Part 128

1.7K 209 5
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

Chapter 128

လင်းကျဲ့သည် သူ၏အတွေးအမြင်ကိုပွင့်ပွင့်လင်းလင်းပြောပြီးနောက် မျက်နှာသစ်သန့်စင်ရန်အတွက် အိပ်ရာမှ ထလာသည်။ ထို့နောက်သူက သီချင်းညည်းပြီး စာသင်ဆောင်သို့ထွက်လာခဲ့သည်။

“သခင်လေး ဒီနေ့ဘာလို့စိတ်ပျော်နေပါလိမ့်”

စန်းရှီသည် လင်းကျဲ့၏ကျောပြင်အားကြည့်ပြီး ရေရွတ်လိုက်သည်။

ယခု လင်းကျဲ့သည် အချစ်ပန်းရောင်ပူဖောင်းများထဲတွင် နှစ်မြုပ်နေသောကြောင့် သူသည် အလွန်အမင်းပျော်ရွှင်နေသည်မှာ သဘာဝပင်ဖြစ်သည်။

လင်းကျဲ့သည် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ဦးကို သဘောကျခြင်းဖြစ်ပြီး ထိုတစ်စုံတစ်ဦးမှာ လည်း ယောက်ျားတစ်ဦးဖြစ်သည်။

အစပိုင်းတွင် လင်းကျဲ့သည် ထိုအရာကို လက်မခံနိုင်ခဲ့ပေ။ သူသည် သက်တမ်းတစ်လျှောက်လုံး အမျိုးသားများကို စိတ်မဝင်စားခဲ့သော်လည်း နောက်ဆုံးတွင် ရှန်းကူရန်၏စကားများသည် ကျိုးကြောင်းဆီလျော်လေသည်။ လူတစ်ယောက်ကို သဘောကျလျှင် ကျား၊မ မခွဲခြားသင့်ဘူးမဟုတ်လား။

သူက ရှန်းချင်းဟန်ကို သဘောကျသည်။

ဤပုဂ္ဂိုလ်ကို မည်သည့်အကြောင်းရင်းကြောင့်မှမဟုတ်ဘဲ သဘောကျသည်။ ထိုအရာသည် ရိုးရှင်းပါသည်။

ထိုအကြောင်းကို တွေးတောရင်း လင်းကျဲ့သည် စာသင်ဆောင်တံခါးရှေ့သို့ ရောက်လာသည်။ ထို့နောက် သူက အဝတ်အစားများကို သပ်ရပ်စေရန်ပြုပြင်ပြီး အသက်တစ်ချက်ရှူကာ အခန်းအတွင်းသို့ ဝင်ခဲ့သည်။

လင်းကျဲ့သည် အခန်းအတွင်းသို့ဝင်လာသည်နှင့် စာရေးစားပွဲတွင်ထိုင်ပြီး ​စာရေးနေသော ရှန်းချင်းဟန်ကို မြင်လိုက်ရသည်။

ထိုသူသည် အစွန်းအထင်းကင်းသော အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။ သူသည် ထိုင်ခုံတွင်မတ်မတ်ထိုင်နေသည်။ သူအား နေ့စဉ်မြင်နေရသော်လည်း လင်းကျဲ့သည် ငြီးငွေ့ခြင်းမရှိပေ။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWo Geschichten leben. Entdecke jetzt