HÅTĒ YÕŪ {23}

638 123 21
                                    

Part 23

ဂျောင်ကု ဆေးရုံCCTV centerကို သွားတော့ သူဘယ်သွားလည်းဆိုတာ မသိခဲ့ပေမယ့် ဆေးရုံကဝန်ထမ်းတွေရဲ့သေချာဂရုတစိုက်ရှာပေးမှုကြောင့် သူ့အခန်းထဲ အင်္ကျီအနက်အပြင် ခေါင်းဆောင်းပါဆောင်းထားသည့် လူတယောက်ဝင်လာခဲ့သည်ရယ်...အိပ်နေသည့်ဟိုဆော့အား နှိုး၍ စာတစ်စောင်ပေးပြီး ထွက်သွားခဲ့ကြောင်းသိခဲ့ရသည်....
ဘုရားပဲ'မ'တယ်လို့ဆိုရမလား... ဟိုဆော့က သူ့ကိုပေးခဲ့သည့်စာရွက်ကို ဖြဲစုတ်ပြီး အမှိုက်ပုံးထဲထည့်ခဲ့လေသည်...
ထို့ကြောင့် အခု ဂျောင်ကုစာရွက်ကိုသွားရှာရန် ဟိုဆော့နေခဲ့သည့်အခန်းကိုပြန်နေခြင်းဖြစ်သည်..
_
_
_
_
_
_
_
ဂျောင်ကု အခန်းထဲရောက်တော့ သန့်ရှင်းသပ်ရက်နေသည့်အခန်းပုံစံကြောင့် ခေါင်းကုတ်မိသည်...
ဟူးးးးအခု သန့်ရှင်းရေးကျတဲ့သူဆီလား ?? အမှိုက်တွေလွင့်ပစ်တဲ့ ဌာနဆီလား?? ပြန်သွားပြီးမေးရအုန်းမည်...
အတော်ဒုက္ခပေးတဲ့လူပါလား!

************

ဟိုဆော့အိပ်နေရင်း ဘေးနားကနေ လက်ကိုလာလှုပ်နေသူကြောင့် နိုးလာခဲ့သည်..
ဘေးတွင်ရှိနေသည့်လူဟာ မနေ့ကကိုယ့်အား ခြိမ်းခြောက်ထားသူပင်..
ဟိုဆော့လည်း လှဲနေရာမှထလိုက်သည်..
အခုအနေဖြင့် ဟိုဆော့မှာဘာကြောင့်/ ဘယ်သူလိုက်ပို့လို့ အခုလိုဆေးအနံထူတဲ့အခန်းထဲရောက်နေသည်ကိုလည်း မစဉ်းစားနိုင် ဘေးကလူ၏စိမ်းသက်သက်အကြည့်တွေကို ကြောက်မိနေသည်...

" ရော့့့့ ဒီနေရာကို တယောက်ထဲလာခဲ့ ဘယ်သူမှမသိစေနဲ့ သိလို့ကတော့ ဟင်းးမင်းကိုပေးထားတဲ့ ခိုးရိုက်ထားတဲ့ vdအပြင်....."

" ဘာတွေလဲ..မင်းမှာဘာတွေထပ်ရှိနေသေးတာလဲ..?"

" ဟမ့်!!"

ဘေးကလူသည် ဟိုဆော့၏ စိုးရိမ်စိုးထိပ်ခြင်းတို့ကိုကြည့်ကာ သူ၏ ရယ်သံတချက်ဖြင့်လှောင်နေသည်ကြောင့် ဟိုဆော့၏ ဆေးပိုက်ထိုးခံထားသည့် လက်ကလေးဟာ တင်းမာလျက်....

" ပြောလေ..!!"

" မင်းနဲ့ သရုပ်ဆောင်ထယ်ယောင်းးစားသောက်ဆိုင်မှာ.....ဘာလုပ်နေကြတာပါလိမ့်..အော်! မင်းခြေထောက်ကိုသူကိုင်နေတဲ့ဟာပါ ဖြန့်ပေးလိုက်မယ်လေ..ဟားး!"

HÂTÉ   YØÛ  { ÇÓMPLËTE }Donde viven las historias. Descúbrelo ahora