"တောက် တောက် တောက်"
ခေါင်းရင်းမှ သစ်တောက်ငှက်တို့ သစ်ပင်ကိုခေါက်နေသံကြောင့် Haruto အိပ်နေရာမှ ရုတ်တရက် နိုးကာ ငုတ်တုတ်ထထိုင်လိုက်တယ်။စားပွဲပေါ်ကနာရီကို ကြည့်လိုက်တော့ မနက် 7နာရီခွဲရှိနေပြီဖြစ်တာကြောင့် ကမန်းကတန်း ထပြီး ရေချိုးရန်ပြင်ဆင်လိုက်တယ်။နောက်ကျနေပြီဆိုတဲ့အတွေးနဲ့ အလောတကြီး လုပ်မိရာမှ ပိတ်ထားတဲ့ရေချိုးခန်းတံခါးကို ခေါင်းနဲ့ဝင်တိုက်မိသွားတယ်။
"ဒုန်း"
"အား ကျွတ်ကျွတ်သေပါပြီ"
Harutoခေါင်းကိုပွတ်ရင်းပြောလိုက်တယ်။ရေမိုးချိုးပြီးတော့ မနေ့ကDoyoungတို့ယူလာတဲ့ စားစရာများကို ပြင်ဆင်ပြီး စားလိုက်တယ်။ထို့နောက် အိမ်အပြင်သို့ ထွက်လာကာ မနေ့ကပြုပြင်ပြီးခါစရှိသော ပန်းခင်းမြေနေရာကို တချက်ကြည့်လိုက်တယ်။မြေဆီဩဇာ အတော်ကောင်းမွန်တာကြောင့် အိမ်ကပါလာခဲ့သော Cosmosပန်းမျိုးစေ့များကိုချက်ချင်းယူကာ စနစ်တကျ စိုက်လိုက်တယ်။
ရေသေချာလောင်းပြီးနောက် Harutoဝက်သစ်ချပင်အောက်မှာ ထိုင်ရန်အတွက် အိမ်အနောက်ထဲရှိသော သစ်သားများကို ယူပြီး နှစ်ယောက်စာမျှထိုင်လို့ရသည့်သစ်သားထိုင်ခုံလေးရိုက်လိုက်တယ်။
"ဟူး"မောလွန်းတာကြောင့်လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။မောပေမဲ့လဲ သူကိုင်တိုင်ရိုက်ထားတဲ့ သစ်သားခုံလေးကိုကြည့်ပြီး အပြုံးတွေဝေဆာနေတယ်။
လေနုအေးအေးလေးတိုက်ခတ်လာတာကြောင့် လေနတ်မင်းကျန်းမာချမ်းသာပါစေဟုသာ ဆုတောင်းပို့နေခဲ့တယ်။Harutoရဲ့ဝါသနာအတိုင်း အိမ်ထဲကစာအုပ်တစ်အုပ်ကိုယူလာပြီး ထိုသစ်သားခုံလေးပေါ်မှာ ထိုင်ဖတ်လိုက်တယ်။
အတော်အတန်စာဖတ်ပြီး မျက်စိညောင်းလာတာကြောင့် အနီးအနားထပြီး လမ်းလျှောက်လိုက်တယ်။
ရုတ်တရက်ဆိုသလို Cosmosပန်းမျိုးစေ့များ စိုက်ထားသောနေရာကို မျက်စိရောက်သွားတာမို့ သေချာကြည့်မိလိုက်တယ်။ကနုတ်ခတ်များနှင့်အပြာရောင်ဖိန့်ဖိန့်တောက်နေပြီး အရွယ်အစားအားဖြင့် သာမန်ထက်အနည်းငယ်ကြီးတဲ့ လိပ်ပြာလေးက ထိုနေရာမှာပျံဝဲနေတာကို မြင်လိုက်ရတယ်။