Part 16
ညလယ်လောက်မှာ ကျဆင်းလာသည့်မိုးစက်သံ တဖြောင်းဖြောင်းကြောင့် နိုးလာသည့် ဂျောင်ကု
ဂျောင်ကု ဆိုဖာပေါ်ကိုထထိုင်လိုက်ပြီး စားပွဲေပါ်ချထားသည့် အရက်လက်ကျန်ကို ယူ၍ ပါးစပ်အနားတေ့လျက် လည်ချောင်းအတွင်းစီးမျောစေလိုက်သည်..
ထို့ပြင်ညေနေစာင်းမှအိပ်ထားလို့ ကိုက်နေသည့် ခေါင်းအား ခါရမ်းလိုက်သည်..." ကျစ်!!သူပြန်မလာသေးတာလား.."
အိမ်ပေါက်ဝကို တချက်သွား၍ကြည့်ကာ ဆိုနေသူသည် ဟိုဆော့၏ဖိနပ်ကိုမတွေ့လို့ အိမ်ကိုမရောက်သေးဘူးဟုထင်နေပုံ
" ခင်ဗျားကြီး..အိမ်ပြန်လာရဲလာကြည့်! ကျုပ်တံခါးကို သော့ခတ်ထားမှာ."
ဂျောင်ကုသည် အပြောနှင့်အလုပ်ညီစေကာ အိမ်တံခါးများကို ချက်ချင်းပိတ်ပလိုက်သည်..
ပြီးနောက် အပေါ်သို့အိပ်ရန်တက်သွားလေသည်..အခုမှာမူ ည11နာရီကျော်ရှိနေသဖြင့် ပတ်ဝန်းကျင်ဟာ မိုးသည်းသံများကလွှဲ ဘာအပ်ကျသံမျှပင်မကြားရ..
ဂျောင်ကုေသာ့ခတ်မထားသည့်အခန်းထဲသို့ ဝင်လိုက်သည်..ပြီးနောက် အနည်းငယ်အရက်နံ နံနေသည့်အင်္ကျီကို ဆွဲချွတ်ကာ ဘေးကထိုင်ခုံပေါ်သို့ တင်လိုက်သည်
မှောင်မည်းနေသည့် အခန်းကြောင့် ဂျောင်ကုမီးခလုတ်ကိုရှာ၍ ဖွင့်လိုက်တော့..တွေ့မြင်နေရသည်က ရယ်ချင်စရာအတိ
ကုတင်ပေါ်တွင်ညဝတ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကုန်းကုန်းလေးအိပ်ပျော်နေသူဟိုဆော့
ဂျောင်ကုဟိုဆော့အနားကပ်၍ သွားကြည့်တော့မှ သေချာသိလိုက်ရသည်က ဟိုေဆာ့သည် ဒိုင်ယာရီရေးနေရင်း အိပ်ပျော်သွားပုံရှိသည်.. ဂျောင်ကု စာအုပ်ပေါ်တွင် ရေးလက်စစာကြောင်း တချို့ကိုဂျောင်ကုဖတ်ကြည့်ရန် ဟိုဆော့လက်အောက်က စာအုပ်ကို အသာ'မ'၍ ယူကာ ဖတ်ကြည့်မိသည်...* မင်းကို မုန်းတယ်.!!*
ရေးထားသည့်စာတန်းတိုတိုလေးအား ဂျောင်ကုဖတ်ပြီးသကာလခတ္တအတွေးတချို့ကို တွေးတောနေမိတယ်..
နောက်တော့ အရှေ့မှရေးထားသည့် စာများအား ဖတ်ကြည့်ရန် စာကြည့်စားပွဲနားသွားထိုင်လိုက်သည်..
ဂျောင်ကု ထိုင်ပြီးတော့စာကို သေချာမြင်ရစေရန်စာကြည့်မီးအိမ်အား ထွန်းလိုက်သည်.
ပြီးသည်နှင့် အနက်ရောင် ရိုးရှင်းလွန်းသည့် ဟိုဆော့ဒိုင်ယာရီလေးအား စဖွင့်ဖတ်ရန် ပထမစာမျက်နှာအား လှန်လိုက်သည်..
KAMU SEDANG MEMBACA
HÂTÉ YØÛ { ÇÓMPLËTE }
Romansaဘာဇာတ်လမ်းလေး ဖြစ်မလဲ 🙃 ဖတ်ကြည့်ေပးကြပါနော် 👻 စိတ်ကူးရင် ဇာတ်လမ်းတပုဒ်ပါ idol imageထိခိုက်လိုခြင်းမရှိပါ 🙆🙆 ကူးယူရေးသားခြင်းမဟုတ်ပါ🙇 စရေးသည့်ရက်::: June 3, 2022 end date: :::::: 24.7.2022 ဘာဇာတ်လမ်းလေး ဖြစ်မလဲ 🙃 ဖတ်ကြည့်ပေးကွပါနျော စိတ်ကူးရ...