𝙁𝙤𝙧𝙚𝙨𝙩 𝘼𝙣𝙜𝙚𝙡 𝙚𝙥4

147 42 3
                                    

မနက်ခင်းတိုင်းမိုးလင်းပြီဆိုတာနဲ့Doyoungက Harutoအတွက်စားစရာတွေကို စက်ဘီးလေးနဲ့လာပို့ပေးတယ်။

အဲ့တာကြောင့်လဲ Harutoတစ်ယောက်နေ့တိုင်း သူကိုယ်တိုင်စိုက်ထားတဲ့ Cosmosပင်တွေနဲ့ တခြားအပင် အသစ်တွေကိုပြုစုပျိုးထောင်လိုက် သီချင်းလေးဖွင့်ရင်းစာအုပ်ဖတ်လိုက်နှင့်တော်တော်ဟန်ကျနေတာပေါ့။

တဖြည်းဖြည်းအချိန်တွေကြာလာတာနဲ့အမျှ ပန်းပွင့်ချိန်ရောက်လာပြီး Cosmosပန်းနုရောင်တွေနဲ့ခရမ်းလွင်လွင်လေးတွေကဝေဝေဆာဆာပွင့်လန်းလာခဲ့တယ်။Harutoကတော့ Cosmosပန်းတွေကိုကြည့်ရင်း ပျော်လို့မဆုံးပေါ့ ပန်းစိုက်သူရဲ့အပျော်တွေပေါ့..

ခနကြာတော့ Harutoအိမ်နောက်ထဲဝင်သွားပြီးသစ်သားပြားနဲ့တိုင်တစ်ချောင်းကိုယူလာတယ်။ဆိုင်းဘုတ်အသေးစားလေးဖြစ်အောင်လုပ်လိုက်ပြီး "COSMOS"ဆိုပြီး Englishစာလုံးအကြီးတွေနဲ့ ရေးစိုက်လိုက်တယ်။လိပ်ပြာလှလှလေးတွေကို Harutoကအရမ်းသဘောကျတာမို့ သူ့ပန်းလေးတွေနား လိပ်ပြာလေးတွေဝဲနေဖို့မျှော်လင့်နေတာပေါ့။

မကြာခင်မှာပဲ ဟိုတခါက သူနောက်ကနေမက်မက်မောမောလိုက်ကြည့်ခဲ့ရတဲ့လိပ်ပြာလေး ရောက်လာပြီး ထိုဆိုင်းဘုတ်သေးသေးလေးပေါ် လာနားတာကိုတွေ့လိုက်တယ်။

Haruto ‌လှပလွန်းတဲ့ထိုလိပ်ပြာလေးကိုပြန်တွေ့လိုက်တာမို့ ထခုန်မတတ် တော်တော်ဝမ်းသာသွားတယ်။လိပ်ပြာလေးရဲ့အရောင်အသွေးကဒီနေ့ပိုထူးပြီးလှနေသလိုပဲ။ပန်းနုရောင်၊အပြာနုရောင်နဲ့ခရမ်းနုရောင် အို..သုံးရောင်ပေါင်းပြီး တလက်လက်နဲ့စိန်များခြယ်ထားသလို တောက်ပနေလိုက်တာ။

လိပ်ပြာလေးလန့်ပြီးပျံသွားမှာစိုးလို့ Harutoတစ်ယောက်အသက်တောင်ကျယ်ကျယ်မရှုဝံ့။ခနကြာတော့ ထိုလိပ်ပြာလေးလဲ တောထဲကိုပျံထွက်သွားတယ်။

ဒီတစ်ခါတော့Haruto လိပ်ပြာလေးနောက်မလိုက်တော့ပေ။ပန်းတွေရှိရင် လိပ်ပြာလေးတွေကလာမယ်ဆိုပြီး Haruto သူ့အိမ်ပတ်ပတ်လည်လည်ကို ပန်းတွေအများကြီးစိုက်ရန်သာစဉ်းစားလိုက်တယ်။အဲ့တာကြောင့် Harutoတစ်ယောက် အဲ့အချိန်ကစပြီး နေ့နေ့ညည ပန်းတွေကိုသာ အလုပ်လုပ်ပြီးစိုက်နေခဲ့တယ်။

𝙁𝙤𝙧𝙚𝙨𝙩 𝘼𝙣𝙜𝙚𝙡Where stories live. Discover now