part 86

1.8K 220 4
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၈၆
လသည် ငွေရောင်သန်းနေသည်။
လရောင်သည် မြစ်ရေပြင်ပေါ်တွင် အနည်းငယ်တောက်ပစွာ ဖြန်းပက်ထားသည်။
မီးပုံးများအောက်တွင် လင်းကျဲ့သည် မြစ်ကမ်းဘေးတွင် ထိုင်နေပြီး အဖြူရောင်ဝတ်ဆင်ထားသော ရှန်းချင်းဟန် သည် သူ၏ဘေးတွင်ရပ်နေသည်။ သူ၏အဝတ်များသည် လွင့်ပျံနေပြီး လရောင်သည် ပို၍ ထွန်းပလာသည်။
“ရှန်းချင်းဟန် မီးပုံးမလွှတ်ဘူးလား”
လင်းကျဲ့သည် လက်တစ်ဘက်တွင် စုတ်တံကို ကိုင်၍ အခြားတစ်ဘက်တွင် မီးပုံးကို ကိုင်ထားပြီး ရှန်းချင်းဟန် အား ကြည့်၍ အပြုံးနှင့်မေးလိုက်သည်။
“တော်ပြီ၊ မင်းပဲလွှတ်ပါ”
ရှန်းချင်းဟန်က လင်းကျဲ့အား ငုံ့ကြည့်ပြီး အေးစက်စွာပြောသည်။
“ခင်ဗျား မီးပုံးမလွှတ်တာကို ကျွန်တော်မြင်တယ်လေ၊ ခင်ဗျားက အရမ်းပျင်းနေတာ မဆန်းပါဘူး”
လင်းကျဲ့သည် နှုတ်ခမ်းကို တွန့်ကွေး၍ ခေါင်းငုံကာ လက်ထဲတွင် မီးပုံးကို ကိုင်ထားသည်။
“ငါမလွှတ်ချင်ဘူး”
ရှန်းချင်းဟန်သည် လင်းကျဲ့လက်ထဲရှိမီးပုံးကို ကြည့်၍ ပြောသည်။
“တစ်ခါလောက်စမ်းမကြည့်ချင်ဘူးလား”
လင်းကျဲ့သည် မျက်လုံးများ ကွေးညွှတ်သွားအောင်ပြုံးလိုက်သည်။
“မီးပုံးက ရှင်သန်နေဆဲလူတွေအတွက် ပြီးတော့နောက်ဆုံး သေလွန်ပြီးသူတွေအတွက်ပဲ၊ ခင်ဗျားမှာ ဆုတောင်းပေးဖို့ ဒါမှမဟုတ် ဝမ်းနည်းပူဆွေးရမယ့်သူ မရှိဘူးလား”
ထိုစကားအား ကြားလိုက်သောအခါ ရှန်းချင်ဟန်သည် အံ့အားသင့်သွားပြီးနောက် မျက်လုံးများမှာအနည်းငယ် အရောင်ဖျော့သွားပြီး တိုးတိုးပြောသည်။
“မရှိဘူး”
“တကယ်မရှိဘူးလား”
လင်းကျဲ့သည် မယုံနိုင်ဖြစ်နေသည်။
“အင်း”
ရှန်းချင်းဟန်က ပြန်ဖြေလိုက်သည်။
“ကျွန်တော်တော့မယုံနိုင်ဘူး”
လင်းကျဲ့က ရေရွတ်လိုက်သည်။
“ဒါဆို ကျွန်တော့်ဘာသာကျွန်တော်ပဲ လွှတ်လိုက်မယ်”
ခဏမျှတွေးတောပြီးနောက် လင်းကျဲ့သည် စုတ်တံကို ကိုင်၍ မီးပုံးပေါ်တွင် စာလုံးအနည်းငယ်ရေးလိုက်သည်။
