part 87

1.8K 232 4
                                    

Unicode

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရား

အခန်း - ၈၇

ခေါင်းပေါ်ရှိရောင်နေသောအဖုသည် ဆေးလိမ်းပြီးသော်လည်း ပူ၍ နာကျင်နေဆဲဖြစ်သည်။ ထိုအကြောင်းအား တွေးမိလိုက်သည်နှင့် လင်းကျဲ့သည် ရှန်းချင်းဟန်အား စိုက်မကြည့်ဘဲမနေနိုင်ပေ။
“မင်းက ငါကို ဘာလို့ကြည့်နေတာလဲ”
ရှန်းချင်းဟန်က အမူအရာပြောင်းလဲမှုမရှိဘဲမေးသည်။
“အထင်ကြီးမနေနဲ့၊ ဘယ်သူက ခင်ဗျားကို ကြည့်နေလို့လဲ”
လင်းကျဲ့က အော်ပြော၍ နှုတ်ခမ်းမဲ့လိုက်သည်။ ထို့နောက် သူဝယ်ယူခဲ့သည်များကို တွေ့ခဲ့သည်။ သူသည် လင်းရှန်းဝူ၏ကမ္ဗည်းတိုင်ဆီသို့ ပြေးသွားသည်။
“အဖေ အခု ကျွန်တော် ကောင်းကောင်းရှင်သန်နေပါတယ်၊ ကျွန်တော် အဖေ့ကို အမွှေးတိုင်ထွန်းပေးဖို့အတွက် မကြာခဏပြန်လာမယ်နော်”
လင်းကျဲ့သည် လင်းရှန်းဝူ၏ကမ္ဗည်းတိုင်ရှေ့တွင် အမွှေးတိုင်ထွန်းညှိပူဇော်ပြီး ပြုံးလျက်ပြောနေသည်။
“ကျွန်တော်လည်း သူ့ကို ဂရုစိုက်ပေးပါ့မယ်”
ရုတ်တရက် လင်းကျဲ့၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
လင်းကျဲ၏နှုတ်ခမ်းထောင့်မှ လေမှုတ်ထုတ်လိုက်ပြီး သူ၏နဖူးပေါ်မှသွေးကြောများသည်လည်းဖောင်းလာသည်။ သူသည် နောက်သို့လှည့်၍ သူ၏နောက်တွင်ရပ်နေသောရှန်းချင်းဟန်အား စိုက်ကြည့်လိုက်သည်။
“ဘယ်သူက ခင်ဗျားကို ကျွန်တော့်ကို ဂရုစိုက်ပေးစေချင်လို့လဲ”
“ဒါက ယဉ်ကျေးမှုသပ်သပ်ပဲ”
ရှန်းချင်းဟန်က မျက်နှာသေကို ရှုံ့မဲ့လိုက်သည်။
“ခင်ဗျားယုံလား”
“………”
လင်းကျဲ့သည် သူ၏ဒူးတွင် မြှားနှစ်ချောင်းစိုက်ဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်တွင် သူသည် ဆွံ့အသွားသည်။
ကျွန်တော်ပြောစရာရှိတယ်၊ တစ်ခါတစ်ရံ ရှန်းချင်းဟန်က အရမ်းတုံးတယ်။
ရှန်းချင်းဟန်သည် အမွှေးတိုင်ထွန်းညှိပြီးသည့်နောက် သူတို့သည် ခြံထဲတွင် လကို ကြည့်၍ ပျော်ရွှင်နေကြသည်။
