39

4.5K 338 28
                                    

"ထောင်သားအမှတ် ၂၀၁၀ ဧည့်တွေ့လာတယ်"

-နံရံကိုမှီပြီးထိုင်နေတဲ့ ချယ်ယောင်း၏မျက်နှာကို သူ၏အခန်းခေါ်က အားပါးပါးရိုက်ပြီး

"ဖျောင်း💥 ဧည့်တွေ့တဲ့ အရင်လိုပဲငြင်းမှာပဲမလား"

ချယ်ယောင်း ဘာဆိုဘာမှပြန်မတုံ့ပြန်ခဲ့ပါ

"စောက်ရူးကောင် ဟေး ထောင်မှုးကြီးရေ
အရင်လိုပဲ ဒီအရူးဧည့်တွေ့ငြင်းတယ်"

ထောင်မှုး,ဒီတစ်ခါနည်းနည်းထူးဆန်းတယ် လာနေကြဟို အန်တီကြီးမဟုတ်ဖူး အသက်ငယ်ငယ်ကောင်မလေးတစ်ယောက်ပဲ

"ဟင် ဟုတ်လား ‌ဒါဆိုစိတ်လှုပ်ရှားစရာလေးပေါ့ လှလားဟင်ထောင်မှူးကြီး"

_အခန်းထဲမှ လူတေကလည်း ထောင်မှုးရဲ့စကားကိုမျှော်တလင့်စောင့်စား နားထောင်တယ်

ထောင်မှုး,နတ်သမီးလေးလားပဲ

"ဟားဟားဟားဟား ဟေးစောက်ရူး
မင်းမတွေ့ချင် ငါမင်းအစားတွေ့ပေးမယ်လေ ဘယ်လိုလဲ"

ထောင်မှုး,ဟေးဟေး လူစုခွဲမယ်

-ထောင်မှုးက ချယ်ယောင်းအားသူ့ရဲ့သံတုတ်နဲ့ တို့ပြီး သွားဆိုတဲ့ပုံစံလုပ်ပြတယ်

ချယ်ယောင်း ငြိမ်သက်နေဆဲပါ

_ထောင်မှူးကတိုးတိုးလေးပြောတယ်
"ဂင်ဂျီဆူး ဆိုလားပဲ သူ့ကြည့်ရတာ အရမ်းတွေ့ချင်နေတဲ့ပုံပေါက်တယ် ပြီးတော့ ငါသူ့ဆီက ငွေယူပြီးပြီ မင်းသွားတွေ့မှရမယ်"

_ချယ်ယောင်း ဘာတစ်လုံးမှမကြားခဲ့ပေမဲ့
ဂင်ဂျီဆူးဆိုတဲ့နာမည်လေးကို သူကြားနိုင်ခဲ့တဲ့ပုံပဲ

_အကြည့်တေကချက်ချင်းအသက်၀င်လာခဲ့ပြီ ချက်ချင်းပြောင်းသွားတယ်

.....................................

_ဧည့်တွေ့အခန်းမှာ ထိုင်နေတဲ့ ဂျီဆူးကို
တွေ့လိုက်တာနဲ့ ချယ့်မျက်ရည်တေဟာ အလိုလိုစီးကျလာတယ်"

ဆူး,နေကောင်းရဲ့လား

ချယ့်မျက်ရည်တေကျနေတုန်းပဲ

_တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောပဲငြိမ်သက်နေခဲ့တယ်

မောင့်ရင်ထဲကလမင်းငယ်Donde viven las historias. Descúbrelo ahora