part 110

1.8K 219 4
                                    

Unicode

အခန်း - ၁၁၀

“ရှန်းချင်းဟန် ခင်ဗျားက ကျွန်တော်နဲ့ စကားမပြောချင်ဘူးလား”
မြို့တော်သို့ပြန်သည့်ခရီးတွင် လင်းကျဲ့သည် အလွန်တက်ကြွနေသည်။  သူသည် လိုက်ကာကို တင်လိုက်ပြီး နောက် မေးစေ့ကိုကိုင်လိုက်သည်။  မြင်းပေါ်မှ ရှန်းချင်းဟန်က ရယ်မောလိုက်သည်။
“မပြောချင်ဘူး”
ရှန်းချင်းဟန် လုံးဝတုံ့ဆိုင်းခြင်းမရှိပေ။
“ခင်ဗျား စကားမပြောဘူးဆိုရင် ခရီးကပျင်းစရာကောင်းနေမှာ”
လင်းကျဲ့က ပြုံးသည်။
“……….”
ရှန်းချင်းဟန်သည် စကားပြန်ပြောရန် ပျင်းရိနေသည်။
“ရှန်းချင်းဟန် ခင်ဗျားအဲ့ဒီမိန်းကလေးကို ကြင်ရာတော် မတင်မြှောက်ချင်တာ သေချာရဲ့လား၊ အဲ့ဒီမိန်းကလေးက အရမ်းလှတာ၊ အဲ့လိုမိန်းကလေးများက ခင်ဗျားလို ရေခဲတုံးကြီးကို သဘောကျတာ ကြုံတောင့်ကြုံခဲပဲ၊ ခင်ဗျား တင်မြှောက်သင့်တယ်”
ထိုအချိန်တွင် လင်းကျဲ့က သူသည်အမှုကိစ္စထဲတွင် ဝင်ရောက်စွက်ဖက်ခဲ့ခြင်းများကို လုံးဝမေ့လျော့သွားပြီဖြစ် သည်။
“မင်းနောက်ထပ် အဓိပ္ပါယ်မရှိတာတွေ ပြောနေဦးမယ်ဆိုရင် ငါမင်းပါးစပ်ကို ဖြဲပစ်ရလိမ့်မယ်”
ရှန်းချင်းဟန်က အေးစက်စွာပြောသည်။
“အဲ့ဒါတော့မကောင်းဘူး၊ ခင်ဗျားက ကျွန်တော့်ပါးစပ်ကိုဖြဲပစ်မယ်ဆိုရင် ကျွန်တော်က ဘာစားလို့ရမှာလဲ”
လင်းကျဲ့က မျက်ခုံးများကို ပင့်လိုက်ပြီး ရှန်းချင်းဟန်ကို ကြည့်လိုက်သည်။  ထို့နောက် သူသည်နှုတ်ခမ်းများကို တွန့်ကွေးပြီး ပြုံးပြသည်။
ရှန်းချင်းဟန်သည် အကြည့်ကိုပြန်သိမ်းလိုက်ပြီး သူသည် လင်းကျဲ့၏ အရှက်မရှိသော မျက်နှာကို ကြာကြာ မကြည့်နိုင်ပေ။
“ဒါပေမယ့် ရှန်းချင်းဟန် ကျွန်တော်တကယ်ငြီးငွေ့နေပြီ”
လင်းကျဲ့က ရုတ်တရက် လေးနက်စွာဖြင့် မေးလိုက်သည်။
“အင်း”
ရှန်းချင်းဟန်၏ မျက်လုံးများသည် ပြုံးသွားသည်။
“ခင်ဗျားတကယ်ပဲ အမျိုးသမီးတွေနဲ့ ရင်းရင်းနှီးနှီးမနေဖူးဘူးလား၊ တကယ်အတည်လား”
လင်းကျဲ့က ခေါင်းကိုစောင်းငဲ့ပြီး သံသယဖြင့်မေးလိုက်သည်။
ရှန်းချင်းဟန်၏ဒေါသများသည် ထွက်လာပြီးနောက် တဖန်နိမ့်ကျသွားသည်။  နဖူးပေါ်ရှိသွေးကြောများသည် ပေါက်ကွဲလုမတတ် ဖောင်းကားနေသည်။
နောက်တွင်ရှိနေသော ကျန်းရန်သည် ထိုစကားကိုကြားသောအခါ ရယ်မောချင်စိတ်အား ဖိနှိပ်ထားရသောကြောင့် မျက်နှာသည် နီရဲလာသည်။
……..
