Doyoungပြန်သွားပြီး ခနကြာတော့ လိပ်ပြာလေးတွေလည်း ပျောက်သွားကြတယ်။Harutoလဲ ဝက်သစ်ချပင်အောက်မှာ စာအုပ်ဖတ်ရင်းကျန်နေခဲ့တယ်။
သိပ်မကြာခင်မှာပဲ ကောင်းကင်မှာရှိတဲ့ တိမ်စိုင် တိမ်လိပ်တွေက တဖြည့်ဖြည့်ညှို့မှိုင်းလာတယ်။မိုးရွာတော့မယ်ဆိုတာသိတာကြောင့် Harutoလည်း အိမ်ထဲကပြတင်းပေါက်တွေဝင်ပိတ်ပြီး သိမ်းစရာရှိတာတွေကို သိမ်းနေတယ်။
သိမ်းလို့မပြီးခင်မှာပဲ မိုးကဖွဲဖွဲလေးကျလာခဲ့တယ်။မိုးအေးအေးနဲ့ ကော်ဖီပူပူတစ်ခွက်သောက်ဖို့ Harutoပြင်လိုက်တယ်။
အိမ်လေးရဲ့ အရှေ့ဘက်ကပြတင်းပေါက်တွေကမှန်ပြတင်းပေါက်တွေမို့ အပြင်ကပန်းခင်းတွေပေါ်မှာ မိုးစက်တွေကျနေတာကို Haruto မြင်နေရတာပေါ့။ဖျော်ထားတဲ့ ကော်ဖီပူပူတစ်ခွက်ကိုသောက်ရင်း စာအုပ်ကိုသာဆက်ဖတ်နေလိုက်တယ်။
နည်းနည်းကြာလာတော့Harutoတစ်ယောက် စာအုပ်ဖတ်ရင်းပင် ငိုက်လာတယ်။ဒါနဲ့Harutoလဲ စာအုပ်ကိုဘေးချပြီး ခနမှေးလိုက်တယ်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အုံ့မှိုင်းတဲ့တောအုပ်ကြီးထဲကနေ အပေါ်အောက်အဖြူရောင်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်ထွက်လာခဲ့တယ်။ထူးဆန်းစွာပင် ထိုကောင်လေးရဲ့ ကျောပေါ်မှာ လှပပြီးအရောင်စုံစွာ ရှိနေတဲ့အတောင်ပံတွေ။
ဘွားဘွားပြောဖူးတဲ့နတ်သားဆိုတာမျိုးလားဆိုပြီး Rutoတွေးမိလိုက်တယ်။
ပန်းတွေစိုက်ထားတဲ့ နေရာကို သူကဖြည်းဖြည်းချင်းလှမ်းလာနေခဲ့တယ်။ ပြီးတော့ သူကပန်းတွေကိုကြည့်ပြီးနားမလည်နိုင်တဲ့စကားတွေ တိုးတိုးလေးပြောနေခဲ့တယ်။
Harutoလည်း အဲ့ဒီကောင်လေးကိုနားမလည်တဲ့မျက်လုံးတွေနဲ့ကြည့်နေခဲ့တယ်။ခနကြာတော့ ထိုကောင်လေးက Harutoဆီကိုလှမ်းလာနေခဲ့တယ်။
နေရောင်ခြည်ရဲ့အလင်းက ထိုကောင်လေးမျက်နှာပေါ်ဖြာကျနေတာမို့ ကောင်လေးရဲ့မျက်နှာကိုသေချာမမြင်နိုင်ခဲ့ဘူး။ ဒါပေမဲ့ နှင်းဆီပွင့်ဖက်လို ရဲပြီးဖူးနေသည့် နူးညံ့လှတဲ့နှုတ်ခမ်းလေးတွေကိုတော့သေသေချာချာမြင်ခဲ့ရတယ်။