part 96

1.6K 188 2
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း -၉၆

နောက်ဆုံး၌ အချို့သော အယူဝါဒ အတွေးတိုက်ပွဲအပြီးတွင် လင်းကျဲ့သည် ဆက်၍ ထွက်လာခဲ့သည်။
သူသည် ရှန်းချင်းဟန်ဆီသို့ ထော့နဲ့ထော့နဲ့ဖြင့် လျှောက်လာပြီးနောက် တောက်ပသောအပြုံးနှင့် ပြုံးပြလိုက်သည်။
“ခင်ဗျားက ဒီမှာဘာလုပ်နေတာလဲ”
ရှန်းချင်းဟန်၏မျက်နှာသည် အေးစက်နေပြီး အမူအရာကင်းမဲ့နေသည်။ 
“မင်းက ငါ့လိုမျိုးအင်္ကျီဝတ်ထားတဲ့ သားရဲတိရိစ္ဆာန်နဲ့ စကားပြောရတာ မနှစ်မြို့ဘူးလို့ ပြောခဲ့တာမလား”
ထိုစကားကို ကြားသောအခါ လင်းကျဲ့၏ မျက်နှာပေါ်မှအပြုံးသည် အေးခဲသွားပြီးနောက် ပျောက်ကွယ်သွားသည်။
“ဟုတ်ပါပြီ၊ ကျွန်တော်မှားပါတယ်၊ ကျွန်တော်ကျန်းရန် ပြောပြတာကို နားထောင်ခဲ့ပါတယ်၊ ကျွန်တော် ခင်ဗျားကို အဲ့လိုမပြောသင့်ပါဘူး”
“……….”
ရှန်းချင်းဟန်သည် လင်းကျဲ့၏စကားများကို မကြားလိုက်သကဲ့သို့ မထူးခြားဘဲဖြစ်သည်။  သူ၏မျက်လုံးများသည် လည်း အဝေးမှမြင်ကွင်းများကိုသာ ငေးကြည့်နေသည်။
“ကျွန်တော့်ကို လျစ်လျူရှုမထားပါနဲ့၊ စိတ်အေးအေးထားပါ”
လင်းကျဲ့သည် လုံးဝနူးညံ့နေသည်။  အရာအားလုံးသည် သူ၏အမှားသာဖြစ်သည်။  သူသည် လက်ကိုထုတ်၍ ရှန်းချင်းဟန်၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး ရိုးသားအပြစ်ကင်းစင်သည့် မျက်လုံးများဖြင့်ကြည့်လိုက်သည်။
“ကျွန်တော်မှားသွားပါတယ်၊ ကျွန်တော် ခင်ဗျားအပေါ်မှာ နားလည်မှုမလွဲသင့်ပါဘူး၊ ဒီတစ်ကြိမ်မှာကျွန်တော့်ကို ခွင့်လွှတ်ပေးရင် ဘယ်လိုလဲ၊ မင်းသားမှာ လူတွေအများကြီးရှိပါတယ်၊ အကာအကွယ်မရှိတဲ့ ကျွန်တော်လို အခြေခံလူတန်းစားနဲ့  ပြိုင်ငြင်းမနေပါနဲ့”
ရှန်းချင်းဟန်၏မျက်ခွံများသည် လှုပ်ရှားသွားပြီး ဘာမှမပြောပေ။
“ကောင်းပြီလေ ခင်ဗျားတစ်ခွန်းပဲပြောလိုက်၊ ကျွန်တော့်ပါးစပ်က စုတ်ပြတ်နေပါပြီ”
လင်းကျဲ့သည် သူ့ပါးစပ်ကို ရိုက်လိုက်ပြီး ရှန်းချင်းဟန်အား ကြည့်လိုက်သည်။
“နောက်ပြီး ခင်ဗျားဒီကိစ္စကို သေချာတွေးကြည့်လိုက်ရင် ကျွန်တော့် အပြစ်တွေချည်းပဲ မဟုတ်ဘူး၊ အဲဒီအချိန်တုန်းက ဘယ်သူက ခင်ဗျားကို အဲ့ဒီမိန်းကလေးကို တင်းတင်းကြပ်ကြပ် ဖက်ထားခိုင်းလို့လဲ၊ ကျွန်တော်သာ ခင်ဗျားကို ထိရင် ခင်ဗျားက စိတ်ဆိုးမှာ အသိသာကြီးလေ”
“ဒါက မတူဘူးလေ၊ အသက်နဲ့ဆိုင်တဲ့ကိစ္စလေ”
ရှန်းချင်းဟန်သည် နောက်ဆုံးတွင် ပါးစပ်ကိုဖွင့်လာခဲ့ပြီး လင်းကျဲ့အား အေးစက်စွာကြည့်လိုက်သည်။
“အစတုန်းက ကျွန်တော်မသိခဲ့ဘူး၊ အခုသိပြီ၊ ပြီးတော့ ကျွန်တော်တောင်းပန်ပါတယ်၊ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို ခွင့်မလွတ်ဘူး….”