သို့သော် လင်းကျဲ့သည် အချိန်ကြာကြာမပျော်လိုက်ရပေ။  သူသည် ပျို့လာပြီးနောက် အန်ချလိုက်သည်။
နောက်ဆုံး တည်းခိုခန်းသို့ရောက်သောအခါ လင်းကျဲ့သည် လှည်းယာဉ်ယိုင်တိုင်တိုင်ဖြင့် ဆင်းလာခဲ့သည်။
“သခင်လေး အဆင်ပြေရဲ့လား”
ကျန်းရန်သည် လင်းကျဲ့အား ကူညီလိုပါသော်လည်း ရှန်းချင်းဟန်က လင်းကျဲ့အား တချက်ကြည့်ပြီး အေးစက်စွာ ဖြင့်ပြောလိုက်သည်။
“သူ့ကို စိုးရိမ်မနေနဲ့”
“ရှန်းချင်းဟန် ခင်ဗျားမလွန်လွန်ဘူးလား”
လင်းကျဲ့၏နှုတ်ခမ်းထောင့်မှ လေကို မှုတ်ထုတ်လိုက်သည်။
“ထိုက်တန်ပါတယ်”
ရှန်းချင်းဟန်က ပြောပြီးထွက်သွားသည်။
“လက်စားချေတာ”
လင်းကျဲ့က အံကိုတင်းတင်းကြိတ်လိုက်သည်။
“သခင်လေး ကျွန်တော် ကူညီပေးပါရစေ”
ကျန်းရန်သည် ဘေးတွင်ရပ်နေပြီး ဘာလုပ်ရမည်မသိတော့ပေ။
“မလိုဘူး၊ ငါ့ဘာသာလုပ်နိုင်တယ်”
လင်းကျဲ့သည် ခွန်အားရှိသလောက်ဖြင့် တည်းခိုခန်းအတွင်းသို့ပြေးသွားသည်။
ကျန်းရန်သည် လင်းကျဲ့၏ ယိုင်နဲ့နဲ့ကျောပြင်အား ကြည့်ပြီး ကူကယ်ရာမဲ့နေသည်။  မိဖုရားသည် သေခြင်း၏ ပြည့်စုံသော သရုပ်ပြမှုတစ်ခုပင်ဖြစ်သည်။
နောက်ရက်တွင် သူသည် စတင်ထွက်ခွာရန် ပြင်သောအခါ လင်းကျဲ့သည် လှည်းယာဉ်အား ကြည့်ပြီး ကြောက် ရွံ့နေပြီး သူသည် လှည်းယာဉ်မစီးလိုပေ။
“ဘာလဲ”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်နေသည်။
“ကျွန်တော် မြင်းစီးလို့ရနိုင်မလား”
လင်းကျဲ့က ရှန်းချင်းဟန်အား ပြုံးလျက်ကြည့်သည်။
“စီးတတ်လား”
ရှန်းချင်းဟန်က လင်းကျဲ့အား ဝေဖန်ထိုးနှက်လိုက်သည်။
လင်းကျဲ့သည် ခေါင်းကိုရမ်း၍ ရိုးသွားစွာပင် တုန့်ပြန်လိုက်သည်။
“မစီးတတ်ဘူး”
“ဒါဆိုလှည်းယာဉ်ပဲစီး”
ရှန်းချင်းဟန်သည် ပြောခဲ့ပြီးနောက် လှည့်ထွက်သွားသည်။
“ဒါကိုသင်လို့မရနိုင်ဘူးလား၊ မြင်းစီးတာလေးပဲကို၊ ရိုးရှင်းပါတယ်၊ ကျွန်တော်က ဘာမဆိုတစ်ကြိမ်တည်း သင်ရုံနဲ့ တတ်မြောက်ပါတယ်”
လင်းကျဲ့က ရှန်းချင်းဟန်၏ အင်္ကျီလက်ကို ဆွဲ၍ပြုံးပြလိုက်သည်။
“………”
ရှန်းချင်းဟန်က ပြောစရာစကားကင်းမဲ့နေသည်။  သူသည် လင်းကျဲ့သည် ဘယ်နေရာကလာသည်ကို အမှန်ပင် မသိတော့ပေ။
ထို့နောက် လင်းကျဲ့၏ ခိုင်မာသောတောင်းဆိုမှု အောက်တွင် ကျန်းရန်သည် လွန်စွာသိမ်မွေ့သော မြင်းတစ်ကောင် ကို ရှာဖွေပြင်ဆင်ရန် ထွက်သွားသည်။
