part 77

2K 244 3
                                    

Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၇၇

လင်းကျဲ့သည် စာကြည့်ဆောင်သို့ ရှန်းချင်းဟန်၏ခေါ်​ဆောင်ခြင်းကို ခံရသည်။
ပျင်းရိစရာကောင်းသောစာအုပ်အား ဖတ်နေလျက် လင်းကျဲ့သည် ဆာလောင်လာသည်။
သို့သော် ရှန်းချင်းဟန်သည် အခြားတစ်ဘက်တွင် ထိုင်နေသည်။  လင်းကျဲ့သည် ရှန်းချင်းဟန်၏ရှေ့တွင် အပြင်သို့ မထွက်ဝံ့ပေ။
လင်းကျဲ့သည် မျက်လုံးအား အနည်းငယ်ပင့်၍ ရုံးကိစ္စများအား ဖြေရှင်းနေသော ရှန်းချင်းဟန်အား ကြည့်လိုက် သည်။
ရှန်းချင်းဟန်သည် အမြဲတမ်း အမူအရာကင်းမဲ့သော မျက်နှာဖြစ်နေသည်။ လူတစ်ယောက်၏ ခံစားချက်ပြောင်းလဲမှုများ ထင်ဟပ်သည့် မျက်လုံးများသည် လှိုင်းကြပ်ခွပ်ကလေးများပင် မရှိဘဲ ငြိမ်သက်နေသောရေကန်ကဲ့သို့ တည်ငြိမ်နေပြီး လူများအား ကြောက်ရွံ့စေသည်။
လင်းကျဲ့သည် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး တံတွေးအား မြိုချလိုက်သည်။  ထို့နောက် စာရွက်များအား ကြည့် ၍ ဂရုစိုက်စွာဖြင့် ရေးသားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရှန်းချင်းဟန်သည် မျက်လုံးများကို မော့လိုက်ရာ လေးနက်နေသော လင်းကျဲ့အား မြင်လိုက်ရသည်။  လင်းကျဲ့ မည်သည့်အရာအား ရေးသားနေသည်ကို မသိပေ။  သူသည် အနည်းငယ်သံသယဖြစ် လာပြီး လက်ထဲမှ စုတ်တံအား အောက်သို့ချ၍ ထရပ်လိုက်ကာ လင်းကျဲ့ဆီသို့ လျှောက်လာခဲ့သည်။
“မင်း ဘာတွေရေးနေတာလဲ”
ရှန်းချင်းဟန်၏အသံသည် ထွက်ပေါ်လာသည်။  လင်းကျဲ့သည် ခေါင်းမော့ကြည့်လိုက်သောအခါ သူ့ဆီသို့လာနေ သော ရှန်းချင်းဟန်အား မြင်လိုက်ရသည်။
လင်းကျဲ့သည် အေးစက်သောချွေးများထွက်လာသည်။  သူသည် ချက်ချင်းပင် စုတ်တံအား ချလိုက်ပြီးနောက် စာရွက်အား ဖုံးအုပ်၍ ရယ်လိုက်သည်။
“ ဘာမှမဟုတ်ပါဘူး”
“လက်ကို ဖယ်လိုက်”
ရှန်းချင်းဟန်သည် လင်းကျဲ့ဖုံးကွယ်ထားသောစာရွက်အား စိုက်ကြည့်နေသည်။
“အဲ့ဒါက မကောင်းဘူးလေ”
လင်းကျဲ့သည် မရယ်နိုင်တော့ပေ။
“ဘာမှမဟုတ်ဘူးဆိုရင် ငါကြည့်လည်း အဆင်ပြေတယ်မလား”
ရှန်းချင်းဟန်က ပေါ့ပါးစွာပြောသည်။
“ခင်ဗျား ဒါကို ဖတ်လိုက်ရင် စိတ်ဆိုးလိမ့်မယ်”
လင်းကျဲ့က ပြောလိုက်သည်။ “ငါ စိတ်မဆိုးပါဘူး”
အသက်ပြင်းပြင်းရှူ၍ ရှန်းချင်းဟန်က တိုးတိုးပြောလိုက်သည်။ "Really?"
