part 80

2.1K 262 6
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၈၀

ရှန်းချင်းဟန်သည် လင်းကျဲ့နှင့်အတူ အိမ်​ရှေ့စံမင်းသားအိမ်တော်မှ ထွက်လာပြီး စည်ကားနေသောလမ်းများကို ဖြတ်၍ လျှောက်လာခဲ့သည်။  နောက်ဆုံးတွင် မြို့တော်၏အပြင်ဘက်တွင်ရှိသောဆိတ်ညံသောနေရာဆီသို့ ရောက် ရှိလာခဲ့သည်။
“အဲဒီမိန်းကလေးက ဒီမှာနေတာသေချာရဲ့လား”
လင်းကျဲ့သည် ကြွက်ပင်မရှိလောက်သည့် ဆိတ်ညံသောနေရာကို ကြည့်၍ ပြောသည်။
ရှန်းချင်းဟန်သည် စကားတစ်ခွန်းမှမဆိုဘဲ ရှေ့သို့ လျှောက်နေသည်။
“တကယ်ကို မျက်နှာကို လေဖြတ်ထားတာပဲ”
လင်းကျဲ့သည် အသံတိုးတိုးဖြင့် ရေရွတ်သည်။
“မင်းသား၊ ဒီဘက်ကို ကြွပါ”
ထိုအချိန်တွင် ကျန်းရန်​ရောက်လာသည်။
“ကောင်းပြီ”
ရှန်းချင်းဟန်က ဖြေလိုက်သည်။
“ငါ့ကို အာရုံမစိုက်ဝံ့ဘူး”
လင်းကျဲ့၏ဒေါသများသည် မြင့်တက်လာသည်။
သူသည် ရှန်းချင်ဟန်၏နောက်မှ နီးကပ်စွာလိုက်သွားသည်။  သူသည် ပို၍နီးကပ်လာသောအခါ လင်းကျဲ့သည် သူ၏ရှေ့မှ အမှန်တကယ်ပင် သေးငယ်သောအိမ်လေးအား တွေ့လိုက်ရသည်။  အိမ်ကလေးသည် အိုဟောင်း၍ ယိုင်နဲ့နေပြီး ဘေးပတ်ဝန်းကျင်တွင် အခြားအိမ်/အခန်းများမရှိပေ။  ထိုအိမ်သည် စုချင်း၏အိမ်ဖြစ်ရမည်။
“ဒီနေရာလား”
လင်းကျဲ့သည် ရပ်တန့်လိုက်ပြီး တွေဝေစွာမေးလိုက်သည်။
“ဟုတ်တယ်”
ရှန်းချင်းဟန်သည် ပြန်ဖြေလိုက်ပြီးနောက် အထဲသို့ဝင်မည်ပြုလိုက်သည်။
“ကျွန်တော်အရင်သွားမယ်”
လင်းကျဲ့သည် ရှန်းချင်းဟန်အား အချိန်မီတားလိုက်သည်။
“ဘာလို့လဲ”
ရှန်းချင်းဟန်၏မျက်နှာသည် ရုတ်တရက် အလွန်ကြည့်ရဆိုးစွာ ပြောင်းလဲသွားသည်။

“ခင်ဗျားမျက်နှာပြောင်းလဲသွားတာကလည်းမြန်လိုက်တာ၊ ကျွန်တော်ကလေးမဟုတ်တော့ပါဘူး၊ လေတိုက်နေတဲ့ အချိန်မိုးရွာသလိုပဲ”
လင်းကျဲ့က သူသည် ရှန်းချင်းဟန်ကို ဆွဲလိုက်၍ ဖြစ်သွားသောမျက်နှာကို မြင်လိုက်ရသည်။  သူသည် ထိုအရာနှင့် ပတ်သက်၍ စောဒကတက်ရုံမှတပါး မတတ်နိုင်ချေ။ 
“ခင်ဗျားက နေ့တိုင်းလူသေမျက်နှာလိုနေတာလေ။  သူတို့ကို ခြောက်လှန့်သလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”
“………”
“……….”