ရှန်းချင်းဟန်သည် စကားမပြောဘဲ လင်းကျဲ့အား ကြည့်နေသည်။ လင်းကျဲ့စာရေးပြီးသည့်နောက် သူသည် စုတ်တံအား ချလိုက်သည်။ ထို့နောက် သူသည် စာရေးထားသောမီးပုံးနှစ်ခုကို မြစ်ထဲသို့ ဂရုစိုက်စွာဖြင့် ချလိုက် သည်။ ထိုအချိန်တွင် မီးထွန်းညှိထားသည့်များစွာသောမီးပုံးများသည် မြစ်ထဲတင် မျောနေကြသည်။ လင်းကျဲ့၏ မီးပုံးနှစ်ခုမှာလည်း မျှောပါသွားသည်။ အဝေးမှ ကြည့်ပါက အဝါရောင်တောက်ပနေသော ဧရိယာကြီးတစ်ခု ဖြစ် နေပြီး ရေပေါ်တွင် ရောင်ပြန်ဟပ်မှုသည် တောက်ပြောင်နေသည်။ထိုမီးပုံးသည် မည်သူ၏မီးပုံးဖြစ်သည်ကို ပြောရ ခက်သည်။ မီးပုံးများသည် မြစ်ပြင်အလျားလိုက်အတိုင်း ပြန့်ကျဲနေသည်။ မှောင်မည်းနေသောညသည် အလင်း ရောင်များပြန့်ကျဲနေသည်။ ပြောရပါမည်ဆိုလျှင် ဖယောင်းမီးများထွန်းညှိထားသောစက္ကူလှေများကဲ့သို့ပင် ဖြစ် သည်။
လင်းကျဲ့သည် မေးထောက်၍ မြစ်ကမ်းဘေးတွင် ထိုင်နေပြီး မြစ်ထဲတွင် မျောပါနေသော မီးအိမ်များကို ကြည့်နေ သည်။ သူ၏ကြည်လင်သောမျက်လုံးများသည် တောက်ပသောအဝါရောင်နှင့် စူးရှသောအလင်းရောင်များ ထင်ဟပ်နေသည်။
“မင်း မီးပုံးပေါ်မှာ ဘာတွေရေးလိုက်တာလဲ”
ရှန်းချင်းဟန်က မေးသည်။
“ဘယ်လိုလဲ၊ သိချင်လား”
လင်းကျဲ့သည် နောက်သို့လှည့်ကြည့်၍ ရှန်းချင်းဟန်အား လိမ္မာပါးနပ်သောအပြုံးဖြင့် ပြုံးပြလိုက်သည်။
“မသိချင်ဘူး၊ ရပါတယ်”
တည်ကြည်သောမျက်နှာနှင့် ရှန်းချင်းဟန်သည် လှည့်ထွက်လာခဲ့သည်။
“အဲလောက်မတွန့်တိုပါနဲ့၊ ကျွန်တော် ခင်ဗျားကို ပြောပြမှာပါ”
လင်းကျဲ့သည် လျင်မြန်စွာ မတ်တတ်ရပ်လိုက်ပြီး ရှန်းချင်းဟန်နောက်သို့ လိုက်သွားသည်။
“ကျွန်တော့်အဖေရဲ့နာမည်ကို ရေးလိုက်တာ”
“နောက်တစ်ခုကရော”
ရှန်းချင်းဟန်သည် ရပ်တန့်၍ မေးလိုက်သည်။
လင်းကျဲ့က ပြုံးလိုက်ပြီးနောက် ခြေလှမ်းကို အရှိန်မြှင့်ကာထွက်သွားသည်။
“ခင်ဗျားကို မပြောပြဘူး”
ရှန်းချင်းဟန်သည် လင်းကျဲ့၏နောက်ကျောကို ကြည့်၍ အံအားသင့်နေသည်။
“ဘာလို့ ခင်ဗျားက ရပ်နေသေးတာလဲ၊ သွားစို့၊ ခင်ဗျားမလာရင် ကျွန်တော်က ပြေးတော့မှာနော်”
ရှန်းချင်းဟန်သည် သူ့ကို မမီသေးသည်ကို သိသောအခါ လင်းကျဲ့သည် နောက်လှည့်ကာ ဝေးမှ နေ၍ ရှန်းချင်းဟန်အား လက်ဝှေ့ယမ်းပြနေသည်။ သူသည် မျက်ခုံးလေးများကွေးညွှတ်သည်အထိ ပြုံးပြနေပြီး အလွန် လှပသည်။