ယနေ့ညသည် လမုန့်စားပွဲတော်ဖြစ်သောကြောင့် ဖြစ်နိုင်သည်။ ယနေ့ည၏လမင်းသည် ဝိုင်းစက်၍ မည်သည့် ချို့ယွင်းချက်မှ မရှိဘဲ အလွန်လှပနေပြီး ညကောင်းကင်တွင် ထွန်းလင်းလျက် အလင်းရောင်များ ထုတ်လွှတ်နေ သည်။
လရောင်သည် ခြံဝင်းတစ်ခုလုံးပေါ်တွင် လွှမ်းခြုံနေသည်။
လင်းကျဲ့သည် မေးထောက်၍ အိမ်ရှေ့မှ လှေကားထစ်များပေါ်တွင် ထိုင်၍ ကောင်းကင်ရှိပြည့်ဝန်းနေသောလမင်း ကြီးကို ကြည့်နေပြီး သူ၏မျက်လုံးများမှာ အနည်းငယ်တောက်ပနေသည်။
အဖြူရောင်ဝတ်စုံနှင့်ရှန်းချင်းဟန်သည် လင်းကျဲ့၏ဘေးတွင် မတ်တတ်ရပ်နေသည်။ သူ၏တည်ငြိမ်နက်ရှိုင်း သော မျက်လုံးများသည်လည်း ကောင်းကင်မှလမင်းကြီးအား ငေးကြည့်နေသည်။
“ရှန်းချင်းဟန် ခင်ဗျား လမုန့်စားမလား ၊ ကျွန်တော် အများကြီး ဝယ်လာခဲ့တယ်”
လင်းကျဲ့သည် တစ်စုံတစ်ခုအား ရုတ်တရက်သတိရသွားသည်။ သူသည် မတ်တတ်ထရပ်၍ အခန်းဆီသို့ပြန်သွား ကာ မုန့်များအပြည့်ပါသောအိတ်တစ်လုံးနှင့်အတူ ထွက်လာသည်။
“ဘာကြောင့် မင်းအများကြီး ဝယ်လာတာလဲ”
ရှန်းချင်းဟန်က မျက်မှောင်ကြုတ်သွားသည်။
“ကျွန်တော့်အဖေက ဒီမုန့်ကြိုက်တယ်”
လင်းကျဲ့သည် အိတ်ကိုချ၍ လှေကားထစ်များပေါ်တွင် ထိုင်ချလိုက်ပြန်သည်။
“မင်း ဒီလောက်အများကြီး ဝယ်စရာမလိုပါဘူး….”
ရှန်းချင်းဟန်သည် နဖူးကို ကုတ်နေရုံမှလွဲ၍ ရွေးချယ်စရာမရှိပေ။ မည်သည့်အရာဖြစ်ခဲ့သည်ကို သူမမြင်နိုင်သည် မှာ အမှန်တရားဖြစ်သည်။
“ဟုတ်ကဲ့ပါ၊ ဆရာ”
လင်းကျဲ့က အော်ပြောလိုက်ပြီးနောက် လမုန့်တစ်ခုကို ကောက်ယူ၍ ကိုက်လိုက်သည်။
“……….”
ရှန်းချင်းဟန်သည် ပြောစရာစကားမရှိတော့ပေ။
“ခင်ဗျား မစားဘူးဆိုတာ သေချာလား”
“မစားဘူး”
“ဆိုရိုးစကားက လမုန့်မရှိတဲ့ လမုန့်စားပွဲတော်ဆိုတာ လမုန့်စားပွဲတော် မဟုတ်ဘူးတဲ့”
“မင်းဘာလို့ ဒါကို ထပ်ပြိီးပြောနေပြန်တာလဲ”
ရှန်းချင်းဟန်သည် ထိန်းမထားနိုင်တော့ဘဲ ဒေါသများသည် ရုတ်တရက် ထွက်ပေါ်လာသည်။
လင်းကျဲ့က တောက်ပသောအပြုံးနှင့် ပြုံးပြလိုက်သည်။
……..
