HÂTÈ YØÜ {17}

718 121 22
                                    

Part 17

မနေ့ညကတည်းကရွာသည့်မိုးသည် မနက်လင်းခါနီးအချိန်မှဆဲသွားခဲ့သည်...ထို့ကြောင့်ယခုနံနက်ခင်းဟာမူ စောင်ထဲတွင်ကွေးနေရန်အသင့်တော်ဆုံးရာသီဉတုပင်...အုံ့မိုင်းနေသည့် ကောင်းကင်ရယ်..တချက်တချက်တိုက်ခတ်လာသည့် လေအေးအေးလေးများကြား မြေနံ့ခပ်သင်းသင်းရယ် အတော်အေးချမ်းလွန်းလှသည်...

ဂျောင်ကု အိပ်ကောင်းကောင်းဖြင့် အိပ်လိုက်သည်က ရှုတင်ရှိသည်ကိုပင်မေ့လုနီးနီးအိပ်ပျော်သွားသည်..အတော်အချိန်လင့်မှသာ နိုးလာသည့်ဂျောင်ကုကမျက်လုံးကိုမဖွင့်သေးပဲကိုယ့်ဘေး‌ရှိ လူအားလက်ဖြင့် အသာစမ်းကြည့်တော့ ဟာလာဟင်းလင်းသာရှိတော့သည့် အိပ်ယာကြောင့်ဂျောင်ကုမျက်ခုံးနှစ်ခုတွန့်ချိုးမိသည်..
သူကထသွားပြီလား??
အိပ်ယာကိုလိုက်စမ်းနေသည့် လက်ကိုရုတ်သိမ်းလိုက်ပြီးဂျောင်ကုအိပ်ယာထပ်မှ ထလိုက်သည်..လူမရှိသည့် အိပ်ယာအားစိတ်‌ေပြလက်‌ေပျာက်တချက်ထိုးလိုက်ပြီး ရှိုးပွဲသွားရန် ပြင်ဆင်းခြင်းအမှုကို စလုပ်တော့သည်..
ဂျောင်ကု အရင်ရေချိုးလိုက်ပြီး ဗီရိုထဲမှ တောက်တောက်ပြောင်ပြောင် အဝတ်တို့ကိုယူ၍ဝတ်လိုက်ကာ..ပြီးသည်နှင့် မန်နေဂျာဖြစ်သည့် အကိုဆော့ဂျင်အား ရှိုးပွဲကိုလာနေပြီဖြစ်ကြောင်းmessagesအရင်ပို့ထားလိုက်ပြီး အိမ်အောက်ထပ်သို့ ဆင်းလာလိုက်သည်..
ထို့နောက်ဂျောင်ကုအိမ်ထဲမှထွက်ရန်ပြင်ပြီးမှ ခြောက်ကပ်နေသည့် လည်ချောင်းကြောင့် ရေခဲသေတ္တာဆီအရင်သွားလိုက်သည်..
ရေခဲသေတ္တာအား ဖွင့်ပြီး ‌ Banana milkအား ယူလိုက်ပြီး ထိုနေရာမှာတင်‌ရပ်ကာ သောက်နေမိသည်..သောက်နေရင်း မီးဖိုချောင်ထဲအား မျက်လုံးဝှေ့ကာ ကြည့်မိတော့...စားပွဲပေါ်တွင် အုပ်စောင်းတခုရှိနေခြင်းကြောင့် ထိုစားပွဲနားသွားလိုက်သည်...မနေ့ကထိ ထိုအုပ်စောင်းကမရှိသေးသည်မို့ ဒီအုပ်စောင်းသည် ဟိုလူလုပ်သွားမှန်းသတိထားမိသည်..
ဂျောင်ကုအုပ်စောင်းနားရောက်တော့ အတော်မွှေးသည့် ပေါင်မုန့်မီးကင်နံ့ကြောင့် အုပ်စောင်းကို ချက်ချင်းဖွင့်ကြည့်လိုက်သည်..
ဟုပါသည်..အုပ်စောင်းထဲတွင် ပေါင်မုန့်မီးကင်နှစ်ချပ်ရယ် စာတိုလေးရေးထားသည့်စာရွက်လေးတခုရယ် နေရာအသင့်ယူထားသည်..
ဂျောင်ကုသည် စာရွက်ကို ယူကြည့်မလိုလိုဖြင့် သူ၏လက်သည်ပေါင်မုန့်မီးကင်ဆီသာလှမ်း၍ယူကာ တခါတည်း ပေါင်မုန့်နှစ်ချပ်လုံးကို ပူးလျက်စားပစ်လိုက်သည်..

HÂTÉ   YØÛ  { ÇÓMPLËTE }Opowieści tętniące życiem. Odkryj je teraz