ခဏမျှကြာသောအခါ ရှန်းချင်းဟန်သည် တုန့်ပြန်လိုက်ပြီး မျက်လုံးများ ညောင်းလာကာ လင်းကျဲ့ဆီသို့ ဖြည်း ဖြည်းချင်းလျှောက်လာသည်။ တစ်လှမ်းပြီးတစ်လှမ်းလျှောက်လှမ်းလာပြီး သူ၏ခြေထောက်များသည် ရေခဲပြင် ပေါ်တွင် လျှောက်လှမ်းနေသကဲ့သို့ဖြစ်နေသည်။ နောက်ဆုံးတွင် သူသည် လင်းကျဲ့၏ရှေ့တွင်ရပ်လိုက်ပြီး စူးရှသော အကြည့်များဖြင့် လင်းကျဲ့အား ကြည့်နေသည်။ ထူးခြားသည်မှာ သူ၏မျက်နှာသည် ခံစားချက်ကင်းမဲ့ နေသော်လည်း လင်းကျဲ့သည် အေးစက်မှုကို မခံစားရပေ။
လင်းကျဲ့သည် တံတွေးမြိုချလိုက်သည်။ မည်သည့်နေရာမှ စိတ်ထိခိုက်စေသနည်း။
“မင်း လွတ်အောင် ကြိုးစားနိုင်ပါ့မလား”
အချိန်အတော်ကြာပြီးနောက် ရှန်းချင်းဟန်သည် ပေါ့ပေါ့ပါးပါးစကားတစ်ခွန်းပဲပြောခဲ့ပြီး သူ၏လေသံသည် သိသိ သာသာပင် မထီမဲ့မြင်ပြုနေသည်။
လင်းကျဲ့သည် ချက်ချင်းပင် အလွန်ရှက်ရွံ့နေခဲ့သည်။ သူသည် ပါးစပ်ထဲမှ လေကိုမှုတ်ထုတ်လိုက်သည်။ ရှန်းချင်းဟန်သည် ရယ်မောလိုက်ပြီး လင်းကျဲ့အား ဖြတ်လျှောက်လာခဲ့သည်။
“ရှန်းချင်းဟန် ခင်ဗျား မျက်နှာသေ”
လင်းကျဲ့သည် လက်သီးကို တင်းတင်းဆုပ်၍ အံကို တင်းတင်းကြိတ်လိုက်သည်။ သူသည် ရှန်းချင်းဟန်အား အမှီ လိုက်ရန် ကြိုးစားခဲ့သည်။
…….
“မင်းတခြား ဘယ်သွားချင်သေးလဲ”
လင်းကျဲ့သည် ရှန်းချင်းဟန်အား မှီရန် ကြိုးစားနေချိန်တွင် ရှန်းချင်းဟန်က မေးခဲ့သည်။
လင်းကျဲ့သည် အံသြသွားသည်။
“ခင်ဗျား ဘယ်လိုသိတာလဲ’
“မင် စားဖို့နဲ့ မီးအိမ်လွှတ်ဖို့အတွက်လေးတင် ဒီကို လာတာမဟုတ်လောက်ဘူးလေ”
ရှန်းချင်းဟန်က ပြောသည်။
“ကျွန်တော် အိမ်ကိုပြန်ပြီး အဖေနဲ့တွေ့ချင်တယ်၊ ဘာကြောင့်လဲဆိုတော့ နှစ်တိုင်း လမုန့်စားပွဲတော်ကို သူနဲအတူ ကုန်ဆုံးနေကြလေ”
လင်းကျဲ့သည် ရယ်မော၍ ပြောလိုက်သည်။
ရှန်းချင်းဟန်သည် လင်းကျဲ့ကို ကြည့်ပြီး ခတ္တမျှ ငြိမ်သက်သွားသည်။
“တကယ်လို့ ခင်ဗျား မသွားချင်ဘူးဆိုရင်……”
လင်းကျဲ့ကပြောသည်။
“သွားစို့”
ရှန်းချင်းဟန်က လင်းကျဲ့၏စကားကို ဖြတ်၍ပြောလိုက်သည်။
“အမ်..ဟမ်…”
လင်းကျဲ့သည် နောက်မှလိုက်လာပြီး တောက်ပစွာပြုံးလိုက်သည်။