ရှန်းချင်းဟန်သည် ငြိမ်သက်သွားသည်။
ကျန်းရန်သည် ကြောက်လန့်ရုံမှလွဲ၍ မတတ်နိုင်ပေ။  သူသည် အိမ်ရှေ့စံမင်းသားအား လူသေတစ်ယောက်ဟု ပြောဝံ့သည်။  သူသည် အိမ်ရှေ့စံမိဖုရားမှာ တာ့ချင်မိသားစု၏ တစ်ဦးတည်းသော မိသားစုဝင်တစ်ဉီးဖြစ်နေသလား ဟုစိုးရိမ်မိသည်။  ထို့အပြင် သူ၏အိမ်ရှေ့စံမင်းသားသည်လည်း စိတ်ဆိုးပုံ​မပေါ်ပေ။
“ခင်ဗျား ကျွန်တော့်ကို စောင့်နေ၊ ကျွန်တော်အရင်သွားပြီး ကြည့်လိုက်ဦးမယ်”
လင်းကျဲ့သည် အနည်းငယ်ကြည့်ရဆိုးနေသာ ရှန်းချင်းဟန်အား ကြည့်၍ ဝင်သွားသည်။
“မင်းသား၊ မင်းသား”
လင်းကျဲ့ထွက်သွားပြီးနောက်တွင် ကျန်းရန်သည် ရှန်းချင်းဟန်အား ဂရုတစိုက်ဖြင့် ခေါ်လိုက်သည်။ “တိတ်စမ်း” ရှန်းချင်းဟန်က ပြောသည်။
ကောင်းတယ်၊ သေချာပါသည်။  မင်းသား စိတ်ဆိုးနေသည်။
“လူရှိပါသလား”
လင်းကျဲ့သည် ခြံဝင်းထဲသို့ဝင်လာခဲ့သည်။  ခြံဝင်းတစ်ခုလုံးမှာ ဟာလာဟင်းလင်းဖြစ်နေပြီး မည်သူ့ကိုမှ မတွေ့ရပေ။  ထို့ကြောင့် လင်းကျဲ့သည် အကြိမ်အနည်းငယ်ခန့်ခေါ်လိုက်သည်။ "Who?"
“ဘယ်သူလဲ”
ခဏမျှကြာပြီးနောက် စုချင်းသည် ခေါ်သံကို ကြားလိုက်ပြီး ထွက်လာသည်။  သူသည် ခြံဝင်းထဲတွင် ရပ်နေသော လင်းကျဲ့အား မြင်သောအခါ လန့်ဖျပ်သွားသည်။
“ငါပါ၊ အဟားဟား၊ မင်း ငါ့ကို မှတ်မိပါ့မလားတော့မသိဘူး”
လင်းကျဲ့သည် ဖြူဖွေးနေသောသွားများပေါ်အောင် ပြုံးပြလိုက်သည်။
စုချင်းသည် မှတ်မိသွားပြီးနောက် လျင်မြန်စွာ ပြေးလာသည်။  သူမသည် စိတ်လှုပ်ရှားနေသည်။
“စုချင်းက သခင်လေးကို ဘယ်လိုမေ့နိုင်ပါ့မလဲ၊ ကံကောင်းထောက်မစွာနဲ့ အဲ့ဒီနေ့က သခင်လေးက စုချင်းကို ကယ်ခဲ့တာပဲ၊ မဟုတ်ရင် စုချင်းအခုအချိန်မှာကျားတွင်းထဲရောက်နေမှာပါ၊ သခင်လေးရဲ့ကြင်နာမှုကို စုချင်း ဘယ်တော့မှမမေ့ပါဘူး”
လင်းကျဲ့သည် သူ၏ဘဝတွင် မည်သည့်အမျိုသမီးများနှင့်မှ အထူးသဖြင့် စုချင်းကဲ့သို့လှပသောအမျိုးသမီးများနှင့် မပတ်သက်ဖူးပေ။  ထို့ကြောင့် လင်းကျဲ့သည် ခဏမျှကြည်နူးနေပြီး သူ၏လက်အား ထပ်ခါထပ်ခါရမ်းပြနေသည်။
“ရပါတယ်၊အဲ့လောက်ထိမဟုတ်ပါဘူး”