“ဒီနှစ်တွေမှာ ကျွန်တော်က လမုန့်စားပွဲတော်မှာ လမင်းကြီးကို တစ်ယောက်တည်းငေးကြည့်ရင်း ဆင်နွှဲခဲ့ရတာ၊ ဘယ်လောက်ပျင်းစရာကောင်းလဲဆိုတာ ကျွန်တော်မသိခဲ့ဘူး”
လမုန့်ကို စားပြီးချိန်တွင် လင်းကျဲ့သည် မေးထောက်၍ ရေရွတ်နေသည်။
ထိုစကားကို ကြားသောအခါ ရှန်းချင်းဟန်သည် ခေါင်းငုံ၍ လင်းကျဲ့၏မှိတ်တုတ်မှိတ်တုတ်မျက်လုံးများကို ကြည့် လိုက်သည်။
သူသည် စကားပြောမည်ပြုလိုက်သောအခါ လင်းကျဲ့က ရုတ်တရက် ရယ်မောလိုက်သည်။
“အခုတော့ပိုကောင်းသွားပြီ၊ ဘာ့ကြောင့်လဲဆိုတော့ အနည်းဆုံး ကျွန်တော့်အနားမှာ ခင်ဗျားရှိတယ်လေ၊ ခင်ဗျား က ကျွန်တော်နဲ့အတူရှိနေပေးတဲ့အတွက် ကျွန်တော်အရမ်းပျော်တာပဲ”
လင်းကျဲ့သည် ခေါင်းကိုမော့လိုက်သောကြောင့် ရှန်းချင်းဟန်နှင့် အကြည့်ချင်းဆုံသွားသည်။ လင်းကျဲ့သည် ခဏ မျှ မှင်သက်သွားပြီးနောက် ပျာယာခတ်သွားသည်။ သူက လျင်မြန်စွာ ရှင်းပြလိုက်သည်။
“အာ ကျွန်တော့်ကို အထင်မလွဲပါနဲ့၊ ကျွန်တော်ဆိုလိုတာက အင်း အဲ့လိုမဟုတ် အဲ့လိုပြောတာမဟုတ်……..”
နောက်ဆုံးတွင် လင်းကျဲ့သည် ရှင်းပြခြင်းကို ကျရှုံးမှုဖြင့် အဆုံးသတ်လိုက်ရသည်။ သူသည် လက်များဖြင့် သူ၏မျက်နှာကို ဖုံးကွယ်ထားလိုက်သည်။ ဘုရား ဘုရား သူဘာတွေပြောခဲ့မိပါလိမ့်။
“ရှင်းပြစရာမလိုပါဘူး၊ ငါနားလည်ပါတယ်”
ရှန်းချင်းဟန်သည် လင်းကျဲ့၏တုန်လှုပ်နေသောသွင်ပြင်ကို ကြည့်၍ မရယ်ရက်ပေ။ သူက ခပ်ဖျော့ဖျော့ အပြုံးနှင့် ပြောလိုက်သည်။
လင်းကျဲ့သည် လက်ချောင်းတစ်ချောင်းကို ခိုးကြောင်ခိုးဝှက်လှုပ်ရှားပြီး ရှန်းချင်းဟန်အား ညွှန်ပြလျက်ကြည့် လိုက်သည်။
ရှန်းချင်းဟန်က ခေါင်းညိတ်သည်။
“လိမ်တာ၊ ခင်ဗျားအခုလေးတင် ရယ်လိုက်တယ်”
လင်းကျဲ့သည် နှုတ်ခမ်းထောင့်မှ လေမှုတ်ထုတ်လိုက်သည်။
ရှန်းချင်းဟန်က လင်းကျဲ့အား ပြန်မဖြေပေ။ သူသည် အကြည့်အား ပြန်ရုတ်သိမ်းလိုက်ပြီး ညကောင်းကင်ယံကို ကြည့်လိုက်သည်။