လင်းကျဲ့သည် သူ့ဖခင်ကြိုက်နှစ်သက်သည့်အစားအသောက်များကို ဝယ်ယူခဲ့ပြီး ရှန်းချင်ဟန်နှင့်အတူ ယခင်က နေထိုင်ခဲ့သောအိမ်ဆီသို့ သွားခဲ့ကြသည်။ လမ်းကြားလေးသည် မှောင်နေပြီး လရောင်က ဖြာကျ​နေသည်။ ရှန်းချင်းဟန်နှင့် လင်းကျဲ့သည ဘေးချင်းယှဉ်၍ဖြတ်လျှောက်လာကြသည်။ လမ်းကြားအဆုံးတွင် လရောင် အောက်၌ တည်ရှိနေသော ရင်းနှီးသည့်အိမ်ကလေးအား တွေ့လိုက်ရသည်။
လင်းကျဲ့သည် ခြံဝင်း၏သစ်သားတံခါးလေးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီးနောက် ရှန်းချင်းဟန်နှင့်အတူ အိမ်ထဲသို့ဝင်လာခဲ့သည်။
အခန်းအတွင်းတွင် မှောင်မိုက်နေပြီး မည်သည့်အရာမှ မမြင်ရပေ။
“ဖယောင်းတိုင်ဘယ်မှာပါလိမ့်၊ ဘယ်ရောက်နေတာလဲ”
သူသည် အခန်းတွင်းသို့ဝင်လိုက်သည်နှင့် တပြိုင်နက် လင်းကျဲ့သည် လက်ထဲမှပစ္စည်းများကို ချထားလိုက်ပြီး ဖယောင်းတိုင်ရှာနေသည်။
သို့ရာတွင် အခန်းမှာ မှောင်မိုက်လွန်းနေသည်။ လင်းကျဲ့သည် သတိမထားမိသောကြောင့် စားပွဲခုံကို ဝင်တိုက်မိ သွားပြီး အေးစက်သောလေကို ရှူရှိုက်မိလိုက်သည်။
“နာတယ်၊ နာတယ်ဟ”
လင်းကျဲ့သည် သူ၏ခေါင်းကို ပွတ်နေပြီး အော်ဟစ်လိုက်သည်။
“မလှုပ်နဲ့၊ ငါ ရှာလိုက်မယ်”ရှန်းချင်းဟန်သည် သက်ပြင်းချလိုက်ပြီးနောက် သူကိုယ်တိုင် ဖယောင်းတိုင်အား ရှာလိုက်သည်။ ခေတ္တမျှ ကြာ ပြီးနောက်တွင် ရှန်းချင်းဟန်သည် ဖယောင်းတိုင်ရှာတွေ့သွားပြီး ထွန်းညှိလိုက်သည်။ အခန်းသည် ရုတ်ချည်းပင် လင်းသွားသည်။
“ဘယ်လိုများ ခင်ဗျားက တစ်ကြိမ်တည်းနဲ ရှာတွေ့သွားတာလဲ”
လင်းကျဲ့သည် ခေါင်ကိုကိုင်ထားပြီး မျက်တောင်ခတ်နေသည်။
“ဒီမှာအကြာကြီးနေခဲ့တယ်လို့ပြောပြီး စားပွဲခုံနဲ့တိုက်မိတဲ့ မင်းထက်ပိုတော်တာပေါ့”
ထိုအချိန်တွင် ရှန်းချင်းဟန်သည် ခေါင်းကို ပွတ်နေသောလင်းကျဲ့အား တချက်ကြည့်လိုက်သည်။
“ဘာလို့လဲ၊ ဘာလိုချင်သေးလို့လဲ”
လင်းကျဲ့သည် အလိုလိုပင် ဘေးတွင် ပုန်းလိုက်သည်။
“တိတ်တိတ်နေ”
ရှန်းချင်းဟန်သည် မျက်နှာတွင် မည်သည့်ခံစားချက်မှ မဖော်ပြဘဲ လင်းကျဲ့အား စိုက်ကြည့်နေသည်။ လင်းကျဲ့ သည် ချက်ချင်းပင် စကားပြောခြင်းအား ရပ်တန့်လိုက်သည်။
