"အား လေးလိုက်တာ လူကအရိုးဖြစ်ပြီး
ဘာလို့အဲ့လောက်လေးနေတာလဲ"_လီဆာ့ကို မနိုင်မနင်းနဲ့ကုတင်ပေါ်ပစ်တင်လိုက်တယ်
"နီနီ လာလေ"
_ကုတင်ပေါ်မှာပက်လက်ဖြစ်ပြီး
မူးနေတာတောင်လက်နှစ်ဖက်ကိုဆန့်ပြီး
ကျွန်မနာမည်ခေါ်နိုင်သေးတယ်"ကျွန်မအစား ၀က်ဝံရုပ် တစ်ခုအမြန်ပေးလိုက်ရတယ်"
"ဒီအခါမှငြိမ်သွားတယ်"
"အိပ်သွားပြီထင်ပါရဲ့" အသံတိတ်သွားပြီ""အကျီတစ်ခုလုံးလဲချွေးတေရွှဲလို့ အကျီ
လဲပေးမှရမယ် မဟုတ်ရင် အအေးပတ်သွားနိုင်တယ်"_ကြယ်သီးလေးတေတစ်လုံးချင်းဖြုတ်ပြီး
မနိုးအောင်အသာလေးချွတ်ပေးခဲ့တယ်
_တော်သေးတယ် အောက်မှာအကျီလက်ပြတ်လေးပါလို့"ဟ အကျီပဲမချွတ်နဲ့လေ ဘောင်းဘီပါချွတ်ပေး ပူတယ်"
ဂျန်းနီ,တစ်ကယ်ပါပဲ ရှင့်ဘာသာချွတ်ပေါ့
ထိုင်နေရင်း
"ထထွက်သွားဖို့လုပ်တဲ့ ဂျန်းနီရဲ့လက်ကို
လီဆာ ရုတ်တရက်ဖမ်းဆွဲထားလိုက်တယ်""မသွားပါနဲ့ နီနီရယ် မောင့်ကိုတစ်ယောက်ထဲမထားခဲ့ပါနဲ့ မောင်ကြောက်တယ်"
ဂျန်းနီ ကုတင်ပေါ်ပြန်ထိုင်လိုက်တော့
လီဆာကဂျန်းနီပေါင် ပေါ် ခေါင်းလေးလာတင်တယ်"ကျွန်မလည်း သူ့ရဲ့ဆံပင်လေးတေကိုအလိုက်အထိုက် ပွတ်သပ်ပေးနေမိတယ်"
ဂျန်းနီ,ရှင်ထားခဲ့တုန်းက ကျွန်မလဲဘယ်လောက်တောင်ကြောက်ခဲ့လဲ ရှင်သိရဲ့လား
"ရှင့်နှလုံးသားထဲမှာ ကျွန်မရှိခဲ့ရဲ့လား"
_ဂျန်းနီ မျက်လုံးထဲမှာ မျက်ရည်တေဟာ အဝိုင်းသား
"လီဆာ လှဲနေရင်းကနေ ငုတ်တုတ်ထိုင်ပြီး"
လီဆာ,နီနီ ငိုနေတယ် ဟုတ်လား
ဂျန်းနီ,အင်း ကျွန်မငိုနေရပြန်ပြီ
လီဆာ,မောင့်ကြောင့်ပဲလားဟင်
"ကျွန်မဘ၀တစ်လျှောက်လုံး ရှင့်ကြောင့်
ကလွဲပြီး ဘယ်သူ့ကြောင့်ငိုရအုန်းမှာလဲ"