အချိန်သည် နောက်ကျနေပြီဖြစ်ပြီး လင်းကျဲ့၏တောင်းဆိုမှုကြောင့် ရှန်းချင်းဟန်နှင့် လင်းကျဲ့တို့သည် အိမ်ရှေ့စံ မင်းသားနန်းတော်သို့ မပြန်တော့ဘဲ ဤအိမ်ကလေးတွင်သာ ညအိပ်ရန် ဆုံးဖြတ်လိုက်သည်။
သို့သော် အနားယူရန်အတွက် ရှန်းချင်းဟန်သည် လင်းကျဲ့၏အိမ်တွင် အခန်းတစ်ခန်းသာ ရှိသည်ကို တွေ့လိုက်ရ သည်။
“မင်းအိမ်မှာ အခန်းတစ်ခန်းပဲ ရှိတာလား”
ဒေါသကြောင့် ရှန်းချင်းဟန်၏ပါးပြင်များသည် တဆတ်ဆတ်တုန်နေသည်။
“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ”
လင်းကျဲ့သည် အပေါ်ဝတ်ရုံကို ချွတ်ပြီး သမ်းဝေလိုက်သည်။
သူသည် တစ်ညလုံးပြေးလွှားနေခဲ့ပြီး ယခုမူ အလွန်ပင်ပန်းနေပြီဖြစ်သည်။ သူသည် အိပ်ရာဝင်ရန်သာ အလိုရှိ နေသည်။
“အင်း၊ ငါအပြင်မှာအိပ်မယ်”
ရှန်းချင်းဟန်၏မျက်ခုံးများမှာ မြင့်တက်သွားပြီးနောက် လှည့်ထွက်သွားသည်။
လင်းကျဲ့သည် ရှန်းချင်းဟန်အား အမြန်ဆွဲလိုက်သည်။
“အပြင်က ဘယ်နေရာမှာ  အိပ်မှာလဲ”
ရှန်းချင်းဟန်တွင် ဖြေစရာမရှိပေ။
“ငါ ဘယ်နေရာမှာအိပ်သင့်လဲ”
“ဒီမှာအိပ်လေ၊ ခင်ဗျားမှာကုတင်ရှိလားလား အရူး”
လင်းကျဲ့က တခါတရံတွင် ရှန်းချင်းဟန်၏ဦးနှောက်သည် အလုပ်မလုပ်ဟု တွေးလိုက်မိသည်။
“မင်းကရော”
ရှန်းချင်းဟန်က မေးလိုက်သည်။
“အတူတူအိပ်မှာပေါ့၊ ဘာလဲ ခင်ဗျားက ကုတင်ပေါ်မှာ မအိပ်ချင်းဘူးလား”
လင်းကျဲ့က မေးသည်။
“……..”
လင်းကျဲ့ပြောသလို မလုပ်ချင်သည့် ရှန်းချင်းဟန်၏အလိုမကျမှုသည် မျက်နှာပေါ်တွင် သိသာစွာပေါ်နေသည်။
“ခင်ဗျားဘာဖြစ်နေတာလဲ၊ ဘာပဲဖြစ်ဖြစ် တစ်အိပ်ရာထဲအိပ်ရင်တောင် ကျွန်တော်တို့က ယောက်က်ျား နှစ်ယောက်ပဲ မဟုတ်ဘူးလား၊ ပြီးတော့ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး၊ ခင်ဗျားမူးနေတဲ့ညကလည်း တစ်ညလုံး ကျွန်တော် ခင်ဗျားနဲ့ အတူတူအိပ်ခဲ့တာပဲ မလား”
လင်းကျဲ့သည် ခေါင်းကိုစောင်းငဲ့၍ ရှန်းချင်းဟန်အား ကြည့်သည်။
“……….”