“ထိုင်လိုက်”
ရှန်းချင်းဟန်က ထပ်၍ပြောသည်။
လင်းကျဲ့သည် မတ်မတ်ထိုင်လိုက်သည်။
ရှန်းချင်းဟန်သည် လက်ကိုထုတ်လိုက်ပြီး လင်းကျဲ့၏ခေါင်းကို ညင်သာစွာ ဖုံးအုပ်လိုက်သည်။  သူသည် ရောင်နေသော နေရာလေးကို ထိလိုက်မိသည်။ လင်းကျဲ့သည် အေးစက်သောလေကို ရှူရှိုက်မိလေသည်။
“ရှန်းချင်းဟန် လူသတ်သမား”
လင်းကျဲ့က စိတ်ဆိုးစွာ အော်ငေါက်လိုက်သည်။
“ရောင်နေတာ၊ အရူးရ”
ရှန်းချင်းဟန်သည် မျက်လုံးများကို မြှင့်၍ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက ထပ်ပြောလိုက်သည်။
“အဲ့ဒါက ဗီရိုထဲမှာနဲ့တူတယ်”
လင်းကျဲ့သည် သူ့နဖူးပေါ်မှ ရောင်နေသောနေရာလေးအား သတိထား၍ ထိလိုက်ပြီး နှုတ်ခမ်းကို မဲ့၍ ရေရွတ် စကားတစ်ခွန်းမှမပြောဘဲ ရှန်းချင်းဟန်သည် နောက်သို့လှည့်၍ ဗီရိုဆီသို့ လျှောက်သွားလိုက်သည်။
လင်းကျဲ့သည် ရှန်းချင်းဟန်၏ကျောပြင်ကို ကြည့်ပြီး သူ၏စိတ်သည် အနည်းငယ်လှုပ်ရှားသွားသည်။ ထို့နောက် သူ၏မျက်နှာသည် အနည်းငယ်ပူလာသည်။ နောက်ဆုံးတွင် သူသည် ခေါင်းငုံ့၍ ချောင်ဆိုးလိုက်သည်။
“ဘာလဲ၊ မင်းလည်ချောင်းနာနေတာလား”
ရှန်းချင်းဟန်သည် ဆေးပုလင်းနှင့်ပြန်လာပြီး မေးလိုက်သည်။
“မဟုတ်ပါဘူး”
လင်းကျဲ့သည် အလုပ်များသွားသည်။
“မင်းနာမှာ ကြောက်လား”
ရှန်းချင်းဟန်က မျက်နှာအမူအရာမပြောင်းလဲဘဲ မေးလိုက်သည်။
“နာမှာမကြောက်တဲ့သူ ရှိလို့လား”
လင်းကျဲ့၏ပါးစပ်ထောင့်မှ လေမှုတ်ထုတ်လိုက်သည်။
“ဒါဆို ခဏနေဦး”
ရှန်းချင်းဟန်သည် လင်းကျဲ့ပြန်၍မတုန့်ပြန်နိုင်ခင်မှာပင် ပြောလိုက်သည်။ ရှန်းချင်းဟန်သည် ဆေးရည်အနည်း ငယ်ကို ယူ၍ လင်းကျဲ့၏ခေါင်းပေါ်ရှိရောင်နေသောနေရာပေါ်တွင် သုတ်လိမ်းပေးလိုက်သည်။
လင်းကျဲ့သည် မတုန့်ပြန်နိုင်ပေ။ နာကျင်ကိုက်ခဲသောခံစားချက်သည် လျင်မြန်စွာဖြစ်ပေါ်လာသည်။ သူ၏အာရုံ ကြောများသည် ပြင်းထန်စွာခုန်လှုပ်သွားသည်။ ထို့နောက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ရှန်းချင်းဟန် ခွေးကောင်”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now