လင်းကျဲ့သည် အလွန်စိတ်ဓါတ်ကျနေသည်။
ရှန်းချင်းဟန်သည် ဖားတစ်ကောင်ကဲ့သို့  ဖြစ်နေသောလင်းကျဲ့ကို ကြည့်လိုက်သည်။  သူသည် မျက်နှာကို ထိန်းမထားနိုင်တော့ပေ။  သူက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။
“ကောင်းပြီ၊ ပြန်သွားပြီး မင်းကိုယ်မင်း သန့်ရှင်းလိုက်ဦး”
ထိုစကားကို ကြားလိုက်သည်နှင့် လင်းကျဲ့၏ မျက်နှာသည် ချက်ချင်းပြောင်းလဲသွားကာ ပြုံးသွားသည်။
“ဒါဆို ခင်ဗျား ကျွန်တော့်ကို ခွင့်လွတ်လိုက်ပြီလား”
“မင်းဘာပြောတာလဲ”
ရှန်းချင်းဟန်က သူ့နဖူးကို သူ့ဘာသာ ရိုက်လိုက်သည်။
“ကျွန်တော်ပြောတာက ကျွန်တော့ကိုယ်ကျွန်တော် ခွင့်လွှတ်လိုက်ပြီ၊ လေးလေးနက်နက်  တောင်းပန်ပေမယ့် ကျွန်တော့်ကိုယ်ကျွန်တော်  ခွင့်လွှတ်ဖို့ခက်တယ်”
လင်းကျဲ့သည် မျက်လုံးများကို မှေးစင်းလိုက်ပြီးနောက် ပြုံးသည်။
“မင်းတောင်းပန်တဲ့  နည်းကလည်း ဘယ်လိုမျိုးလဲ”
ရှန်းချင်းဟန်က ပြောသည်။
“အဆုံးသတ်ရလဒ်က ကောင်းဖို့ အဓိကပဲလေ”
လင်းကျဲ့သည် သူ့လက်များကို ပြန်သိမ်းလိုက်ပြီးနောက် ရေရွတ်လိုက်သည်။
“……..”
“စကားမစပ် အဲ့ဒီမိန်းကလေးက ဘာဖြစ်ခဲ့လို့လဲ၊ ကျန်းရန်ပြောတာက သူက ကိုယ့်ဘာသာမြစ်ထဲခုန်ချပြီး သေကြောင်းကျန်ခဲ့တယ်တဲ့”
လင်းကျဲ့သည် စပ်စုစွာ မေးလိုက်သည်။
နားလည်မှုလွဲမှားခြင်းကို ဖြေရှင်းပြီးသွားပြီဖြစ်သော်လည်း လင်းကျဲ့သည် အဘယ့်ကြောင့် ရှန်းချင်းဟန်က ထိုမိန်းကလေးနှင့် တွေ့ခဲ့သည်ကို အလွန်သိချင်နေသည်။
“ခရိုင်တရားသူကြီး ကောင်းဖူက လာဘ်ယူပြီး မျိုးရိုး အမည်တစ်ရာရဲ့ ခေါင်းဆောင်ပေါ်မှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ကိစ္စ ကို ငါစုံစမ်းခဲ့တယ်၊ သဲလွန်စတွေအားလုံးက အဲ့ဒီအမျိုးသမီးနဲ့ ပတ်သက်နေတဲ့အတွက် ငါ တစ်ညလုံးသူ့ကို ရှာနေ ခဲ့တယ်၊ မမျှော်လင့်စွာပဲ သူက ညအမှောင်ကို အခွင့်အရေးယူပြီး မြစ်ထဲခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့တာ၊ ဒါကအကုန်ပဲ၊ အဲ့ထက်ပိုပြီး လျှောက်မတွေးနဲ့”
ရှန်းချင်းဟန်သည် ခေါင်းငုံ့ပြီး မျက်ခုံးများကို နှိပ်နယ်နေသည်။
“အမှုကိစ္စအတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ တကယ်တော့ ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး”
လင်းကျဲ့သည် ထိုအကြောင်းကို ကြားသောအခါ သူ၏မျက်နှာသည် ပို၍ပူလာသည်။
“ပြန်သွားပြီး မိန်းကလေးကို ကြည့်လိုက်ဦးမယ်”
ရှန်းချင်းဟန်က ပြောသည်။
“အို့”
လင်းကျဲ့က ခေါင်းညိတ်ပြပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။  ခိုက်မိထားသော သူ၏ခြေထောက်သည် အနည်းငယ် နာကျင်သွားသည်။  သူသည် ငိုကြွေးမည်ကဲ့သို့ဖြစ်သွားသည်။