“တကယ်လား”
“တကယ်”
ရှန်းချင်းဟန်သည် သူ့ခေါင်းအား အနည်းငယ်တိုးလာသည်။
“ခင်ဗျားစိတ်မဆိုးဘူးဆိုရင် ကွျန်တော်ခင်ဗျားကို ပြပါ့မယ်”
လင်းကျဲ့သည် သူ၏လက်အား ဖယ်လိုက်သည်။
ရှန်းချင်းဟန်သည် အဖြူရောင်စာရွက်ပေါ်တွင် ရေးဆွဲထားသော ကြီးမားသောမုန့်အား မြင်လိုက်ရသည်။
ရှန်းချင်းဟန်သည် ရုတ်တရက် ဒေါသထွက်သွားသည်။
“မင်းစိတ်ထဲမှာ ဘာတွေတွေးနေလဲ”
လင်းကျဲ့သည် ပါးစပ်အား ဖွင့်လိုက်ချင်သော်လည်း အခန့်မသင့်စွာပင် သူ၏အစာအိမ်ထဲမှ အသံမြည်လာသည်။
ရှန်ချင်းဟန်၏မျက်နှာသည် ပို၍ ဆိုးရွားလာသည်။
“ခင်ဗျားမြင်တယ်မလား၊ ကျွန်တော် ဗိုက်ဆာနေပြီ”
လင်းကျဲ့၏မျက်နှာတွင် ဒေါသကိုမြင်လိုက်ရသည်။
ရှင်းပြ၍ မရနိုင်သောဒေါသသည် သူ၏ရင်ဘက်အတွင်းမှ မြင့်တက်လာပြီး ရလဒ်အနေဖြင့် သူသည်လဲကျသွားပြန် သည်။  ရှန်းချင်းဟန်သည် သက်ပြင်းချလိုက်သည်။
“ထားလိုက်တော့၊ အရင်သွားပြီး တစ်ခုခုစားလိုက်”
ထို့နောက် ရှန်းချင်းဟန်သည် ထွက်သွားသည်။
လင်းကျဲ့သည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။  ရှန်းချင်းဟန်ထွက်သွားသည်နှင့် သူသည်စာရွက်၏ နောက်တစ်ဘက်သို့လှန်လိုက်သည်။  စာရွက်ဖြူပေါ်တွင် သူသည် ရုပ်ရည်ချောမောပြီး ပျော့ပြောင်းသောလူတစ်ဦးကို တွေ့လိုက်ရသည်။  အေးစက်သော စေ့စပ်သည့်မျက်ခုံးများဖြင့် ရှန်းချင်းဟန်သည် အံ့သြဖွယ်ရာပင်။
“တွေ့သွားတော့မလို့”
လင်းကျဲ့သည် ရင်ဘက်အား ပုတ်လိုက်ပြီး သူ့လက်ထဲမှ ပန်းချီရုပ်ပုံကို ကြည့်၍ ပြုံးလိုက်သည်။
“ငါက ပန်းချီဆွဲတဲ့နေရာမှာ ပါရမီရှိတာပဲ၊ တကယ်ကြည့်ကောင်းတယ်”
“ဒီမုန့်က……”
လင်းကျဲ့သည် ရှန်းချင်းဟန်အား မယုံသင်္ကာဖြင့်ကြည့်လိုက်သည်။  ရှန်းချင်းဟန်သည် ရုံးစာများကို လေးနက်စွာ ကြည့်ရှုနေသည်။  လင်းကျဲ့သည် ထိုအကြောင်းအား တွေးလိုက်သောအခါ သူ့အား မနှောင့်ယှက်ရန် ဆုံးဖြတ်လိုက်သည်။  ထို့နောက် သူသည် ထိုင်ချလိုက်ပြီး မုန့်တစ်ဖဲ့ကို ပါးစပ်ထဲသို့ထည့်လိုက်သည်။
သို့သော် ကိတ်မုန့်အား ထည့်လိုက်သည်နှင့် လည်ချောင်းထဲသို့ရောက်သွားပြီး လင်းကျဲ့သည် နင်သွားသည်။