လင်းကျဲ့သည် မြင်းဆီသို့ဦးတည်သွားနေပြီး သူသည် အလွန်စိတ်လှုပ်ရှားနေသည်။  သူသည် မြင်းအား ပွတ်သပ်ပေးလျက်ကြည့်နေသည်။
လင်းကျဲ့သည် သူတို့ထင်ထားသည်ထက် မြင်းကို သဘောကျနေသည်။
“သူ့ကို ရှောင်မောင်လို့နာမည်ပေးဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပြီ”
လင်းကျဲ့သည် မြင်း၏နောက်ကျောကို သပ်ရင်း စိတ်လှုပ်ရှားနေသည်။
“သခင်လေး တာ့မောင်ကို ဘယ်နေရာမှာ ပစ်ထားလိုက်ပြီလဲ”
ကျန်းရန်သည် စောဒကတက်လိုက်သည်။
သို့သော် လင်းကျဲ့သည် စိတ်လှုပ်ရှားလွန်းနေသောကြောင့် ကျန်းရန်၏စကားများကို မကြားပေ။  သူသည် တိတ် တိတ်လေး မြင်း၏ ဦးခေါင်းဆီသို့ သွားလိုက်ပြီးနောက် မြင်းနှင့်တိုးတိုးပြောနေသည်။  သူရွေရွတ်နေသည်များကို မကြားရပေ။
“မင်းသား သခင်လေး ဘာတွေလုပ်နေတာလဲ”
ကျန်းရန်သည် စိတ်မရှုပ်ထွေးဘဲ မနေနိုင်ပေ။
“……….”
ရှန်းချင်းဟန်၏  နဖူးပေါ်မှသွေးကြောများသည် ဖောင်းကားနေပြီး စကားတစ်ခွန်မှမပြောဘဲ လင်းကျဲ့အား စိုက်ကြည့်နေသည်။
“ကောင်းပြီ၊ သွားစို့”
လင်းကျဲ့က ပြုံးလိုက်ပြီးနောက် မြင်းပေါ်တက်ရန်အတွက် ပြင်ဆင်လိုက်သည်။
“ဂရုစိုက်”
ရှန်းချင်းဟန်သည် လင်းကျဲ့၏ နီမြန်းနေသော ရုပ်သွင်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်ပြီး သူ့အားသတိပေး လိုက်သည်။
“မစိုးရိမ်ပါနဲ့၊ ကျွန်တော် ရှောင်မောင်ကို နှုတ်ဆက်ထားပါတယ်”
လင်းကျဲ့သည် လုံးဝဂရုမစိုက်ပေ။  သူသည် ပြုံးပြုံးရွှင်ရွှင်နှင့် လက်ကိုဝှေ့ယမ်းလိုက်ပြီး မြင်း၏ကျောကုန်းပေါ်သို့ တက်လိုက်သည်။  သို့သော် သူသည် မြင်း၏ကျောပေါ်တွင် ထိုင်လိုက်ရုံရှိသေးသည်။  မြင်းသည် ထိတ်လန့်သွား သကဲ့သို့ ရှေ့ခြေထောက်များကို မြှောက်လိုက်သည်။  လင်းကျဲ့သည် ထိန်းမထားနိုင်သောကြောင့် မြင်းပေါ်မှ ပြုတ်ကျသွားသည်။  သူ့မျက်နှာပေါ်မှ အပြုံးသည် လုံးဝအေးခဲသွားသည်။
ထိုမြင်ကွင်းအားကြည့်၍ ရှန်းချင်းဟန်နှင့် ကျန်းရန်တို့၏မျက်နှာများသည် ရုတ်ချည်းပြောင်းလဲသွားသည်။
သူသည် ထိုမျှလောက် ကံမကောင်းဖြစ်မှာ မဟုတ်ဘူးမလား။
လင်းကျဲ့သည် သံသယမဝင်ဘဲမနေနိုင်ပေ။  သူသည် လျင်မြန်စွာပြုတ်ကျသွားသည်။  လင်းကျဲ့သည် ငိုချင်နေသည်။
