unicode
Chapter 45“မင်းရဲ့တံတွေးတွေသုတ်ပြီး သွားတော့”
ရှန်းချင်းဟန်သည် လက်ထဲမှာစာအုပ်ကို ချ၍ မတ်တပ် ရပ်လိုက်သည်။
“ဘယ်ကိုလဲ”
လင်းကျဲ့သည် နည်းနည်းလေးမှ စိတ်မဝင်စားဘဲ လူသေကောင်လို လဲလျောင်းနေသည်။
“မင်းရဲ့အိမ်ကို”
ရှန်းချင်းဟန်က ပြောပြီး လှည့်ထွက်သွားသည်။
ထိုစကားအား ကြားသောအခါ လင်းကျဲ့သည် မှင်သက် သွားသော်လည်း လျင်မြန်စွာ ပြုမူလိုက်သည်။ သူသည် ထရပ်လိုက်ပြီး ရှန်းချင်းဟန်အား ကြည့်သည်။
“ကျွန်တော့်ကို ပြောစမ်းပါ၊ ကျွန်တော့်ရဲ့အိမ်ကို သွားမှာလား”
“မင်းသွားချင်တယ်ဆိုရင် ငါ့နောက်ကိုလိုက်ခဲ့”
ရှန်းချင်းဟန်က ပြောသည်။
“ဒါပေါ့”
လင်းကျဲ့သည် ချက်ချင်း ပြေးထွက်သွားပြီး ပြုံးရွှင်စွာဖြင့် သူ၏ဘေးမှ နီးကပ်စွာ လိုက်လာသည်။
“ကျွန်တော် ခင်ဗျားကို ပြောပါရစေ။ ကျွန်တော် အိမ်ပြန်နေတယ်လို့ အိပ်မက်မက်နေခဲ့တာ။ အမှန်က ကျွန်တော် အိမ်ကို လွမ်းနေတာ ကြာလှပြီ၊ ဟားဟား မိသားစုမှာ ကျွန်တော် တစ်ယောက်တည်း ကျန်ခဲ့တယ် ဆိုပေမယ့်ပေါ့”
“ငါ သိပါတယ်”
ရှန်းချင်းဟန်၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားပြီး ခံစားချက် မပါသော မျက်နှာဖြင့် ပြောခဲ့သည်။
လင်းကျဲ့သည် လန့်သွားသည်။
“ခင်ဗျား သိတယ်၊ ဘာကိုသိတာလဲ”
“…”
ရှန်းချင်းဟန်သည် သူ့အား ပြန်ဖြေရန် အလွန် ပျင်းရိသောကြောင့် အရှိန်ကိုမြှင့်၍ ထွက်သွားသည်။
“ဟေး ကျွန်တော့်ကို စောင့်ပါဦး”
အိမ်ရှေ့မင်းသား နန်းတော်မှ အချိန်အတော်ကြာ ထွက်ခွာခြင်း မပြုပြီးနောက်၊ သူ ထွက်ခွာ လာချိန်တွင် လင်းကျဲ့သည် သူ့တစ်ကိုယ်လုံး ပြေလျော့သွားသည်ဟု ခံစားလိုက်ရသည်။
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။