9

5.2K 517 74
                                    

"စီစီ လီဆာ ဘယ်မှာလဲဟင်"

စီစီ,‌အော် မမလေး လီဆာလား အောက်ထပ်ဂိုထောင်မှာ ကုန်ပစ္စည်းအသစ်တေရောက်လို့သွားစစ်တယ်

ဂျန်းနီ,အော် ဟုတ်ပြီ ဒါဆိုသွားလိုက်အုန်းမယ်

"လီဆာ ရှိမယ့် အောက်ထပ်ဂိုထောင်ဘက်အခြမ်းကိုလာခဲ့လိုက်တယ်"

"တွေ့ပါပြီ ခန္ဓာကိုယ်ထက်ကြီးတဲ့ပစ္စည်းတေကိုသယ်နေပြန်ပြီ"

"လီဆာ ခဏ"

လီဆာ,ဟင် သူဌေး

"နီနီ ပြန်လာပြီ ဟိုလူကဘာလို့ပါလာတာလဲ"

ဂျန်းနီ,လီဆာ ဒါကဒေါက်တာစိုင်းနော်တဲ့ စိုင်း ဒါ

စိုင်း,တွေ့ရတာ၀မ်းသာပါတယ်
လာလီဆာမာနိုဘန်း ရေ

"အမလေး ငါ့နာမည်ကိုများ ရာရာစစ တစ်လုံးချင်း လာခေါ်နေတယ်"

_အပြုံးတုနဲ့လီဆာ

လီဆာ,ဟုတ်ကဲ့

စိုင်း,ဒါ ကျွန်တော့လိပ်စာကပ်ပါ စိတ်ရောဂါ
အခြေအနေတစ်ခုခုဆို ကျွန်တော့ဆီလာခဲ့ပါခင်ဗျ

"အမလေး ငါ့ကိုများအရူးမဖြစ်ရင် သူ့ဆီလာဆိုပြီးပြောနေတာကြည့်စမ်း"

လီဆာ,ဟုတ်ကဲ့

စိုင်း,လီဆာက အရပ်တော်တော်ရှည်တာပဲနော် အရမ်းလည်းပိန်တယ်

"အောင်မာ ငါ့ကိုငပိန်လောရှည်ဆိုပြီး သွယ်ဝိုက်ပြောနေတာကြည့်စမ်း"

လီဆာ,ဟုတ်ကဲ့

စိုင်း,ဂျန်းနီ အချိန်ရလားဟင်

ဂျန်းနီ,ရပါတယ် စိုင်းရဲ့ဘာလို့လဲ

စိုင်း,လီဆာနဲ့ ကိုယ်တို့တေအတူတူ တစ်ဝိုင်းလောက် ဘားမှာသွားသောက်ကြမလားလို့

လီဆာ,ကျွန်မက မအားဖူး

စိုင်း,ဟာ ဟုတ်လား ဘာလို့လဲဟင်

လီဆာ,အိမ်ကကြက်မကြီး ဉဉနေလို့ အဲ့တာမီးနေသည်လုပ်ပေးရမှာ

"ဟမ်"

စိုင်း,မနောက်ပါနဲ့ လီဆာရယ်

လီဆာ,မသန်ပါဖူး ကျွန်မက

ဂျန်းနီ,ကဲပါ စိုင်း လီဆာမအားလည်း တို့တေပဲသွားမယ်လေ

"ဘာ သူတို့နှစ်ယောက်ထဲသွားမယ်ဟုတ်လား"

မောင့်ရင်ထဲကလမင်းငယ်Where stories live. Discover now