ရှန်းချင်းဟန်သည် မလှုပ်မယှက်ဖြစ်နေသည်။
“အင်း၊ အဆင်မပြေအဖြစ်ပါနဲ့။၏၊ ကျွန်တော်အရမ်းအိပ်ချင်နေပြီ၊ ခင်ဗျားလည်း မနက်ကိုသွားစရာရှိတယ်မလား၊ ဘာလို့အိပ်ရာမဝင်ဘဲ တစ်ညလုံး အဲ့လိုလုပ်နေမှာလား”
လင်းကျဲ့သည် အလွန်အိပ်ချင်နေပြီး သူ၏ခေါင်းသည် တွေးတောနိုင်ခြင်းမရှိပေ။ သူသည် ရှန်းချင်းဟန်အား အိပ်ရာပေါ်သို့ ဆွဲချလိုက်သည်။ ရှန်းချင်းဟန်က မတုန့်ပြန်နိုင်မီ လင်းကျဲ့၏ဆွဲချမှုကြောင့် အိပ်ရာပေါ်သို့ လဲကျ သွားသည်။
ရှန်းချင်းဟန်၏လက်မောင်းသည် နစ်ဝင်သွားသည်။
“လင်းကျဲ့?”
ရှန်းချင်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး သူသည် ရုတ်တရက် လင်းကျဲ့က သူ၏လက်မောင်းတစ်ဘက်ပေါ်တွင် အိပ်ပျော်သွားသည်ကို မြင်ရသောအခါ ဒေါသထွက်လုနီးပါးဖြစ်သွားသည်။
ရှန်းချင်းဟန်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းလိုက်ပြီးနောက် အကြည့်များကို ပြန်ရုတ်သိမ်းကာ ခေါင်းမိုးကိုသာ ကြည့်နေသည်။
"ဒီလူက သိစိတ်အရ ဖဲမရိုက်တတ်ဘူး..."
ရှန်းချင်းဟန်သည် လင်းကျဲ့နှင့် ဘာလုပ်ရမလဲတကယ်မသိပေ။
လင်းကျဲ့သည် ပို၍ အသိစိတ်ကင်းကွာလာဖြင်းက ရှန်းချင်းဟန်ကို အနည်းငယ်ထိတ်ပျာစေသည်။
“ထောပတ်မုန့် ပြီးနောက်ပေါက်ဆီ ငါအများကြီးစားနိုင်တယ်……”
လင်းကျဲ့သည် အိပ်မက်မက်နေသည်။
ထိုသို့ကြားသောအခါ ရှန်းချင်းဟန်သည် ငိုရမလား ရယ်ရမလားမသိပေ။ လင်းကျဲ့အား ကြည့်လိုက်ရာ သူသည် အနည်းငယ်စိတ်လွတ်သွားသည်။ သူသည် လင်းကျဲ့၏ပါးပြင်အား ညင်သာစွာ ထိတွေ့လိုက်မိသည်။ သူသည်  အသိပြန်ဝင်လာသောအခါတွင် သူ၏အပြုအမူများသည် အေးခဲသွားပြီး လက်ကို ပြန်၍ ရုတ်လိုက်သည်။
“ဒါပဲ”
ရှန်းချင်းဟန်သည် လည်း မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။
တဖြည်းဖြည်းညဉ့်နက်လာသည်။
ညအမှောင်သည် အနည်းငယ်လှုပ်ခါနေသည်။
လရောင်သည် ရေပြင်ပေါ်တွင် တလက်လက်တောက်ပနေသည်။
ရေသည် လရောင်ကြောင့် တောက်ပနေသည်။
ရေမျက်နှာပြင်ပေါ်တွင် မီးအိမ်တစ်ခုမျောပါနေပြီး ဖရောင်းတိုင်သည် ငြိမ်းတော့မည်ဖြစ်နေ၍ အလင်းရောင်သည် အားနည်းလာသည်။
မီးအိမ်ပေါ်တွင် မလှပသောလက်ရေးဖြင့်ရေးသားထားသော စာလုံးသုံးလုံးရှိနေသည်။
“ရှန်း    ချင်း   ဟန်”

ထွက်ပြေးချင်နေသော အိမ်ရှေ့စံမိဖုရားWo Geschichten leben. Entdecke jetzt