Part 30
ဟိုဆော့ထိုင်နေရာမှ ထလိုက်ပြီး အပေါ်သို့တက်သွားသည်...ဖွင့်ထားသည့်တံခါးအတွင်းဝင်လိုက်ပြီး ခရီးဆောင်အိတ်ထဲ အဝတ်အစားတွေ ထည့်နေလေသည်..
အိပ်ယာပေါ်မှဂျောင်ကုလည်း အခန်းထဲမှအသံတို့ကြားရသဖြင့် မှေးစင်းနေသောမျက်လုံးတို့ကို ဖွင့်ကြည့်လိုက်သည်..
မြင်ရသည်က အဝတ်တွေထည့်နေသည့် ဟိုဆော့
ဂျောင်ကုလည်းအိပ်ယာပေါ်ကအမြန်ဆင်း၍ ဟိုဆော့ထည့်ထားသည့်အဝတ်တွေကို ဘေးသို့ကန်ထုတ်ကာ.." ဒါကဘယ်သွားမလို့လဲ!!"
".........."
" ခင်ဗျား ဘာတွေဖြစ်နေတာလဲ?? "
".........."
ဘာမှပြန်မပြောပဲ ပြန့်လွင့်သွားသည့် အဝတ်တွေကို ပြန်ကောက်၍ ခရီးဆောင်အိတ်ထဲထည့်နေသူဟာ အကုန်ထည့်ပြီးတော့ သူ့အိတ်ကိုဆွဲပြီး အိမ်အောက်ကိုဆင်းနေသည်..
" ထွက်မသွားနဲ့လေ!! ကျုပ်ကိုခင်ဗျားအချိန်ခဏပဲပေးပြီး ချော့ပေးရင်အားလုံးအဆင်ပြေပြီလေ!!"
" ငါ..ငါအချိန်လိုတယ်..ခနပါပဲ..ငါမင်းကိုအတည်ချစ်လားဆိုတာ ဆန်းစစ်ယုံပဲ...မင်းလည်း ငါ့ကိုအနိုင်ယူချင်လို့/ ငါ့ကိုခံစားစေချင်လို့..ချစ်တယ်ဆိုပြီးပြောခဲ့တာမလား? မင်းငါ့ကိုအတည်မချစ်ခဲ့ဘူးရယ်.."
" ခင်ဗျား ဘာတွေပြောနေတာလဲ! ဘာကိုအနိုင်ယူချင်တာလဲ ကျုပ်မသိဘူးနော်!"
" မင်းဘာသာစဉ်းစားကြည့်တော့!..မင်းကောင်းကောင်းကြီးသိမှာပါ...ငါမင်းနဲ့အတူနေတဲ့ကာလမှာ ပျော်ခဲ့ရတာမှန်ပေမယ့်ငါနဲ့အတူအိပ်ကြတဲ့အချိန်တိုင်းမင်းပါးစပ်ကနေ အတိတ်ကမင်းချစ်သူကို တတနေတာ ငါဘယ်လိုတောင် ဝမ်းနည်းရလဲ မင်းသိလား!"
" အဲ့ဟာက..ကိုယ်သူ့ကို သတိရသွားလို့ပါ...နောက်တခါမဖြစ်စေရပါဘူး.."
" ငါလည်းတခါတလေ ဂျီမင်ကိုတမ်းတမိပေမယ့် မင်းလောက်တော့အတူတူအိပ်တဲ့အချိန်တွေမှာ ပါးစပ်ကနေထုတ်ပြောတဲ့အထိမရှိခဲ့ဖူးဘူး!!"
" ကိုယ်မှားပါတယ်...နောက်မဖြစ်စေရပါဘူးး.."
" ငါမင်းနဲ့မျက်နှာချင်းမဆိုင်ချင်သေးဘူး ငါခန အခြားမှာသွားနေမယ်.."
ŞİMDİ OKUDUĞUN
HÂTÉ YØÛ { ÇÓMPLËTE }
Romantizmဘာဇာတ်လမ်းလေး ဖြစ်မလဲ 🙃 ဖတ်ကြည့်ေပးကြပါနော် 👻 စိတ်ကူးရင် ဇာတ်လမ်းတပုဒ်ပါ idol imageထိခိုက်လိုခြင်းမရှိပါ 🙆🙆 ကူးယူရေးသားခြင်းမဟုတ်ပါ🙇 စရေးသည့်ရက်::: June 3, 2022 end date: :::::: 24.7.2022 ဘာဇာတ်လမ်းလေး ဖြစ်မလဲ 🙃 ဖတ်ကြည့်ပေးကွပါနျော စိတ်ကူးရ...