လေနုအေးအေးတိုက်နေသော တောအုပ်ထဲဖြေးဖြေးချင်း ဝင်သွားပြီးခနအကြာ၌ Harutoအဘွားပြောသလို အဘွားတို့နေခဲ့သည်ဟုထင်ရသော နွယ်တွေဖုံးအုပ်နေသော အိမ်လုံးလုံးလေးကိုတွေ့လိုက်ရသည်။အဘွားတို့ ငယ်စဉ်ကတည်းကအိမ်လုံးလုံးလေးမှာ ယခုထိတိုင်မပျက်မစီး အကောင်းအတိုင်းရှိနေသေးတာကြောင့် Harutoအံ့ဩသွားသည်။
အနည်းငယ် နွမ်းဟောင်းနေရုံကလွဲပြီး တခြားဘာမှကျိုးပဲ့ပျက်စီးချင်းပင်မရှိ သန့်ရှင်းသပ်ရပ်နေတာကြောင့် လူများနေနေသလားဟူ၍ တွေးမိသွားသည်။ထို့ကြောင့်Haruto အိမ်ပတ်လည်လှည့်လံရှာသော်လည်း ဘယ်သူ့ကိုမှမတွေ့ပေ။
Harutoပတ်ဝန်းကျင်ကို သေချာသတိထားကြည့်မိတော့မှ အိမ်လုံးလုံးလေးဘေးမှာ ဝက်သစ်ချပင်ကြီးရှိသည်ကို တွေ့လိုက်သည်။ထိုဝက်သစ်ချပင်ကြီး၏ အကိုင်းအခက်များမှာ လွန်စွာသန်မာနေပြီး အိမ်တစ်ခုလုံးကို အုပ်မိုးထားသည်။ထို့ကြောင့် Harutoပို၍ပင် ငေးငေးမောမောကြည့်နေမိသည်။
💭မိုက်လိုက်တာ ဒီလိုနေရာရှိတယ်ဆိုတာ ယုံတောင်မယုံနိုင်ဘူး!!
သူ့အဘွားပြောသလိုပင် Harutoထိုနေရာကိုတော်တော်သဘောတွေ့နေတော့သည်။
အိမ်လုံးလုံးလေးကအနည်းငယ် အိုဟောင်းသဖွယ်ဖြစ်နေတာကြောင့်ပြင်ဆင်စရာရှိတာ ပြင်ဆင်ရန် Harutoအထုပ်အပိုးများကိုချလိုက်သည်။ အကောင်းအတိုင်းရှိသေးသည့်အကြောင်းကိုပြောရန် ဘွားဘွားကိုအရင်ဖုန်းဆက်ရန် ဝက်သစ်ချပင်အရိပ်အောက်ဝင်ထိုင်လိုက်သည်။
"Helloဘွားဘွား သားရောက်ပြီ!!တကယ်သဘောကျစရာကောင်းသား နားအေးပါးအေးနဲ့"Harutoအဘွားကို သဘောကျကြောင်းပြောပြလိုက်သည်။
"တော်သေးတာပေါ့ တစ်ယောက်တည်းနေမှာဆိုတော့အစစအရာရာဂရုစိုက်နော်မြေး"
Harutoကို အဘွားကဂရုစိုက်ဖို့မှာသည်။"ဘွားဘွားဒါနဲ့ ဒီအိမ်ကဘွားဘွားတို့မနေခင်ကတည်းကရှိတာလား? ဘွားဘွားတို့ဆောက်ထားတာလား?"
Harutoမှာ စူးစမ်းလိုစိတ်တွေ တဖြည်းဖြည်းတိုးများနေတာကြောင့် ထိန်းချုပ်မထားပဲ သိချင်တာကိုမေးလိုက်သည်။