“အဲ့နေ့က လုံခြုံရဲ့လား၊ ကျင်းတလောင် တို့က အင်အားကြီးတယ်၊ သခင်လေးကို အလွတ်ပေးပါ့မလားလို့ စိုးရိမ်နေတာ”
စုချင်းသည် စိုးရိမ်နေခဲ့သည်။
“ပြောရရင်တော့ အရှည်ကြီးပါပဲ၊ ဒါပေမယ့် မိန်းကလေးစုချင်းစိတ်ချနေပါ၊ ကျွန်တော်အဆင်ပြေပါတယ်”
လင်းကျဲ့က နူးညံ့စွာပြုံးသည်။
“အဲ့ဒါဆို ကောင်းပါတယ်၊ အဲ့ဒီနေ့ကစပြီး နေ့တိုင်းကျွန်မ သခင်လေးနဲ့ပတ်သက်ပြီး စိုးရိမ်နေခဲ့ရတာ၊ အခု သခင်လေး လုံခြုံပြီး အဆင်ပြေတာကို မြင်ရလို့ စိတ်သက်သာရာရပါပြီ”
စုချင်းသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ရှိုက်၍ ခေါင်းကို ငုံ့ကာ ရယ်မောလိုက်သည်။
“ကျွန်တော်လည်း အဲ့ဒီနေ့ကစပြီး မိန်းကလေးစုချင်းအကြောင်းပဲ တွေးနေမိတယ်”
လင်းကျဲ့က ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။
ထိုစကားကို ကြားသောအခါ စုချင်းမျက်နှာမှာ ရုတ်ချည်းပူလာပြီး နားရွက်မှ ပါးပြင်အထိနီရဲလာသည်။  စုချင်း၏ မျက်နှာသည် ရှက်ရွံ့နေဟန်ပေါ်နေသည်။
“တကယ်ပါလားရှင်”
“အင်း၊ တကယ်ပေါ့”
လင်းကျဲ့က ခေါင်းညိတ်ပြသည်။
စုချင်း၏နှလုံးသားထဲတွင် သမင်ပျိုလေးခုန်ပေါက်နေပြီး ခေါင်းငုံ၍ ရှက်ပြုံးကလေးပြုံးနေသည်။  သူမ၏နှုတ်ခမ်းမှာ မက်မွန်ပန်းပွင့်ကလေး ပွင့်လန်းနေသကဲ့သို့ ဖြစ်နေသည်။
“တကယ်တော့ ကျွန်တော့်ရဲ့ဖခင်က နေမကောင်းဖြစ်လို့ ကွယ်လွန်သွားပါပြီ၊ ဒါ့ကြောင့် မိန်းကလေးစုချင်းပြောတဲ့ မိသားစုမှာ အပြင်းအထန် နေမကောင်းဖြစ်နေတဲ့ ဖခင်တစ်ယောက်ပဲ ကျန်တော့တာကို ကျွန်တော်ကြားလိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်၊ ကျွန်တော် ထွက်လာပြီးတဲ့နောက်မှာလည်း အဲ့ဒီအကြောင်းကိုပဲ တွေးမိနေလို့ လာကြည့်လိုက်တာ၊ အခု မိန်းကလေးစုချင်းအဖေရဲ့အခြေအနေကို ကျွန်တော်သိလို့ရမလား”
လင်းကျဲ့သည် စုချင်း၏မျက်နှာပေါ်မှ ရှက်ရွံ့မှုကို မမြင်ပေ။  သူသည် သက်ပြင်းချလိုက်သော်လည်း သူ၏သိစိတ် ဖြင့် မခံစားမိပေ။
ထိုသို့ကြားလိုက်သောအခါ စုချင်း၏ရှက်ပြုံးသည် ချက်ချင်းအေးခဲသွားသည်။
