HATE YOU (1)

1.3K 118 14
                                    

Part 1

" အချစ်ဆိုတာ ငါ့ကို ခံစားစေတာပဲ ငါဒီဒဏ်ကို မခံစားနိုင်ဘူး "

_______

" ဂျီမင် ..Hyungနဲ့ အပြင်သွားကြမလား အားတယ်မလား "

" အားတာပေါ့ဗျ.. အမြဲတမ်း Hyung အတွက် အချိန်ရှိတယ် ဟီးး မုန့်ဝယ်ကျွေးရမယ်နော် "

" ဝယ်ကျွေးမှာပေါ့  ဝယ်ကျွေးမှာမို့hyungနဲ့အတူလိုက်ခဲ့..။
ဒါနဲ့အင်္ကျီလဲအုန်းမလား"

" တော်ပီ မလဲတော့ဘူး..
ဒီအတိုင်းလည်း ကျတော်ချောတယ်မလား ဟင် ချောတယ်မလား "

" ချောပီးသားပါဗျာ မလဲတော့ဘူးဆိုလည်းသွားကြမယ်"

ပိန်ပိန်သွယ်သွယ် နှာတံဆင်းဆင်းလေးဖြင့် ကောင်လေးက ပုပုသေးသေးကောင်လေးတစ်ယောက်ကို သားနားစွာတည်ရှိသော အိမ်ရှေ့ဒန်းလေးပေါ်တွင် အချင်းချင်းပြုံးပျော်စွာ စကား‌များပြောနေကြသည်။
ထိုမြင်ကွင်းလေးကို ကြည့်ခြင်းအားဖြင့် ထိုကောင်‌‌လေးနှစ်ယာက်၏ဆက်ဆံရေးသည် ရင်းနှီးသောအနေအထားတွင်ရှိကြောင်း သိနိုင်ပေမည်။

" Hoseok Hyung ဘယ်ကို အရင်သွားမလဲ "

ကားပေါ်တွင် မုန့်ထုပ်ကို ဖောက်နေ၍ ကားမောင်းရန်ပြင်နေသော hoseok အား လှမ်းမေးသောဂျီမင်

" အင်... ဂျီမင်ကဘယ်သွားချင်လည်း "

" ကျတော်သွားချင်တာက ......အင် "

မျက်ခုံးနှစ်ခုကို တွန့်ချိုးကာ ကလေးတယောက်သဖွယ် နှုတ်ခမ်းကိုလည်းဆူထားသေးသည့် ဂျီမင်

ဂျီမင့်အပြုအမူကြောင့် ဘေးကဟိုဆော့အသည်းတယားယားဖြင့်။
အရင်ကတည်းက တဖက်သန်ချစ်ရသူမို့ ဒီအပြုအမူလေးမှာဟိုဆော့ကြွေဆင်းလျက်။
စက္ကန့်မလပ်မျက်တောင်မခတ် ဂျီမင်၏ချစ်စရာအပြုအမူကိုကြည့်ကာ အတွေးများနှင့်ခရီးနှင်နေရသည့်ဟိုဆော့မှာ ဘေးက ဂျီမင်ပြောစကားများအား နားမဝင်ပါ။

" ဟာ Hyung ကျတော့်ကိုမကြည့်ဘဲ ကားပဲမောင်းပါဗျာ..! "

" အာ...ဂျီမင် ဘာ..?ဘာလဲဟင် "

ကဲ ဒါသာကြည့်တော့...။
ဟိုဆော့တို့အရှက်လုံးလုံးကွဲတာပါပဲ။
ငေးကြည့်တာ လူမိတော့လည်း ရူးချင်ယောင်တန်းဆောင်ရ၏  ။

HÂTÉ   YØÛ  { ÇÓMPLËTE }Where stories live. Discover now