လင်းကျဲ့သည် လျင်မြန်စွာပင် ပါးစပ်ကို ပိတ်လိုက်သည်။
“ဘာဖြစ်တာလဲ”
ရှန်းချင်းဟန်သည် လင်းကျဲ့ကို ပြန်ကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။
“ခွေးခြေခုံကို မတော်တဆ တိုက်မိထားတာ”
“ခင်ဗျားမိန်းကလေးရဲ့ အခြေအနေကို အရင်သွားကြည့်လိုက်ပါ၊ ပြီးတော့ ကျွန်တော်အဆင်ပြေပါတယ်၊ မတော် တဆတိုက်မိတာပါ”
လင်းကျဲ့သည် စကားပြောလျက် သူ့အနာကို သတိမထားမိစွာဖြင့်ပွတ်သပ်မိလိုက်သည်။  သူသည် နာကျင်မှုကြောင့် အံကြိတ်လိုက်မိသည်။
“အရင်ဆုံး ငါမင်းကို မင်းအခန်းဆီပို့ပေးမယ်”
ရှန်းချင်းဟန်သည် ကိုယ်ကိုကိုင်းညွှတ်လျက် ပြောလိုက်သည်။
ဤအနအထေား
“အဲ့လောက်စိတ်ရှုပ်မခံပါနဲ့၊ ကျွန်တော့်ဘာသာ လမ်းလျှောက်ပြန်နိုင်ပါတယ်၊ ဘာပဲပြောပြော နီးတောင်နီးနေပါပြီ”
မျက်လုံးများသည် ပြင်းထန်စွာတုန်ခါသွားပြီး လင်းကျဲ့သည်ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“မေ့လိုက်ပါ၊ သားရဲကြီးလို့ ပြောခဲ့တဲ့အတွက် ငါမင်းကို မငေါက်ပါဘူး”
ရှန်းချင်းဟန်သည် မည်သည့်အမူအရာမှမရှိဘဲ သူသည် လင်းကျဲ့အား ပွေ့ချီလိုက်သည်။
နှလုံးသားသည် ပြင်းထန်စွာ တုန်ယင်နေပြီး လင်းကျဲ့၏ တစ်ကိုယ်လုံးသည် မှင်သက်သွားသည်။  ရှန်းချင်းဟန်၏ သင်းပျံ့သောရနံ့အား ရှူရှိူက်လျက် လင်းကျဲ့သည် နစ်မြောသွားသည်။  သူသည် သူ၏လက်များအား မည်သည့် နေရာတွင်ထားရမည်ကိုမသိပေ။  သူ့ကိုပွေ့ဖက်ခြင်းသည် ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူသည် ပျာယာခတ်နေဆဲဖြစ်ပြီး ထိခိုက်မိထားတဲ့အတွက် သူ့ကိုယ်သူ တိတ်တဆိတ်ကြိမ်းမောင်းနေသည်။
“ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား”
ရှန်းချင်းဟန်သည် ကမ္ဘာပေါ်မှာ မည်သည့်အရာမဆို သူကိုယ်တိုင်လုပ်နိုင်နေသည်ကို ကျွန်တော်စိုးရွံ့မိပါသည်။
“တိတ်စမ်း”
ရှန်းချင်းဟန်သည် ရှေ့ကိုကြည့်နေသည်။
“အိုး”
လင်းကျဲ့သည် သူ့ပါးစပ်ကို တင်းတင်းပိတ်လိုက်ပြီးနောက် လျင်မြန်စွာခုန်နေသော သူ့နှလုံးသားကို ထိန်းချုပ်နေ သည်။
“ဘယ်နေရာလဲ”
ရှန်းချင်းဟန်သည် လင်းကျဲ့၏ အခန်းတွင်းသို့ဝင်လာပြီး အသံတိုးတိုးဖြင့်မေးသည်။
“အိပ်ရာပေါ်ပဲတင်ပေးခဲ့ပါ”
လင်းကျဲ့က ပြုံးလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ရှန်းချင်းဟန်သည် လင်းကျဲ့အား ပြီးခဲ့သည့်တစ်ခေါက်နှင့် ခြားနားစွာ အိပ်ရာပေါ်တွင် ဂရုစိုက်စွာဖြင့်ချပေးလိုက်သည်။ 
“မင်းဘာလို့စိတ်ပူနေတာလဲ”
ရှန်းချင်းဟန်က လင်းကျဲ့အား ကြည့်လိုက်သည်။
“ဒါက ခင်ဗျားကျွန်တော့်ကို အိပ်ရာပေါ်တင်ပေးတာ နောက်ဆုံးအကြိမ်တော့ မဟုတ်ပါဘူးနော်။  ကျွန်တော် အတွေးလွန်နေတယ်”
လင်းကျဲ့က အကြည့်ကိုလွှဲ၍ ပြောသည်။
“…….”