“ ဒါဆို သခင်လေးပြောတဲ့ ကျွန်မအကြောင်းကို နေ့နေ့ညညတွေးနေမိတယ်ဆိုတာက ကျွန်မရဲ့ နေမကောင်းဖြစ် နေတဲ့ အဖေ့ကြောင့်လို့ဆိုလိုတာလား”
“ဟုတ်တယ်လေ၊ ဘာမှားနေလို့လဲ”
လင်းကျဲ့က ခေါင်းညိတ်ပြသည်။
“မမှားပါဘူး”
စုချင်းသည် နှုတ်ခမ်းထောင့်မှ လေမှုတ်ထုတ်လိုက်ပြီးနောက် ပြောသည်။
“ကျေးဇူးတင်ပါတယ်သခင်လေး၊ ကျွန်မစိုးရိမ်မိပါတယ်၊ ကံကောင်းစွာနဲ့ အဲ့ဒီနေ့က သခင်လေး ပေးလိုက်တဲ့ ပိုက်ဆံနဲ့ သမားတော်ပင့်ပြီး ဆေးလည်းဝယ်တိုက်လိုက်ပါတယ်၊ အခု အဖေက ပိုပြီး သက်သာလာပါပြီ”
“ဟုတ်လား၊ ကောင်းလိုက်တာ”
ကျောက်တုံးဆွဲထားသကဲ့သို့ လေးလံနေသော လင်းကျဲ့၏နှလုံးသားသည် နောက်ဆုံးတွင် ပေါ့ပါးသွားပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
“ဒါက…….”
စုချင်း၏ ကျောက်စိမ်းကဲသို့သော လက်နှစ်ဖက်သည် အချင်းချင်းလိမ်ယှက်နေပြီး စကားပြောခြင်းကို ရပ်တန့်လိုက် သည်။
“တကယ်…….”
စုချင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်သောအခါ သူမ၏ခြေထောက်သည် ရုတ်တရက် ကျောက်ခဲကို တိုက်မိပြီး လဲကျလုမတတ်ဖြစ်သွားသည်။  လူတစ်ကိုယ်လုံး ပစ်လဲကျလုနီးပါးဖြစ်သွားသည်ကို မြင်သောအခါ လင်းကျဲ့သည် သူ၏လက်များဖြင့် စုချင်းကို လျင်မြန်စွာ ဆွဲလိုက်သည်။
“ကျွန်မ လဲကျတော့မလို့၊ ကံကောင်းလို့ပါလား”
လင်းကျဲ့သည် စိတ်သက်သာရာရသွားသည်။
စုချင်းသည် လင်းကျဲ့၏လက်များထဲတွင် လဲကျနေပြီး သူမ၏ပါးပြင်မှာ နီရဲနေသည်။  “သခင်လေး……”
“ဟုတ်ကဲ့”
လင်းကျဲ့သည် သူ့လက်များကြားထဲမှ စုချင်းအား ငုံ့ကြည့်လိုက်သည်။
“အဲ့ဒီနေ့တုန့်က သခင်လေးကယ်ခဲ့တဲ့အတွက်စုချင်း အလွန်ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် စုချင်းရဲ့ အဆင့်အတန်းက နိမ့်ကျတဲ့အတွက် သခင်လေးကို ပြန်ဆပ်စရာ အခြားနည်းလမ်းမရှိပါဘူး၊ ဒါ့ကြောင့် စုချင်း သခင်လေးရဲ့ ကိုယ်လုပ်တော် ဒါမှမဟုတ် အစေခံအဖြစ်ပြန်ဆပ်ပါ့မယ်။  သခင်လေးနဲ့သာ နေရရင် စုချင်းနောင်တ မရပါဘူး”
