကိုပြန်ရမယ်သိတယ်မလား မင်းဒီလို ပေါ်တင်နေနေလို့မရဘူးဆိုတာ။တစ်ခြားနတ်သားတွေ မင်းဒီလို စည်းကမ်းဖောက်နေတာ သိရင် အကြီးအကဲတွေကိုသွားတိုင်ရင် မင်းပြဿနာတတ်လိမ့်မယ်။ပြန်ရအောင်"
Yoshi ကပြောနေပေမဲ့ Junkyu ကနားဝင်မဲ့ပုံမပေါ်ပါ။ထိုအချိန်မှာ Rutoက Junkyu အနားရောက်လာပြီး Junkyu လက်ကိုဆွဲကိုင်ဖို့ကြိုးစားပေမဲ့ Yoshiက အရင် Junkyu လက်ကိုဆွဲကိုင်လိုက်တယ်။
"အကို သွားတော့မှာလား...."
Rutoက လက်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်းနည်းစွာမေးလိုက်တယ်။Rutoရဲ့အဖြေကို ပြန်ဖြေဖို့ Junkyu အင်အားမရှိခဲ့ပါ။ပျောက်ကွယ်မသွားဖူးလို့ ဒီကလေးကိုပြောခဲ့တာမကြာသေးပေမဲ့ သွားရတော့မယ်ဆိုတော့ ဒီကလေးက ဘယ်လောက်တောင်ဝမ်းနည်းသွားမလဲဆိုတာ Junkyuသိနေတယ်။"ဒီမယ် လူသား။ငါတို့ကအမျိုးမတူတာသိတယ်မလား?ငါတို့ကခြားနားတာမို့ မင်းတို့နဲ့ ဒီလိုတရင်းတနှီးနေလို့မရဘူး..ငါတို့သွားရမယ်။လာJunkyu သွားရအောင်"
Yoshiက ကြားထဲကနေ Ruto ကိုပြောလိုက်ပြီး Junkyu ကိုဆွဲခေါ်သွားတော့တယ်။ Yoshi ဆွဲခေါ်ရာနောက်ကို Junkyu မလိုက်ချင်ပေမဲ့တရွေ့ရွေ့နဲ့ပါသွားခဲ့တယ်။Rutoကတော့ ထိုနေရာပင် လိုက်လည်းမဆွဲနိုင်ပဲ မျှော်လင့်ချက်မဲ့စွာဖြင့် Junkyu ကိုကြည့်နေခဲ့တယ်။