လင်းကျဲ့၏မျက်နှာသည် အစာနင်နေသောကြောင့် နီရဲလာပြီး ရေရှာရန်အတွက် လျင်မြန်စွာ ထွက်သွားသည်။  သူသည် ရှန်းချင်းဟန်၏စားပွဲပေါ်တွင် ရှိသောလက်ဖက်ရည်ခွက်ကို မြင်လိုက်သည်။  သူသည် အလျင်အမြန်ပြေး သွားပြီး ရှန်းချင်းဟန်သည် ဘာမှမတုန့်ပြန်ခင်မှာပင် လက်ဖက်ရည်ခွက်ကို ကောက်ယူ၍ သောက်ချလိုက်သည်။  မမျှောင်လင့်စွာပင် လက်ဖက်ရည်သည် ပူလောင်နေသောကြောင့် လင်းကျဲ့၏လျှာမှာ အပူလောင်သွားသည်။  ထို့နောက် လင်းကျဲ့သည် ပါးစပ်ထဲရှိ လက်ဖက်ရည်ပူများအား အလိုအလျောက် ထွေးထုတ်လိုက်သည်။
ရှန်းချင်းဟန်သည် ခေါင်းမော့၍ မရှောင်နိုင်လိုက်ပေ။  ထို့ကြောင့်သူသည် လက်ဖက်ရည်ဖြင့် ပက်ဖြန်းခံလိုက်ရ သည်။
လက်ဖက်ရည်သည် ရှန်းချင်းဟန်၏မျက်နှာအား စိုရွဲသွားစေပြီး သူ၏နဖူးပေါ်ရှိ အပြာရောင်သွေးကြောများသည် ပေါက်ထွက်လုမတတ်ဖောင်းလာသည်။
လင်းကျဲ့သည် ထိုသို့ဖြစ်သွားမည်ကို မျှော်လင့်မထားမိပေ။  သူသည် လက်ဖက်ရည်ခွက်ကို ဆွဲယူ၍ နှုတ်ခမ်းမှ လေမှုတ်ထုတ်ကာ ရယ်မောလိုက်သည်။ 
“ကျွန်တော် နင်သွားလို့ပါလို့ ပြောရင် ခင်ဗျားယုံမှာလား”
ရှန်းချင်းဟန်သည် လင်းကျဲ့အား အေးစက်သောအကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
“ကျွန်တော် ခင်ဗျားကို ပြန်သုတ်ပေးပါ့မယ်”
လင်းကျဲ့သည် လက်ဖက်ရည်ခွက်အား မြန်မြန်ပြန်ချလိုက်သည်။  သူသည် အင်္ကျီလက်အား ပင့်၍ ရှန်းချင်းဟန်၏ မျက်နှာအား သုတ်ပေးလိုက်သည်။  ရှန်းချင်းဟန်သည် ရှောင်လိုက်ပြီး လင်းကျဲ့သည် ကိုယ်ကို ယိမ်း၍ ထပ်သုတ် ပေးရာ လက်ဖက်ရည်ခွက်အား မတော်တဆ ရိုက်မိသွားသည်။  ထို့ကြောင့် ခွက်ထဲတွင် ကျန်နေသော လက်ဖက်ရည်များသည် စားပွဲပေါ်ရှိ ရုံးစာများပေါ်သို့ ဖိတ်ကျသွားသည်။ လက်ဖက်ရည်ခွက်သည် စားပွဲပေါ်တွင်လိမ့်နေပြီး နောက်ဆုံးတွင် ကြမ်းပြင်ပေါ်သို့ ကျသွားကာကွဲသွားသည်။
ရှန်းချင်းဟန်၏မျက်ခုံးများမှာ ပြင်းထန်စွာ မြင့်တက်သွားသည်။
လင်းကျဲ့သည် လက်ကို ပြန်ဆုတ်လိုက်သည်။  သူ၏မျက်လုံးများသည် လက်ဖက်ရည်စိုသွားသော ရုံးစာများကို စိုက်ကြည့်နေပြီးနောက် ကြမ်းပြင်ပေါ်မှ ပန်းကန်အစအနများကို ကြည့်၍ တံတွေးမြိုချလိုက်သည်။  ထို့နောက် သူသည် ဝိုးတဝါးပြောလိုက်သည်။
“ကျွန်တော်တော့ ပြဿနာထပ်ရှာလိုက်ပြန်ပြီထင်တယ်၊ ဒါက အမြဲတမ်းပြဿနာဖြစ်နေတာပဲ”
ရှန်းချင်းဟန်သည် နဖူးကိုရိုက်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
“ကျွန်တော် မရည်ရွယ်ပါဘူး”
လင်းကျဲ့သည် ထွက်ပြေးချင်းနေသည်။
“……”
“…….”
