"Ruto မင်းကတကယ် ရယ်ရတဲ့တဲ့သူပဲ"
Ruto ရဲ့လက်ကို ဖြည်းညှင်းစွာ လွှတ်ချလိုက်ပြီး တောင်ပံတွေဖြန့်ဝဲရင်း တခြားပန်းရောင်စုံတွေဆီကို Junkyu တိုးဝင်သွားခဲ့တယ်။
ပြီးပြည့်စုံလှတဲ့ နတ်သားတစ်ပါးကို ပန်းရောင်စုံတွေကြားမှာ မြင်နေရသည်မှာ စိတ်ကူးယဉ် ပန်းချီကားတစ်ချပ်ကဲ့သို့လှပလွန်းနေတယ်။
Ruto လည်း Junkyu နောက်ကို အလျှင်အမြန်လိုက်သွားခဲ့တယ်။
"အကိုက ကျွန်တော့်ကို နောက်တယ်ထင်နေတာမလား? စကားတွေက ကလေးဆန်တယ်ထင်နေတာမလား?..."Junkyu ကြားအောင် Rutoအော်ပြောလိုက်တယ်။
"Rutoရ မကြားခဲ့သလိုပဲထားလိုက်မယ်...မပျောက်ကွယ်ပဲ ဒီတိုင်း အတူတူရှိချင်သေးတယ်ဆို မဟုတ်တာတွေမပြောပဲနေရအောင်။ငါလည်း တူတူရှိချင်သေးတာမို့"
Ruto ရဲ့ စကားတွေကိုJunkyu နားလည်ပေမဲ့ ဒီထက်ပိုလာရင်နာကျင်မှာကြောင့် လျစ်လျူရှုလိုက်တယ်။"Omm...မပြောတော့ဘူး ပျောက်မသွားနဲ့"
ရုတ်တရက်အနားကနေ ရုတ်တရက်ပျောက်သွားမှာကို တကယ်ကြောက်တာမို့ Junkyu စကားတစ်ခွန်းမှာတင်ငြိမ်ကျသွားခဲ့တယ်။Rutoကိုယ်တိုင်လည်းနားမလည်ပါ။သူမဟုတ်တဲ့ အတိုင်း တခြားတစ်ယောက်ကို စွဲလမ်းမိသွားခဲ့မယ်လို့ မထင်ခဲ့မိပါ။စွဲလမ်းတယ်ဆိုတာထက် Junkyuဆိုတာ မပျောက်ကွယ်သွားစေချင်တဲ့ တောက်ပတဲ့ ဖြစ်တည်မှုလေးဖြစ်နေတယ်။
"Haruto!! Haruto"
Doyoung ခေါ်သံကြောင့် Junkyu တစ်ယောက် သစ်ပင်ကြီး အနောက်ဘက်သို့ပြေးပုန်းလိုက်တယ်။Rutoလည်း Junkyu ကို ခနစောင့်ဖို့ အမူအရာပြရင်း Doyoung ဆီသို့ပြေးသွားလိုက်တယ်။
"Haruto..!"
"ငါဒီမှာ"
"မင်းကလည်းခေါ်လိုက်ရတာကွာ။ဘယ်တွေရောက်နေတာလဲ"
"ငါရှိပါတယ် ပန်းတွေသေချာကြည့်နေလို့"
"ပန်းတွေဘယ်လိုဖြစ်တာ မနေ့ကမှ ဆိတ်ဝင်မွေသွားတာမဟုတ်ဘူးလား?"
"အွင်း။မြန်မြန်ပဲပြန်ပြင်လိုက်တာလေ ငါတော်တယ်မလား?"
"ဘာကိုတော်ရမှာလဲ။ရော့ ဒီမှာ ဘိုးဘိုးက မုန့်ပို့ခိုင်းလိုက်လို့ လာပို့တာ။နေ့လည်စာရော စားပြီးပြီလား?"