"Rutoရေ Ruto!"ဟူ၍ Doyoung တစ်ယောက် Rutoကိုအော်ခေါ်ရင်း Rutoနဲ့ Junkyu ရှိရာဆီသို့ရောက်လာတယ်။
"ခေါ်ရတာ မောလိုက်တာ"
Doyoung တစ်ယောက် မောပန်းစွာ ငြီးတွားလိုက်တယ်။"အမောတကောနဲ့ ဘာဖြစ်လာတာတုန်း"
"ဘာမှမဖြစ်ဘူး မင်းဆီအရင်နေ့ကမလာဖြစ်လို့ အခြေအနေကောင်းသေးရဲ့လားဆိုပြီးလာကြည့်တာ"
"အခြေအနေကောင်းမကောင်းကြည့်လိုက်လေဒီမှာ"ဟူ၍ပြောရင်း Junkyu ပုခုံးကိုဆွဲဖက်လိုက်တယ်။
"ဘာလုပ်တာတုန်း"
Junkyu က ရှက်ရှက်နဲ့လက်ကို ဖယ်ချလိုက်တယ်။"ရှက်မနေပါနဲ့အစ်ကိုရယ်။ပြန်လာတာ ကျေးဇူးတင်ပါတယ်။နတ်သားဆိုတာလည်းယုံပါပြီ။ပြန်မလာရင် ဒီကောင်ရူးရင်ရူးနေမှာ"
Doyoung စကားကြောင့် Rutoရော Junkyu ပါ ရှက်ရှက်နှင့်ရယ်မောလိုက်ကြတယ်။
"ဒါနဲ့အစ်ကိုက ဘယ်တော့ပြန်ထွက်သွားမှာလဲ?"
Rutoတစ်ယောက် မျက်နှာငယ်သွားရပြန်တယ်။
"ဒီမှာပဲတစ်သက်လုံးနေမှာ"
"တကယ်ကြီး?"
"အွန်း မယုံရင် Rutoမေးကြည့်"
"ဝါး မိုက်လိုက်တာ။ ကိုယ်သဘောကျရတဲ့သူနားမှာနေရတာဆိုတော့ ပျော်စရာကြီးနေမှာပဲ"ဟူ၍ Doyoung တစ်ယောက် ကောက်ချက်ချလိုက်တယ်။
"ဒါနဲ့ ငါ့အကြောင်းတွေကို အိမ်ကိုမပြောပါနဲ့လား။ငါ့အိမ်လက်ခံအောင် ငါတဖြည်းဖြည်းချင်း အသိပေးမှာမို့လို့"ဟုRutoက Doyoung ကို အကူအညီတောင်းလိုက်တယ်။
Doyoung ကလည်း ဒီလောက်တော့ငါသိပါတယ်ဆိုတယ် အကြည့်နဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။
"မျိုးနွယ်ချင်းမတူတဲ့အတွက် လက်ခံစရာမရှိဘူး"
တိတ်ဆိတ်နေတဲ့ နောက်ကျောဘက်မှဟိန်းထွက်လာတဲ့ အသံကြောင့် Rutoတို့သုံးယောက်ခေါင်းနပန်းကြီးသွားတယ်။
"အ..အဘိုး"
တုတ်ကောက်ကို အားပြုရင်း အမျက်ထွက်သရောင်ပြုနေတဲ့မျက်လုံးများနဲ့ Rutoတို့ အဘိုးကိုတွေ့လိုက်ရတယ်။