လင်းကျဲ့က သူသည် ခွေး၏အညစ်အကြေးထဲသို့ကျရောက်တောမည်ဟု တွေးလိုက်သောအခါ အဖြူရောင်အရိပ် တစ်ခုသည် သူ၏မြင်ကွင်းမှ ဖြတ်သွားခဲ့သည်။  ဤအချိန်တွင်အဖမ်းခံရခြင်းသည် အလွန်ကံကောင်းသည်။  မှန်ပါသည်။  ရှန်းချင်းဟန်က သူ့ကို ဖမ်းမိသွားသည်။
ဤအကြိမ်သည် ရှန်းချင်းဟန်၏ လှပသောမျက်နှာကို မြင်ရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း လင်းကျဲ့၏နှလုံးသားသည် ပြင်းထန်စွာခုန်လှုပ်နေပြီးနောက် သူ၏ထိန်းချုပ်မှုမှ ကင်းလွတ်နေသည်။
နှလုံးခုန်နှုန်းသည် ပို၍မြန်လာလေလေ သူ၏မျက်နှာသည် ပို၍နီရဲလာလေလေဖြစ်သည်။
“ကျွန်တော်တော့ ကြောက်လို့သေတော့မှာပဲ၊ မြေပေါ်ကိုကျသွားပြီလို့ ထင်နေတာ”
လင်းကျဲ့သည် ရှန်းချင်းဟန်၏ လက်မောင်းများကြားမှ ခုန်ဆင်းလိုက်ပြီး မတ်မတ်ရပ်ကာ အဝတ်အစားများကို သပ်ရပ်စေရန်ပြုပြင်နေသည်။
“မင်းရဲ့နှုတ်ဆက်စကားကအလုပ်ဖြစ်လား”
ရှန်းချင်းဟန်သည် မျက်ခုံးများကို တင်းကျပ်စွာတွန့်ချိုးလိုက်သည်။
လင်းကျဲ့က ရယ်မောလိုက်သည်။
“ဆက်သွယ်ရေးမှာ အတားအဆီးတချို့ရှိပုံရတယ်”
“ရှင်းပါတယ်၊ ကျွန်တော်က သူ့ကို မလှုပ်စေချင်ရင် တက်တက်လို့ပြောမယ်လေ။  ဒီကမ္ဘာမှာ လူနဲ့မြင်းကြားမှာရှိတဲ့ အခြေခံ ယုံကြည်မှုက ဆုံးရှုံးသွားလို့ပါ”
လင်းကျဲ့က မြင်းအားစိုက်ကြည့်ပြီး မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
“အခု မင်း မြင်းစီးချင်သေးလား”
ရှန်းချင်းဟန်ကပြောသည်။
“စီးမှာပေါ့၊ ကျွန်တော်က မကောင်းမှုကိုမယုံကြည်ဘူး”
လင်းကျဲ့က အေးစက်စွာ ပြောလိုက်ပြီး အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး သူသည်များစွာသော အလုပ်များကို လုပ်ရမည့်ပုံပေါ်နေသည်။  ရှောင်မောင်၏ နှစ်ကြိမ်သုံးကြိမ်မျှ ပစ်ချခံလိုက်ရပြီးနောက် လင်းကျဲ့သည် နောက်ဆုံးတွင် မြင်းပေါ်သို့ တက်နိုင်ခဲ့သည်။ 
“ကြည့်၊ ကျွန်တော်အောင်မြင်ခဲ့ပြီ”
လင်းကျဲ့က မြင်း၏ကျောပေါ်တွင် ထိုင်ပြီး ဂုဏ်ယူစွာဖြင့်ခေါင်းမော့ရင်ကော့နေသည်။  သူသည် ဂုဏ်ယူနေချိန် တွင် မြင်းသည် ရုတ်တရက် လှုပ်ရှားသွားသောကြောင့် လင်းကျဲ့သည် ကြောက်လန့်စွာဖြင့် မြင်းဇက်ကြိုးကို တင်းစွာဆုပ်ကိုင်ထားသည်။
လင်းကျဲ့၏ အဖြစ်အပျက်ကို ကြည့်လျက် ရှန်းချင်းဟန်သည် မပြုံးဘဲမနေနိုင်ပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားDonde viven las historias. Descúbrelo ahora