"အကို တကယ်ပြန်လာတာနော်။ထပ်ထားသွားအုန်းမှာလား?"
Rutoက Junkyu ရဲ့လက်ကို အတင်းဆုပ်ကိုင်ရင်း ညှိုးငယ်စွာမေးလိုက်တယ်။
"Rutoကိုချစ်တာပါဆိုမှ Rutoကိုပစ်ပြီးဘယ်ကိုသွားရမှာလဲ?"
"သေချာလား။"
"ပြန်စေချင်နေရင် ပြန်တော့မယ် တာ့တာ့"
Junkyu က Rutoကိုစနောက်ပြီး ထဖို့ပြင်လိုက်တယ်။"ဒီလိုတော့မရဘူး။ လွှတ်မပေးနိုင်ဘူး။အကိုဘယ်သွားသွားလိုက်မှာ"ဟု ပြောပြီး Rutoက Junkyu ခါးသွယ်သွယ်လေးကို မလွှတ်တမ်းဖက်ထားလိုက်တယ်။
Junkyu ကထွက်မသွားဘူးပြောနေပေမဲ့ Rutoအကြွင်းမဲ့မယုံကြည်ရဲပါ။Junkyuကိုမေးဖို့ မေးခွန်းတွေအများကြီးရှိနေပေမဲ့ Rutoကတော့ လှပနေတဲ့ ရွှေရောင်အခိုက်အတန့်လေး ဝမ်းနည်းစရာအဖြစ် ကူးပြောင်းသွားမှာဆိုးတဲ့ အတွက်ကြောင့် မေးဖို့မကြိုးစားခဲ့ပါ။
"ကဲ Ruto ဒါဆိုအိပ်ကြရအောင်"
Junkyu စကားကြောင့် Rutoပါးစပ်အဟောင်းသားဖြစ်သွားတယ်။
"အာ!ဘာလို့ထူးဆန်းတဲ့ ပုံစံဖြစ်သွားတာလဲ? ဒီတိုင်းအိပ်တာကိုပြောတာလေ?ထူးဆန်းတဲ့ အတွေးတွေလျှောက်တွေးနေတာလား?အံ့ရော"
Junkyu ကစကားကို သူ့စကားကိုသူ ကမန်းကတန်းပြန်ပြောတော့မှ Rutoလည်း ရယ်ချင်သွားတယ်။
"ဘယ်သူက ဘာပြောနေလို့လဲ?ဒီကုတင်လေး တစ်လုံးတည်းအပေါ် နှစ်ယောက် ဘယ်လိုအိပ်ရမလဲဆိုတာစဉ်းစားနေတာပါ။အကိုကလျှောက်တွေးနေတာမဟုတ်ဘူးလား?"
"ဒီလောက်လွယ်လွယ်လေးကို စဉ်းစားနေသေး။ငါကကုတင်ပေါ်အိပ်မယ်။Rutoက ခုနတုန်းကလို ထိုင်ခုံပေါ်အိပ်"
Junkyu စကားကြောင့် Ruto ပြောစရာစကား ပျောက်သွားတယ်။
"ရားးအံ့ဩဖို့ကောင်းလောက်အောင် တကယ်ကိုရက်စက်တာပဲ"
"အကြံဉာဏ်ကို လက်မခံဘူးဆိုရင်လည်း ရပါတယ်။သွားတော့မယ်။"
Junkyu က ထုံးစံအတိုင်း Dramaခင်းလိုက်ပြန်တယ်။"ရပါတယ် မနေချင်မှတော့သွားပါတော့"ဟူ၍ Rutoက Dramaပြန်ခင်းရာ Junkyu တစ်ယောက် နှုတ်ခမ်းထော်၍ မလှုပ်မယှက်ငြိမ်သက်သွားတော့တယ်။