ရှန်းချင်းဟန်သည် စကားပြောရန်အတွက်ပင် ပင်ပန်းလွန်းနေသည်။
“ကျွန်တော် သန့်ရှင်းပေးပါ့မယ်”
ထို့နှင့် လင်းကျဲ့သည် ပန်းကန်းအပိုင်းအစများကို ကောက်ရန်အတွက် ထိုင်ချလိုက်သည်။
“မလုပ်နဲ့”
ရှန်းချင်းဟန်သည် ဟန့်တားလိုက်ရင်း မတ်တတ်ရပ်လိုက်သည်။  သူသည် လင်းကျဲ့အား တားဆီးလိုက်သော်လည်း နောက်ကျသွားသည်။  သူ၏အသံထွက်ပေါ်မလာခင်မှာပင် လင်းကျဲ့၏လက်ချောင်းထိပ်သည် ပန်းကန်ကွဲ ဖြင့် ရှမိသွားပြီး ပဲစေ့ခန့်ကြီးမားသည် သွေးစက်တစ်စက် ထွက်လာသည်။
“နာတယ်၊ အဲဒါက နာတယ်”
လင်းကျဲ့သည် သူ့လက်ချောင်းကို ချက်ချင်းဖုံးအုပ်လိုက်ပြီး ငိုသည်။
ရှန်းချင်းဟန်သည် ဒေါသထွက်လာပြီး အကူအညီမဲ့နေသည်။  သူသည် လင်းကျဲ့အနီးသို့ရောက်လာပြီး လင်းကျဲ့ လက်အား ညင်သာစွာ ကြည့်လိုက်ရာ အစင်းရာကို မြင်လိုက်၍ သက်ပြင်းချလိုက်သည်။
“မင်း ဘာလို့အမြဲတမ်းငြင်းနေတာလဲ၊ အစေခံတွေလုပ်လိမ့်မယ်၊ မင်းက အဆင့်နိမ့်သွားမယ်”
ပထမစကားသည် လင်းကျဲ့အား လှုပ်ရှားသွားစေပြီး နောက်တစ်ခွန်းသည် လင်းကျဲ့၏မျက်နှာအား တောင့်တင်းသွားစေသည်။
“အဆင့်နိမ့်သွားမယ်ဆိုတာဘာလဲ။”
လင်းကျဲ့သည် စိတ်ဆိုးရန်ပြင်လိုက်စဉ် ရှန်းချင်းဟန်သည် မျက်မှောင်ကြုတ်၍ ပြောသည်။
“မလှုပ်နဲ့၊ ဆေးသွားယူလိုက်ဦးမယ်”
လင်းကျဲ့သည် အံ့အားသင့်သွားသည်။  ရှန်းချင်းဟန်သည် ဆေးသေတ္တအား ယူလာ၍ ဖွင့်လိုက်ပြီး ရွှေရောင်ဆေးပုလင်းအား ထုတ်ယူလိုက်သည်။
“ခင်ဗျားမှာ ဘာလို့ ဆေးတွေဒီလောက်အများကြီးရှိနေတာလဲ”
လင်းကျဲ့သည် ထိုင်၍ မေးလိုက်သည်။
“အိမ်တော်မှ အရူးတစ်ယောက်ရှိနေတယ်လေ။  အဲ့ဒီတော့ ဆေးတွေပိုပြီး ပြင်ဆင်ထားသင့်တာပေါ့”
ရှန်းချင်းဟန်သည် လင်းကျဲ့အား ဆေးလိမ်းပေးနေသည်။  ထိုအခိုက်အတန့်တွင် သူသည် ပေါ့ပါးခြင်းကို ခံစားလိုက်ရသည်။
“ခင်ဗျားပြောတဲ့အရူးဆိုတာ ကျွန်တော်ဖြစ်နိုင်လား”
လင်းကျဲ့သည် မိမိကိုယ်ကို ပို၍ပို၍ သတိထားမိလာသည်။
ရှန်းချင်းဟန်သည် ပြန်မဖြေဘဲ နှုတ်ခမ်းထောင့်စွန်းသည်သာအနည်းငယ် တွန့်ကွေးသွားသည်။
ကောင်းပြီ။  ထိုသူသည် လင်းကျဲ့ဖြစ်သည်ဟု မသေချာသော်လည်း ရှန်းချင်းဟန်၏အရူးသည် သူဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
သူသည် တည်ငြိမ်လာသောအခါ လင်းကျဲ့သည် ခေါင်ငုံ့၍ သူ့အား ဆေးထည့်ပေးနေသော ရှန်းချင်းဟန်ဘက်သို့ လှည့်၍ ကြည့်လိုက်သည်။  ရှန်းချင်းဟန်၏မျက်နှာပေါ်တွင် လင်းကျဲ့ မှုတ်ထုတ်လိုက်သော လက်ဖက်ရည်များသည် မခြောက်သေးပေ။  သူ၏ရှည်လျားသော မျက်တောင်မွှေးများပေါ်တွင် လက်ဖက်ရယ်စက်များသည် တွဲလွဲ ခိုနေပြီး မျက်နှာပေါ်တွင် ကျနေသောဆံပင်များသည်လည်း စိုစွတ်နေသည်။  လင်းကျဲ့သည် အပြစ်ရှိသလို ခံစား လိုက်ရသည်။
“ခင်ဗျား ရေအရင်မချိုးချင်ဘူးလား”
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWhere stories live. Discover now