ရုတ်တရက် စုချင်း၏ပါးစပ်မှ စကားအမြောက်အများပြောထွက်လာသည်။  လင်းကျဲ့သည် စိတ်ရှုပ်ထွေးသွားပြီး သူမကို ထပ်၍ ကြည့်လိုက်သည်။  သူသည် မလှမ်းမကမ်းတွင် အေးစက်သောမျက်နှာ ရှည်လျားဖြောင့်မတ်စွာ ရပ်နေသောရှန်းချင်းဟန်အား မြင်လိုက်ရသည်။  ရုတ်တရက် လင်းကျဲ့သည် ကြောက်လန့်သွားသည်။  သူသည် ချွေးပြန်လာပြီး သူ၏လက်များမှာလည်း စုချင်းအား လျင်မြန်စွာလွှတ်လိုက်သည်။
စုချင်းသည် အတွန်းခံလိုက်ရသောကြောင့်ခဏမျှ စိတ်ရှုပ်ထွေးသွားသည်။
“မင်းဘာလုပ်နေတာလဲ”
ရှန်းချင်းဟန်၏မျက်နှာသည် ခံစားချက်အမူအရာကင်းစင်နေသော်လည်း သူ၏လေသံမှာ မကြည်မလင်ဖြစ်နေပြီး လင်းကျဲ့အား တုန်လှုပ်ခြောက်ခြားသွားစေသည်။
ကျန်းရန်သည် လေကို နှုတ်ခမ်းထောင့်မှ မှုတ်ထုတ်လိုက်သည်။ 
“ကောင်းရော၊ တကယ့်မြင်ကွင်းကိုမှ မြင်မိသွားတယ်။”
“တကယ်လို့ သူက မတော်တဆလဲကျတာကို ကျွန်တော်ကလှမ်းဆွဲလိုက်တာပါလို့ပြောရင် ခင်ဗျားယုံမှာလား”
လင်းကျဲ့က ရယ်လိုက်သည်။ “ကတိတစ်ခုပြုဖို့လား”
“အစေခံ၊ ကိုယ်လုပ်တာ်”
ရှန်းချင်းဟန်သည် ထိုစကားလုံးများအား အမူအရာကင်းမဲ့စွာရေရွတ်လိုက်သည်။  လင်းကျဲ့သည် ထိုစကားများကို နားထောင်ရလေလေ သူသည် ပို၍ ကြည့်ရဆိုးလာလေလေဖြစ်သည်။  စုချင်း၏မျက်နှာမှာမူ နီရဲနေပြီဖြစ်သည်။  စုချင်းသည်လည်း ထူပူနေသည်။
“ရှန်းချင်းဟန် ခင်ဗျားက တကယ်ဂရုစိုက်တတ်တာပဲ”
လင်းကျဲ့သည် ပြုံးနေရုံမှလွဲ၍ မတတ်နိုင်ပေ။
ရှန်းချင်းဟန်သည် ငြိမ်သက်သွားသည်။
စုချင်းသည် မျက်လုံးများကို ပင့်၍ ရှန်းချင်းဟန်အား ကြည့်လိုက်သည်။  သူမသည် သူမ၏အိမ်ရှေ့တွင်ရပ်နေသော အရပ်ရှည်ပြီး အလွန်ကြော့မော့နေသာ ယောက်ျားတစ်ယောက်ကို တွေ့လိုက်ရသည်။  သူ၏ ဖြူဖွေးသောဝတ်စုံသည် နယ်နှင်ဒဏ်ပေးခံရသော နတ်ဘုရားကဲ့သို့ ထင်မြင်စေသည်။  သူ၏လှပသော မျက်နှာတွင် မည်သည့်ခံစားချက် အမူအရာမှမရှိသော်လည်း သူမ၏ခေါင်းအထိရောက်လာသည့် အေးစက်မှုကို ခံစားလိုက်ရသည်။  သူမသည် အလိုအလျောက်နောက်သို့ဆုတ်သွားသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now