ရှန်းချင်းဟန်သည် တိတ်ဆိတ်သွားသည်။
“အင်း ကျွန်တော်ဆိုလိုတာက”
လေထုသည် ထူးဆန်းလာသည်ကို ခံစားလိုက်ရပြီး လင်းကျဲ့က ချက်ချင်း ရှင်းပြချင်နေသည်။
“နောက်တခါ ငါမင်းကို ဂရုစိုက်ပါ့မယ်”
ရှန်းချင်းဟန်သည် ရုတ်တရက် ဤစကားတစ်ခွန်းကို ပြောလာမည်ဟု မည်သူသိနိုင်ပါမည်နည်း။
“……….”
“နောက်တစ်ကြိမ် ထပ်မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်”
သူသည် နောက်ထပ် နှလုံးရပ်သွားမည်ကို မျှော်လင့်နေမိသည်။
“မင်းခြေထောက်က အနာကို အရင်ကြည့်ရအောင်”
ရှန်းချင်းဟန်သည် ပြန်မဖြေပေ။  သူသည် ကြမ်းပြင်ပေါ်တွင် ဒူးတစ်ချောင်းထောက်၍ ငုံ့ကြည့်လိုက်သည်။  သူသည် လင်းကျဲ့၏ ဘောင်းဘီရှည်ကို ဆွဲတင်လိုက်သည်။
လင်းကျဲ့သည် တုန်ယင်နေသည်။
“စိတ်ပူစရာမရှိပါဘူး၊ နောက်ကျပျောက်သွားမှာပါ”
“မလှုပ်နဲ့”
ရှန်းချင်းဟန်သည် အမူအရာကင်းမဲ့နေပြီး လင်းကျဲ့၏ခြေကျင်းဝတ်ကို ဆွဲယူလျက်ပြောသည်။
လင်းကျဲ့သည် လေကို နှုတ်ခမ်းထောင့်စွန်းမှ မှုတ်ထုတ်လိုက်သည်။ 
“ဒီလူကတော့ ကျွန်တော့် စကားကို နားမထောင်ဘူးနော်။ “
လင်းကျဲ့သည် မလှုပ်ရှားဝံ့ပေ။  ရှန်းချင်းဟန်သည် သူ၏ဘောင်းဘီကို လိပ်တင်လိုက်သည်။  သူသည် ခြေထောက် ပေါ်မှ ဒဏ်ရာကြီးကို မြင်သောအခါ ရှန်းချင်းဟန်၏မျက်ခုံးများသည် သိသာစွာမြင့်တက်သွားသည်။
“အဆင်ပြေပါတယ်၊ နောက်ကျရင် ကောင်းသွားမှာပါ”
လင်းကျဲ့သည် ရှန်းချင်းဟန်၏လက်များသည် အေးစက်သွားကြောင်း ခံစားလိုက်ရသည်။  ထိုခံစားမှုသည် သူ့၏ သွေးကြောများထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး သူ့ဆီသို့ လျင်မြန်စွာရောက်လာသည်။
“ပါးစပ်ပိတ်ထား”
ရှန်းချင်းဟန်၏အကြည့်သည် လင်းကျဲ့ဆီသို့ ရောက်လာပြီး အေးစက်စွာပြောသည်။
လင်းကျဲ့သည် ချက်ချင်း ပါးစပ်ပိတ်သွားသည်။
“သခင်လေး”
ကျန်းရန်သည် အခန်းတွင်းသို့ ဝင်လာသည်။  သူက ရှန်းချင်းဟန်သည် ဒူးတစ်ဖက်ထောက်၍ လင်းကျဲ့၏ ခြေထောက်အား ကိုင်ထားသည်ကို မြင်သောအခါ ထိတ်လန့်သွားသည်။
“ဒီအနေအထားက ဘာလဲ”
လင်းကျဲ့သည် ထိတ်လန့်သွားသည်။
“အချိန်မီပဲ၊ ရေနွေးတစ်ဇလုံသွားယူခဲ့”
ရှန်းချင်းဟန်က ပြောသည်။

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWo Geschichten leben. Entdecke jetzt