Unicode
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Chapter 134
ညသည် တိတ်ဆိတ်အေးစက်နေသည်။ လရောင်သည် ပြတင်းပေါက်မှတဆင့် အခန်းထဲသို့ဖြာကျနေပြီး ရှန်းချင်းဟန်သည် အခန်းထဲတွင် ငြိမ်သက်စွာ ထိုင်နေသည်။ သူသည် စိတ်ရှုပ်ထွေးနေသည်။
“ငါ ရှန်းချင်းဟန်ကို သဘောကျတယ်၊ ကမ္ဘာကြီးထဲမှာ ရှန်းချင်းဟန်ကိုသဘောအကျဆုံးပဲ”
လင်းကျဲ့အသံအား သူ၏နားထဲတွင်ကြားယောင်နေသည်။ ရှန်းချင်းဟန်သည် မျက်ခုံးများကို ပွတ်လိုက်သည်။
“ဒီစကားက အရက်မူးလို့ပြောတဲ့စကားဆိုတာ ငါရှင်းရှင်းလင်းလင်းသိတယ်”
သို့သော်လည်း ရှန်းချင်းဟန်သည် သေရည်သောက်ပြီးလျှင် အမှန်ပြောသည်ဆိုသည့်အချက်ကို မေ့နေသည်။ သူသည် အကြောင်းအရင်းကို မသိသော်လည်း လင်းကျဲ့၏စကားများသည် သူနှင့် သူ၏မူလငြိမ်းချမ်းနေသော နှလုံးသားလေးအား စိတ်မကောင်းဖြစ်စေသည်။ လင်းကျဲ့သည် အရက်မူးနေသောကြောင့် သူသည် လင်းကျဲ့၏စကားလုံးများအား အတည်မှတ်မယူနိုင်သည်ကို သိပါသည်။
“ဒါပါပဲ”
ရှန်းချင်းဟန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး ခဏမျှတွေးတောလိုက်ပြီးနောက် စာကြည့်ဆောင်သို့သွားပြီး အလုပ်လုပ်ရန်ဆုံးဖြတ်လိုက်သည်။ ထိုအချိန်မှာပင် တံခါးခေါက်သံကိုကြားလိုက်ရသည်။
“ရှန်းချင်းဟန်”
ရှန်းချင်းဟန်က ထရပ်လိုက်ပြီးတံခါးကိုဖွင့်လိုက်သည်။ သူသည် တံခါးကိုဖွင့်လိုက်သည်နှင့်တပြိုင်နက် တစ်စုံတစ်ယောက်သည် သူ့ထံသို့ယိုင်လဲကျလာသည်။ နောက်ဆုံးတွင် ရှန်းချင်းဟန်သည် သူ့အား လက်များကြားထဲတွင် ကျွမ်းကျင်စွာဖြင့် ဖမ်းထားလိုက်သည်။ ရှန်းချင်းဟန် ငုံ့ကြည့်လိုက်သောအခါ ထိုသူသည် လင်းကျဲ့ ဖြစ်နေသည်။ ရှန်းချင်းဟန်၏နှလုံးခုန်သံစည်းချက်သည် လွဲချော်သွားသည်။
“လင်းကျဲ့”
ရှန်းချင်းဟန်သည် လက်များထဲမှ ပုံရိပ်လေးကိုကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။