unicode
Chapter 50
သူ့ကို အိပ်ခွင့်တောင် မပြုဘူးဆိုလျှင် လင်းကျဲ့က သူသည် စာသင်ခန်းထဲတွင် နေ၍ လျူဇီချင်း၏ ကြာရှည်သော ပို့ချသင်ကြားမှုကို နားထောင်နိုင်လိမ့်မည် မဟုတ်ကြောင်း တွေးမိသည်။
သို့သော် သူသည် အိပ်မပျော်သော်လည်း လေးနာရီကြာအောင် ကြိုးစားပြီးနောက်တွင် လင်းကျဲ့သည် အလွန်အိပ် ငိုက်နေပြီး ငြီးငွေ့စရာ ကောင်းသော အခြေအနေတွင် ရှိနေခဲ့ပါသည်။ သူသည် အိပ်မပျော်သော်လည်း ဘာမှ မကြားနိုင်ကြောင်း သိသာပါသည်။
လင်းကျဲ့သည် ငြိမ်သက်နေချိန်တွင် ရှန်းကူရန် ရောက်ရှိလာသည်။
သူသည် အနီရောင်ဝတ်ရုံအား ဝတ်ဆင်ထားပြီး စက္ကူယပ်တောင်ဖြင့် ယပ်ခပ်နေသည်။ သူ၏ရှည်လျားသော ဆံပင်ကို စည်းနှောင်းထားခြင်း မရှိဘဲ လေထဲတွင် လွင့်နေသည်။
“အိုး၊ မင်း အိပ်ပျော်သွားပြန်ပြီလား၊ အစ်ကိုတော်သာမြင်ရင် ဒေါသထွက်တော့မှာပဲ”
ထိုအချိန်တွင် လျူဇီချင်းသည် လင်းကျဲ့အား နှိုးရန် ရှေ့တွင် ရပ်နေသည်။ ထိုအသံအား ကြားသောအခါ သူသည် ခေါင်းကို လှည့်လိုက်သည်။ ထို့နောက် ရှန်းကူရန်အား မြင်သောအခါ ထိတ်လန့်သွားသည်။
ထိုစကားကို ကြားလိုက်ချိန်တွင် လင်းကျဲ့သည် နိုးတစ်ဝက် အိပ်မက်တစ်ဝက် ဖြစ်နေရာမှ ရုတ်တရက် လန့်နိုးလာသည်။
“ဘာလဲ၊ ရှန်းချင်းဟန် ရောက်နေတာလား”
လင်းကျဲ့သည် သူပြောလိုက်သော ပထမစကား တစ်ခွန်းကို ဝေဝါးသွားပြီး လှည့်ကြည့်လိုက်သည်။ အဆုံးတွင် သူသည် ပြုံးနေသော ရှန်ကူရန်အား မြင်လိုက်ရသည်။
“ဟားဟားဟား မစိုးရိမ်ပါနဲ့၊ ဂျင်နိုင်ငံတော်က မင်းသားနဲ့ မင်းသမီးတို့ အလည်အပတ် ရောက်နေလို့ အစ်ကိုတော်က သူတို့ကို လက်ခံ တွေ့ဆုံနေတယ်၊ သူတို့ အိမ်တော်မှာ မရှိဘူး၊ ဒါကြောင့် မင်းအိပ်ပျော်နေတာကို အစ်ကိုတော် မတွေ့နိုင်ပါဘူး”
ရှန်းကူရန်က ရယ်သည်။
လင်းကျဲ့သည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်း တစ်ချက်ချ လိုက်ပြီးနောက် ရှန်းကူရန်အား ပြဿနာ ရှာရန်ပင် ပျင်းလွန်းသဖြင့် စားပွဲပေါ်တွင် လှဲလိုက်သည်။
YOU ARE READING
ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား
Romanceဘာသာပြန်သူ- နေရီ လင်းကျဲ့က ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါနော်။ ဘာသာပြန်သူက တော်တော်လေး ကြိုးစားပြီးတော့ ပြန်ထားတဲ့ စာစဉ်လေးပါ။